၎င်းတို့ ရောင်းချခဲ့သည့် မြေနေရာများမှာ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်၏ အထင်ကရ နာမည်ကြီး ဘုရားကြီး တစ်ဆူဖြစ်သည့် ဥပ္ပါတသန္တိ ဘုရားကြီး ပွဲတော်ကွင်း အရှေ့တောင်ထောင့်ရှိ မြေကွက်အား ပထမဦးဆုံး အနေဖြင့် (၄-၉-၂၀၁၄)၌ ခြံစည်းရိုးခတ်၍ ၇ ရက်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြလင်းက ကျပ်သိန်း ၅၀ ကျပ်ဖြင့် ရောင်းစားခဲ့ခြင်း၊ ဒုတိယမြေကွက် အား ၁၇-၉-၂၀၁၄ တွင် အုပ်ချုပ်ရေးမှူး ဦးမြလင်း၊ ရာအိမ်မှူး ဦးလှသောင်နှင့် အဖွဲ့က ကျပ် ၅၅ သိန်းဖြင့် ရောင်းချပြီး ၄ ဦးလျှင် ၁၀ သိန်းစီ၊ ကျန် ၄ ဦးအား ၃ သိန်းစီဖြင့် ကျန်ငွေ ၃ သိန်းအား ရာအိမ်မှူး ဦးလှသောင်းက လုပ်အားခနှင့် ခြံစည်းရိုး ပစ္စည်းဖိုးဟု ဆိုကာ ယူသွားခဲ့ခြင်း (ယင်းဖြစ်ရပ်မှန်အား အုပ်ချုပ်ရေးမှူး ဦးမြလင်း၏ အစ်ကိုဖြစ်သူ ဦးကိုမျိုးက ရန်အောင် ကျေးရွာရွာသူ ရွာသား များအား ဖော်ထုတ် အသိပေးခဲ့ပါသည်။) တတိယ မြေကွက်အား ၁၈-၁၀-၂၀၁၄ က ကျေးရွာနေသူ တစ်ဦး၏ ကိုယ်ပိုင် သတ်မှတ်ချက် မြေ ၁ ကွက် အပါအ၀င် ကျေးရွာ စည်းသတ်မှတ်ချက် မြေ ၁ ကွက်၊ ပေါင်းမြေ ၂ ကွက်အား ရာအိမ်မှူး ဦးလှသောင်းက ကိုယ်ကျိုးပြု ရောင်းစားခဲ့ခြင်း၊ ယင်းဖြစ်ရပ်များအား သက်ဆိုင်ရာ ဌာနများသို့ ရန်အောင် ကျေးရွာသူ ကျေးရွာသားများမှ ၂၄-၃-၂၀၁၄ တွင် အထောက်အထား များနှင့်တကွ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဥက္ကဋ္ဌ(နေပြည်တော် ကောင်စီသို့) တင်ပြ တိုင်တန်းခဲ့သော်လည်းတစ်စုံ တစ်ရာ အရေးယူခဲ့ခြင်း လုံးဝမရှိပါ။ ယနေ့အခါ ရန်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြလင်းသည် ၎င်း၏ အာဏာကို ဆုပ်ကိုင်၍ ကျေးရွာ ကောင်းကျိုးအား မဆောင်ရွက်ဘဲ ကျေးရွာ အုပ်စုအတွင်းရှိ မြေများနှင့် အိမ်ခြံမြေ အရောင်း အ၀ယ်ပြု လုပ်လျက်သာ ရှိပါသည်။ ထိုအခြင်းအရာများကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းအုပ်စု ရန်အောင်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြလင်းနှင့် ရာအိမ်မှူး ဦးလှသောင်တို့၏ အာဏာ အလွဲသုံးစား လုပ်မှုများအား နေ့စဉ် စိတ်မချမ်းမသာ ဖြစ်လျက်ရှိကာ ကြာရှည်တွင် ယခုထက် ပိုမိုဆိုးရွားစွာ ပြုမူလာမည်ကို စိုးရိမ် ကြပါ သောကြောင့် ကျွန်တော်များ ရန်အောင်ကျေးရွာ၏ လတ်တလော ဖြစ်စဉ်အား သက်ဆိုင်ရာ တာဝန်အရှိဆုံး လူကြီးမင်းများမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေး အရေးယူ ပေးနိုင်ပါရန် ပေးစာကဏ္ဍ၊ မြန်မာသံတော်ဆင့် ဂျာနယ်သို့ ရင်ဖွင့်တင်ပြ အကူအညီ တောင်းခံ အပ်ပါကြောင်း။
ကျေးရွာပိုင်မြေများအား
အလွဲသုံးစားပြုလုပ် ရောင်းချခြင်း ခံနေရသည့်
ရန်အောင် ကျေးရွာသားများ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment