အပိုင်း (၁)
************
-ငွေစန္ဒီ၊ ကျော်စိုးဦး ရေးသည်။
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။
ပြီးခဲ့သည့် လပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း
ငြင်းခုံမှုများဖြင့် ဘဝဂ်ညံစေခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း
ဖော်ဆောင်ရေးကိစ္စသည် ယနေ့အထိ ငြင်းခုံသံများက မတိတ် သေး။
ဘယ်ကမှန်းမသိသည့် မြန်မာစေတနာမြို့သစ် အများပိုင်ကုမ္ပဏီအား ¤င်း စီမံကိန်းလုပ်ကိုင်ခွင့်ကို
လူမသိသူမသိ ခွင့်ပြုလိုက်ရာက စသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မြို့သစ်စီမံကိန်းအကြောင်းပ
ါသည့် သဝဏ်လွှာက အစပြုသည်ဟု ဆိုရမည်ဖြစ်သည်။
ပိုဆိုးသည်က အဆိုပါစီမံကိန်းနှင့်ပတ်သက်
ပြီး မည်သည့်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကု
ိမှ
ဝင်ရောက်ဆွေးနွေးခွင့် မပြုခြင်းဖြစ် သည်။ ထိုတွင် ငြင်းခုံမှုများနှင့်
မေးခွန်းပေါင်းများစွာက ပြည်တွင်းပြည်ပသတင်း စာမျက်နှာများတွင်
ခေါင်းကြီးပိုင်းအထိ နေရာယူခဲ့သည်။
မည်သို့လုပ်ကြမည်နည်း၊
အကြံအိုက်လာသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ကတော့ နိုင်ငံတော်သမ္မတ၏
ခွင့်ပြုချက်နှင့်ဟု တိုင်တည်သည်။ သို့သော် ရန်ကုန်
မြို့သစ်စီမံကိန်းကိစ္စသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း
ရှိ ပြည်သူများကို ကိုယ် စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များနှ
င့်
မသက်ဆိုင်ပေဘူးလား။ ထိုသို့ သောမေးခွန်းများကြောင့် ရန်ကုန်မြို့သစ်
စီမံကိန်းကို ခေတ္တဆိုင်းငံ့ပြီး လုပ်ကိုင်ခွင့် တင်ဒါ ပြန်ခေါ်မည်ဟု
အစိုးရအဖွဲ့က စက်တင်ဘာ၂၂ရက်တွင် ကြေညာလိုက် သည်။ သို့သော်လည်း
စက်တင်ဘာ၂၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့အစည်းအဝေးမှ စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။
ယင်းကြောင့်ပင် ပြီးခဲ့သည့်ရက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်း ရန်ကုန်မြို့သစ်စီမံကိန်းကိ
ု အမြန်ဆုံးအကောင်အထည်ဖော်ဖို
့
လူထု ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ အသို့ဆိုရသော် ရန်ကုန်မြို့သစ်
စီမံကိန်းအကောင် အထည်ဖော်ဖို့အတွက်တော့ ပြည်သူလူထုက အလိုရှိနေပါသည်။
ယင်းသို့ဆိုလျှင် ရန်ကုန်မြို့သစ်စီမံကိန်းကု
ိ
