လွှတ်တော်များဖျက်သိမ်းရန်အကြံပေးနိုင်သည့်အာဏာ ကာ/လုံ လက်ထဲ ထည့်ပေးရန် တပ်မတော်သားကိုယ်စားလှယ်များ တောင်းဆို
တပ်မတော်သား
ကိုယ်စားလှယ်များကပုဒ်မ ၄၃၆ ကိုမပြင်ဆင်လိုကြောင်း ကန့်ကွက်ပြီးနောက် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အချို့သော အချက်များ ကိုသာပြင်ဆင်ရန်
လွှတ်တော်တွင်တင်ပြမည်ဟု ဆိုထားပြီး ၎င်းတို့ပြင်ဆင် လိုသည့် အချက်များ
ကိုအရပ်သား လွှတ်တော်ကိုယ်စား လှယ်များက စိတ်ဝင်တစား ရှိနေသည်။
သမ္မတနှင့်တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တို့ အပါအဝင် အဖွဲ့ ဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားသည့် အ မျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ (ကာ/လုံ) ၏ တာဝန်များ တွင် “လွှတ်တော်များ ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပြုရမည်”ဆိုသည့်ပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းပေးရန်လွှတ်တော်တွင်းကတပ်မတော်သား ကိုယ်စားလှယ်များက လွှတ်တော်သို့တင်ပြတောင်းဆိုထား သည်။
ပြည်ထောင်စုလွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အကောင်အထည်ဖော်မှုကော်မတီကအောက်တိုဘာလလယ်ပိုင်း တွင် အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုအစီရင်ခံစာကိုထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာတွင်လွှတ်တော်တွင်းကတပ်မတော်သား ကိုယ်စားလှယ်များ သည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ တာဝန် အဖြစ် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်အထိ သမ္မတကို အကြံပြုစေခိုင်းနိုင်သော အာဏာပေးရမည်ဆိုသည့်ပြဋ္ဌာန်းချက်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ဖြည့်စွက်ပြဋ္ဌာန်းပေးရန်လွှတ်တော်ကိုတင်ပြကြသည်ဟု သိရသည်။
လွှတ်တော်ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး
ကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော် ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်
ပုဒ်မတစ်ခုချင်းစီအလိုက် ပြင်သင့်၊ မသင့် ဖော်ပြထားပြီး
အစီရင်ခံစာပါအချက်များနှင့် ပတ်သက် ၍ နိုဝင်ဘာလ လယ်တွင် လွှတ်တော်တွင်ဆွေးနွေးမည်ဖြစ်သည်။
အမျိုသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်သမ္မတ၊
ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၊ ကာကွယ်ရေး
ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး
စုစုပေါင်းအဖွဲ့ ဝင် ၁၁ ဦး ပါဝင်သည်။
လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များကကာ^လုံ၏ကိုယ်စား ထပ်မံဖြည့်သွင်းရန်ကြိုး ပမ်းလျက်ရှိသည့်ပြဋ္ဌာန်းချက် ၅ ခုတွင် “အာဏာသုံးရပ် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာ သည့်အခါ ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကိုအကြံပေးရမည်”၊ “ပြည်သူ့လွှတ်တော် သို့မဟုတ် အ မျိုးသား လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၃ ပုံ ၁ ပုံနှင့် အထက် အကြောင်းအမျိုးမျိုးကြောင့်လစ်လပ်သွားပါကလွှတ်တော်ကို ဖျက်သိမ်း ရန် သင့်၊မသင့် နိုင်ငံတော်သမ္မတကိုအကြံပေးရမည်” ဆိုသည့်ပြဋ္ဌာန်း ချက် ၂ ခု ပါဝင်သည်။
ယင်းပြဋ္ဌာန်းချက် ၂ ခုသည်ဥပဒေအဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် ပြင်ဆင် အတည်ပြု အသက်ဝင် လာပါကကာ^လုံကလွှတ်တော်၏ အထက်တွင်ရောက်ပြီး
ကာကွယ်ရေး ဦးစီးချုပ်၏ အာဏာသည်လည်း အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့်
ဥပဒေပြုရေးမဏ္ဍိုင် ၃ ခုစလုံးကိုလွှမ်း မိုးချုပ်ကိုင်နိုင်ပြီး ယခင်
စစ်အုပ်ချုပ် ရေး စနစ်ဆီကို ပြန်လည်ခြေဦးလှည့်ရန် ကြိုးစားလာခြင်း လည်း
ဖြစ်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
လွှတ်တော်များ ဖျက်သိမ်းခွင့် အကြံပြုအာဏာကို ကာလုံ လက်ထဲ ထည့်ပေးရန် စစ်တပ်က ကြိုးစား လိုက်ခြင်းသည်ကာကွယ်ရေးဦးစီးချုပ်ကို
ပိုမို အာဏာ ကြီးမားလာရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လွှတ်တော်တွင်းက
တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း ကာ^လုံတာဝန် များကိုလွှတ်တော်တွင်း
တင်ပြခြင်း ကြောင့်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ၏ ပြောစရာ
တစ်ခုဖြစ်နေသည်ဟု သိရသည်။
“အခု လုပ်ရပ်ကတော့ အာဏာရှင်
ဆန်လွန်းပါတယ်၊ အခြားနိုင်ငံတွေမှာ ဆိုရင် လွှတ်တော် ကတောင်သမ္မတကို
ဖြုတ်ချပိုင်ခွင့် ရှိတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က
ဆဲဗင်းဒေးသတင်းစာ အင်တာဗျူး တွင် ဖြေဆို ခဲ့သည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်း လျောက်လှမ်းနေချိန်တွင် ယခုကဲ့သို့ တောင်းဆိုမှုသည် တပ်မတော်က အာဏာကို လက်မလွှတ်နိုင်သေးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက်စိုးရိမ်မိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါသည့်တပ်မတော်၏
အခန်းကဏ္ဍတွင် ထပ်မံဖြည့်စွက် မည့် ကာ/လုံ၏ တာဝန်ကို ဆွေးနွေးလာလျှင်
ကန့်ကွက်သွား မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ
ရေးကောင်စီ(ကာ/လုံ)တွင် ပါဝင်သည့် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး
ဦးစီးချုပ်၊ တပ်မတော် က တင်မြှောက် ထားသည့် ဒုတိယသမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊
ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးများ စုစုပေါင်း ၆ ဦးသည် ကာချုပ်၏
နှင့် တဖွဲ့တည်း ဖြစ်၍ ကိစ္စ တစ်ခုခုဖြင့် ကာ/လုံ ၁၁ ဦး အဖွဲ့ဖြင့် မဲခွဲ
ဆုံးဖြတ်ပါက ကာကွယ်ရေး ဦးစီးချုပ် ဘက်ကသာ အသာစီးရနေ မည်ဖြစ်သဖြင့်
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် တပ်မတော် ကသာ ဆက်လက် ထိန်းချုပ်နေဦးမည်
ဖြစ် သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
The Ladies News Journal
No comments:
Post a Comment