မည်သို့ အကောင်အထည်ဖော်စေမည်နည်း။ ယခင်လို တိတ်တိတ်ကလေး
လုပ်ကိုင်ခွင့်ပေးပြီး အကောင်အထည်ဖော်မည်လား။ လူသိ ရှင်ကြား
ပွင့်လင်းမြင့်သာမှုရှိရှိဖြ
င့် ဖော်ဆောင်မည်လားဆိုသည်က ယခုဆောင်း ပါးကို ရေးသားရသည်အထိ ဖြစ်ခဲ့သောအကြောင်းအရာများပ
င်ဖြစ်သည်။
ဆို ရလျှင် ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့သော
သတင်းရင်းမြစ်များ အားလုံးနီးပါးကတော့ ရန်ကုန်မြို့နေပြည်သူများ၏
နေထိုင်ရေးအခက်အခဲများ ကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းကဲ
့သို့သော
စီမံကိန်းမျိုးနှင့် အလားသဏ္ဌာန်တူ ညီသည့် စီမံကိန်းများပေါ်ပေါက်ရန်
လိုအပ်နေခြင်းကို သဘောတူလက်ခံကြ သည်။ သို့သော် စည်းစနစ်ကျကျ
ဖော်ဆောင်ရေးဆွဲထားသည့်စီမံ
ကိန်းများဖြစ် ရန်လိုကြောင်းကိုတော့ အားလုံးက ပြောကြားခဲ့ပါသည်။
လူဦးရေသုံးသောင်းစာအတွက် ရည်ရွယ်ထူထောင်ခဲ့သော ရန်ကုန်မြို့သည်
၁၉၆ဝပြည့်နှစ်တွင် လူဦးရေရှစ်သိန်းခန့် ၁၉၆၂ခုနှစ်တွင်
လူဦးရေနှစ်သန်းခန့်မှ သည် ယနေ့ခေတ်အချိန်တွင်တော့ လူဦးရေငါးသန်းကျော်
နေထိုင်နေပြီဖြစ်သည်။ မြို့ဧရိယာကို တိုးချဲ့လိုက်ခြင်း၊
ပြည်တွင်းရွှေ့ပြောင်း လုပ်သားများ၏ မျက်စိကျ စရာ
စီးပွားရေးမြို့တော်ဖြစ်ခြင
်းများကြောင့် ရန်ကုန်သည် နေရေးထိုင်ရေးပြဿနာ အကြီးဆုံးဒုက္ခတွေ့နေသည့် နာမည်ကျော် မြို့ပြကြီးဖြစ်လာတော့သည်ဟု
အမျိုး သားလွှတ်တော် နိုင်ငံရေးစီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်
ဦးစော မြင့်မောင်က ပြောကြားခဲ့သည်။
''ရန်ကုန်မြို့မှာ နေရေးထိုင်ရေးနဲ့ပတ်သက်တဲ့ ပြဿနာဟာ ခုမှဖြစ်တာ
မဟုတ်ဘူး။ ဖြစ်နေတာကြာလှပြီ။ ပြဿနာက နေစရာအိမ်မရှိတဲ့သူတွေ၊ အရင် တုန်းကလဲ
ရှိတယ်၊ ခုလဲရှိတယ်။ နေဖို့လိုအပ်တဲ့သူတွေကတော့ အမြဲတမ်းရှိနေ မှာပဲ။
အခုဆိုလို့ရှိရင် အင်တာနယ်မိုင်ဂရေးရှင်းခေါ်မ
ှာပေါ့။
နယ်တွေကနေပြီး တော့ ရွှေ့ပြောင်းလာကြတာ၊ မြို့ပေါ်တက်လာတာတွေနဲ့ဆို ရန်ကုန်က
ပိုပြီးတော့ လူဦးရေတိုးတဲ့နှုန်းက များလာတယ်။ များလာတော့ အိမ်ရာပြဿနာက
ပိုကြီး လာတာပေါ့။ ဒီတော့ အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ပေးဖို့လိုမယ်။
မြို့သစ်တွေ ဖော်ဆောင်ပေးဖို့လိုတယ်။ သို့သော် စည်းစနစ်တကျတော့ရှိရမယ်'' ဟု
ဆိုပါသည်။
နေထိုင်စရာ အခက်အခဲတွေ့နေသည့် ရန်ကုန်မြို့သည်
စီမံကိန်းများ ဖော် ဆောင်ရန်လည်း အမှန်တကယ် လိုအပ်နေပါသည်။ ဒါကိုပင်
ပြည်သူအများစုက နားလည်ထားပါလျက်နှင့် စီမံကိန်းရပ်ဆိုင်းရန်
အကြောင်းဖန်လာမှုများသည် အဘယ်ပြဿနာကြောင့်ဖြစ်ခြင်းဆ
ိုသည်ကတော့ မေးခွန်းထုတ်သင့်ပါသည်ဟု လည်း မီဒီယာလောကမှသူများက သုံးသပ်နေကြပေသည်။
''ကျွန်တော်တို့ဂျာနယ်တွေမှ
ာ
သတင်းတွေ ရေးသားဖော်ပြခဲ့တယ်ဆိုတာ က ဒီစီမံကိန်းကြီးကို မကြိုက်တဲ့အတွက်
အကောင်အထည်မဖော်ဖို့အတွက် မဟုတ် ပါဘူး။ အိမ်ဈေး၊ မြေဈေးတွေကြောင့်
နေစရာအခက်အခဲတွေဖြစ်နေတဲ့အတ
ွက် မြို့သစ်စီမံကိန်းတွေဆိုတာ လိုအပ်မှန်းသိပါတယ်။ လိုအပ်နေပါလျက်နဲ့ ဘာ ကြောင့် မလုပ်ဖို့တွန်းအားပေးသလဲဆို
ရင် စလုပ်ကတည်းက စီမံကိန်းက ပွင့်လင်း မြင်သာမှု မရှိလို့ပါပဲ။ လုပ်ခွင့်ရအောင်ချပေးလိုက်တ
ာက ပွင့်လင်းမြင်သာမှုမရှိ တာပဲ'' ဟု အယ်ဒီတာချုပ်တစ်ဦးက မှတ်ချက်ပေးပြောကြားခဲ့သည်။
ဦးစောမြင့်မောင်ကတော့ ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတ
ွက် မြို့သစ်ကြီးတစ်ခု လုပ်ဖို့ရာတော့ လိုအပ်နေပြီး စီမံကိန်းဆောင်ရွက်လုပ်ကိုင
်သည့်အခါတွင်လည်း တာဝန်ရှိသည့်အစိုးရကပဲ ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍနှင့်တွဲ၍ လုပ်ဆောင်ရန် လိုပါသည်ဟု သူ၏အမြင်ကို ပြောကြားခဲ့သည်။
''အစိုးရက လုပ်ရမယ်။ သူတို့က ဦးဆောင်ဦးရွက်လုပ်ပြီး ပရိုက်ဗိတ်ဆက် တာနဲ့
တွဲလုပ်ရမှာ။ တာဝန်ယူရမယ့် တာဝန်ခံတဲ့အပိုင်းတွေနဲ့ စနစ်တကျ စည်း
မျဉ်းစည်းကမ်းတွေနဲ့ လုပ်ရမယ်။ အခုပြောနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကလ
ဲ
တကယ့်တကယ်ကျတော့ အနီးဆုံးနေရာ ဒီတစ်နေရာပဲရှိလို့ရယ်၊ နောက်တစ် ချက်က
တွံတေးနဲ့လဲ ဆက်လို့ရလို့ရယ်၊ ဆိပ်ကမ်းဧရိယာသစ်ကြီး လုပ်လို့ရလို့
ရွေးတယ်ထင်တယ်။ စီမံကိန်းလုပ်မယ်ဆိုရင် မဟာဗျူဟာမြောက် နေရာဖြစ်ရ မယ်။
ရေတိုစဉ်းစားလို့မရဘူး။ စီမံကိန်းတွေလုပ်ခဲ့တာမျာြး
ပီ။ သူ့ကာလနဲ့သူ တုန်းက အခုလောက်ဆိုးတယ်လို့ ပြောလို့မရဘူး။ အရင်တုန်းကတော့ လိုအပ် ချက်က နည်းသေးတာကိုး''
ရန်ကုန်မြို့သည် အမှန်တတကယ် တိုးချဲ့ရန်လိုအပ်နေပြီး ရန်ကုန်မြို့သစ် စီမံကိန်းကဲ့သို့ စီမံကိန်းမျိုးလိုအပ်နေသော်
လည်း လက်ရှိဖြစ်ပေါ်နေသော ရန် ကုန်မြို့၏ အနောက်တောင်အခြမ်းမှာ တိုးချဲ့မည်ဆိုခြင်းက လွဲမှားနေကြောင်း ရန်ကုန်မြို့ပြစီမံကိန်းပညာ
ရှင် ဒေါက်တာကျော်လတ်ကပြောသည်။
''ရန်ကုန်မြို့က တိုးချဲ့ရမှာ။ သို့သော် သူတို့က ရန်ကုန်မြို့ရဲ့အနောက်တောင်
အခြမ်းမှာ စပြီးတိုးချဲ့မယ်ဆိုတာက မှားနေတာ။ ရပ်တယ်ဆိုတာက မရပ်ပါဘူး။ အဲဒါလဲပဲ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းတင်ပြဖို
့
လိုအပ်တယ်။ ရပ်တယ် ဆိုတာက အဲဒီတစ်ခုရပ်သွားတာ၊ တို့လုပ်နေတယ်
ရန်ကုန်မြို့ကို ထပ်ပြီးတော့ အရှေ့မြောက်ဘက်မှာ။ အဲဒါလုပ်နေတာက တို့က
မြေတွေလဲသိမ်းပြီးသား။ မြေ သိမ်းပြီးသားဖြစ်တဲ့အတွက်ြေ
ကာင့်
မြေဈေးတွေ တက်စရာအကြောင်းမရှိဘူး။ အဲဒီမှာ မြေတွေသွားဝယ်ကြမယ်ဆိုရင်
အဲဒီလူတွေ ရှုံးမှာပဲ။ သိမ်းတာက အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၈နှစ်လောက်က
၁၉၉၆တည်းက သိမ်းပြီးသား''ဟု ဆို သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက လည်း ရန်ကုန်မြို့သစ်စီမံကိန်းမှ
ာ
အမှန်တကယ် အကျိုးအမြတ်ရမည့် စီမံကိန်းဖြစ် သည့်အတွက် ဆောင်ရွက်မည်ဆိုပါက
အစိုးရကိုယ်တိုင်သာ ပွင့်လင်းမြင်သာမှု ရှိစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊
သို့သော် လက်ရှိအစိုးရ တာဝန်ယူဆောင် ရွက်မည်ဆိုပါက ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ေ
ကြာင်း ပြောကြားခဲ့သည်။
''အန်တီသာစီမံကိန်းလုပ်မယ်ဆ
ိုရင်
အရင်ဆုံး တွက်လိုက်မယ်။ အခုအကြမ်း ဖျင်းရှိတဲ့ မြေဈေးနဲ့တင်ပဲ
အမေရိကန်ဒေါ်လာ ၁၅ဘီလီယံရင်းနှီးမယ်။ မိဘမဲ့ ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေ၊
တံတားတွေတည်ဆောက်ရင်တောင်မှ
အဲဒီ လောက် ကုန်ကျနိုင်မယ်ဆိုတာတော့ ဟုတ်တယ်။ ဒီလိုအကုန်အကျခံနိုင်ရင် ကမ္ဘာ့အကောင်းဆုံးတံတားကြီးင
ါးခု
ရမယ်။ ကိုယ်ကပြန်ရရင် ဒေသပေါက်ဈေး အရ ကိုးဆယ်ဘီလီယံပြန်ရမယ်။
ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ဘယ်သူမဆို ၇၅ဘီလီယံ အမြတ်ရမယ်။
သုံးနှစ်အတွင်း အဲဒီလောက်ဝင်ငွေရမယ့်လုပ်ငန
်း ကမ္ဘာ မှာ မရှိဘူး။ ဒီလောက်အကျိုးစီးပွားကြီးတဲ
့လုပ်ငန်းကို အန်တီသာ အစိုးရဆိုရင် အန်တီကိုယ်တိုင်လုပ်မယ်။ နိုင်ငံခြားဘဏ်တွေနဲ့ချိတ်ဆ
က်ပြီး
လုပ်နိုင်တယ်။ ပြည် တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပလုပ်ငန်းရှင်တွေ
ပူးပေါင်းရင် ဒီစီမံကိန်းကြီးက အောင် မြင်မှာ။ ဒီလိုလုပ်နိုင်မှ အမြတ်ငွေ
၇၅ဘီလီယံက ဒီအစိုးရနဲ့ ဒီပြည်သူတွေပဲရမှာ'' ဟု ဆိုသည်။
ကုမ္ပဏီတစ်ခုတည်းကို ပရောဂျက်ပေးခြင်းမျိုးနှင့်
မဟုတ်ဘဲ
ဆောက်လုပ်ရေး ကုမ္ပဏီများအား အပြိုင်အဆိုင်လုပ်ကိုင်ရန်
တင်ဒါခေါ်ယူခြင်းများ ဆောင်ရွက် ရန် လိုအပ်ကြောင်းလည်း ယင်းက
ဆက်လက်ပြောကြားခဲ့သည်။
''သုံးနှစ်အတွင်းမှာ ဒီနေရာက မြို့ပြဒေသတစ်ခုဖြစ်သွားရင်
ခုနတွက်ထားတဲ့ ကိန်းဂဏန်းတွေထက် ပိုမြတ်နိုင်တယ်။ အန်တီလုပ်ချင်တဲ့ပုံစံမျိုး
တွေကို
ဒီအစိုးရ က မလုပ်နိုင်ဘူးဆိုတာတွေကို ရဲရဲကြီးယုံကြည်တယ်။ ဒါကြောင့်
ဒီအစိုးရလုပ် မယ်ဆိုရင် ကန့်ကွက်တယ်'' မည်သည့် စီမံကိန်းပင်ဖြစ်ပါစေ
မလုပ်ဆောင်ခင် ကတည်းက ပရောဂျက်ပလန် ကို လူထုကို အရင်ဆုံးချပြသင့်ကြောင်းနှင
့်
ကုမ္ပဏီတစ်ခုတည်း လုပ်ကိုင်ခွင့်ပေး ခြင်းထက် တင်ဒါခေါ်ယူခြင်းဖြင့်သာ
ဆောင်ရွက်သင့်ကြောင်းလည်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ
ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားခဲ့ပြန်ပါသည်။
''ဘယ်စီမံကိန်းတွေမဆို မလုပ်ခင်ကတည်းက ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး
လုပ်ကြမယ်ဆိုရင် ကန့်ကွက်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး။ ဒီလိုစီမံကိန်းတွေက
ရှိသင့်တယ်လေ။ လိုလဲလိုတယ်။ လူထုကိုလဲ အရင်ဆုံးချပြရမယ်။ စီမံကိန်းလုပ်
မယ်ဆိုရင်တော့ တင်ဒါခေါ်ယူရမယ်။ ကုမ္ပဏီတစ်ခုတည်းကိုတော့ မပေးသင့်ဘူး''
ဟုဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကိ
ု လွှတ်တော်တွင် ဖတ်ကြားခဲ့သည့်နေ့မှာပင် ချက် ချင်းကန့်ကွက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ
ာ်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကတော့ ပြည်သူတွေလိုလားတယ်ဆိုပါက နောက်အစိုးရသစ်တက် လာမှပင် ပြုလုပ်စေချင်တယ်ဟု ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ပင် ကန့်ကွက်မှု များရှိသလို တောင်းဆိုမှုများလည်းရှိနေခြ
င်းကပင် ရန်ကုန်မြို့သစ်စီမံကိန်း၏ ပွဲ ဆူမှုတစ်ရပ်ပင် ဖြစ်သည်။
တောင်းဆိုမှုပြုလုပ်နေသည်ဆို
သော ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ဒေသခံများ၏ အသံကို နားထောင်ကြည့်ကြရပါဦးမည်။
''ချောင်းတစ်ဖက်လေးပဲခြားပါ
တယ်။
ကျွန်တော်တို့ရဲ့ လူနေမှုဘဝတွေကို လာကြည့်နိုင်ပါတယ်။
ကျွန်တော်တို့ဘက်ကလူတွေ မြို့နဲ့နီးပေမယ့် ဘာတိုးတက် မှုမှမရှိဘူး။
လမ်းတွေကိုလဲ လာကြည့်နိုင်တယ်။ ဘယ်လိုတွေဖြစ်နေလဲဆိုတာမျို
း
ကိုပေါ့။ ဒီလိုနေရာမျိုးတွေ ဘယ်သူမှ ကွင်းဆင်းပြီးမကြည့်ကြဘူး။ အခု
စီမံကိန်း အသံကြားတော့မှ စီးပွားရေးသမားတွေရော၊ အုပ်ချုပ်ရေးသမားတွေရော၊
ရောက် လာကြတာလေ။ ဒါပဲပြောချင်ပါတယ်''ဟု အေးရွာတွင်နေထိုင်သူ ကိုသန်းစိုးက
ပြောသည်။
ဒေသခံတို့ဘဝတွင် အိမ်ပိုင်မျှော်လင့်ချက်မှာ
အလှမ်းဝေးနေဆဲဖြစ်နေပြီး ချောင်းခြားနေသည့်အတွက် တံတားတစ်စင်းအိပ်မက်မှာလည်း
အလှမ်းဝေးနေဆဲ ဖြစ်သည့်အတွက် ဆန္ဒထုတ်ဖော်ပါသည်ဆိုသောသူမျ
ားလည်း ဒုနှင့်ဒေးရှိနေ သည်ဟုဆိုသူက ဆိုကြပြန်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးကတော့ ''နေထိုင်ရတဲ့ဘဝက ခက်ခဲလွန်းပါတယ်။
စီမံကိန်းက တံတားတွေလဲဆောက်မှာ ဆိုတော့ ကလေးတွေလဲ စက်လှေနဲ့
တစ်ဖက်ကမ်းကိုမကူးရတော့ လုံခြုံတာပေါ့ ဗျာ။ စီမံကိန်းသာအကောင်အထည်ပေါ်လာ
ရင် ကျွန်တော်တို့တွေ အလုပ်ရပြီး ဝန်ထမ်းတွေလဲ ကိုယ်ပိုင်အိမ်နဲ့နေနိုင်ပြ
ီပေါ့ဗျာ''ဟု ပြောကြားခဲ့ပါသည်။
တံတားတစ်စင်းလိုသည်ဆိုခြင်း
မှာ အမှန်ပင်ဖြစ်ပြီး အစိုးရအနေနှင့် စီမံ ကိန်းထက် တံတားတစ်စင်းကိုသာ အလျင်အမြန်ထိုးပေးဖို့ကိုသာ
အာရုံစိုက် စေချင်ကြောင်းလည်း ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။
''အန်တီက ဒေသခံတွေရဲ့အကျိုးစီးပွားကိ
ု
ကန့်ကွက်တာတော့မဟုတ်ပါဘူး။ ဒေသခံတွေ တောင်းဆိုတာကို အန်တီ
သေသေချာချာလိုက်မေးတယ်။ အဲဒီအိမ်ရာစီမံကိန်း ဖြစ်ဖို့
ဆန္ဒပြတောင်းဆိုသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ
ရဲ့လူတွေ
ပါနေ တယ်ဆိုတဲ့ သတင်းအချက်အလက်တွေလဲ ရထားတယ်။ ဒေသခံတွေလိုလားတာ က
သူတို့အတွက် တံတားတွေလိုလားတယ်။ သူတို့က နေ့စဉ် အသက်နဲ့ရင်းပြီးသွား
လာနေရတာ။ အဲဒီဘက်ကသူတွေ လိုချင်တာက မြို့သစ်စီမံကိန်းမဟုတ်ဘူး။
တံတားတွေ။ တံတားကိုတော့ ဒီအစိုးရက လုပ်ကိုလုပ်ပေးရမယ်။ ဒီလောက် တစ် နေ့တစ်နေ့ အသက်နဲ့ရင်းပြီးသွားလာနေတဲ့
ပြည်သူလူထုကို ထောက်ထားပြီး တံတားကို ဆောက်ကိုဆောက်ရမယ်။
တခြားအရာတွေကိုတောင် လုပ်နိုင်သေး တာပဲ ပြည်သူ့အကျိုးကို တကယ်လိုလားတယ်။
ဒေသခံအကျိုးကို တကယ်မျှော် မှန်းတယ်ဆိုရင် ပထမဆုံးအနေနဲ့
တံတားပဲဆောက်ပြလိုက်ပါလို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို
ပြောချင်တယ်''ဟုဆိုသည်။
***** အပိုင်း (၂) ဆက်လက်ဖတ်ရှုပါရန်။ *****
#TheYangonTimes
Credit - Yangon Media Group
No comments:
Post a Comment