၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံ၌မဲရေတွက်နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ပြည်သူ့လွှတ်တော်၏
ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်မှ တင်သွင်းသော နည်းစနစ်များအစား
လက်ရှိကျင့်သုံး နေသည့် နိုင်သူအကုန်ယူစနစ်ကို ပင် မဲတတိယအများဆုံးရရှိသူ
ကိုယ်စားလှယ်ထိ အဆင့်ဆင့်နေ ရာယူနိုင်သော စနစ်ကို ပြည်ခိုင် ဖြိုးပါတီမှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ် တော်သို့ တင်သွင်းလိုက်သည်။
လက်ရှိကျင့်သုံးလျက်ရှိသည့် နိုင်သူအကုန်ယူစနစ် (FPTP) အ တိုင်းပင် မဲအများဆုံးရရှိသူသည် အနိုင်ရရှိမည်ဖြစ်ပြီး ဒုတိယနှင့် တတိယအများဆုံးရရှိသူ ကိုယ်စားလှယ်များကိုလည်း ရွေးကောက်ပွဲဥပဒေအရ မှတ်တမ်းတင်ထား ၍ ပထမကိုယ်စားလှယ်သည် အုပ်ချုပ်ရေးတာဝန်၊ တရားစီရင်ရေး တာဝန်ထမ်းဆောင်သွားပါက ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံမ ကျင်းပဘဲ အစားထိုးခန့်အပ်နိုင် မည့် စနစ်ကို တင်သွင်းခြင်းဖြစ် သည်။
အောက်တိုဘာ ၂၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဦးက အဆိုပါ စနစ်ကို အကျဉ်းချုပ်တင်ပြခဲ့သ ဖြင့် ထပ်မံရှင်းလင်းတင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက ခွင့်ပြုခဲ့သည်။
ဥက္ကဋ္ဌ၏ ပြောကြားချက်အရ ယခုလွှတ်တော်သို့ ရှင်းလင်းတင် ပြသည့် စနစ်ကို ကော်မရှင်မှ တင်သွင်းသည့် ရွေးကောက်ပွဲနည်း စနစ် ရှစ်မျိုးကဲ့သို့ပင် ထည့်သွင်း စဉ်းစားပေးရန် ဦးဝင်းဦးက တင်ပြပြောကြားသည်။
‘‘နိုင်ငံရေးစိတ်ဓာတ်အပြည့် နဲ့ လုပ်ရင်တော့ ဒီစနစ်က ပြဿနာမရှိဘူး။ ဒါပေမဲ့ ပထမမရှိရင် ဒုတိယက ဖြစ်မယ်ဆိုတော့ သူ သေရင် ငါဖြစ်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဆိုရင်တော့ မလွယ်ဘူး။ ဘယ် ရွေးကောက်ပွဲစနစ်မဆိုတော့ အားနည်းချက်ရှိတာပါပဲ’’ဟု ပြည် ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုး အောင်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ် စားလှယ်တစ်ဦး၏ ကော်မရှင် ပြင်ပ တင်ပြချက်ကို လွှတ်တော် ဥက္ကဋ္ဌက လက်ခံခဲ့မှုသည် ဥပဒေ နှင့်ညီ၊မညီမှာ ဥက္ကဋ္ဌက ပို၍သိရှိ မည်သာဖြစ်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်မူ လက်ရှိအချိန်တွင် ရွေးကောက်ပွဲ စနစ်ပြောင်းလဲရန်မလို ပေါ်တွင် သာ အခြေခံသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်း သူက ပြောသည်။
ကော်မရှင်မှ တင်ပြထား သော ရွေးကောက်ပွဲနည်းစနစ် များသည် ပြည်နယ်နှင့် တိုင်းများ အကြား ခွဲခြားအုပ်ချုပ်သော နည်းစနစ်ဖြစ်နေသည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန် ထားသည်။
ထို့ပြင် ကော်မရှင်မှတင်ပြ ထားသည့် နည်းစနစ် ရှစ်မျိုးလုံး တွင် မည်သည့်စနစ်ကို သုံးသည် ဖြစ်စေ၊ တစ်နိုင်ငံလုံးတွင် စနစ် တစ်မျိုးတည်းမဟုတ်ဘဲ ခွဲခြား ကျင့်သုံးရမည့်အတွက် ညီမျှမှုမရှိ ဟု ဦးဝင်းဦးနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ထောက်ပြထားသည်။
ဦးဝင်းဦး၏ တင်ပြချက် သည် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့် ကွဲ ပြားနေသည့် အပေါ်တွင် ‘‘ဖြစ်သင့်တာလို့ ယူဆလို့လည်း ကော်မရှင် က တင်ပြတဲ့ဟာ မဟုတ်ဘဲနဲ့ ဖောက်ပြီးတင်ပြတာပါ။ ဒါဖြစ် သင့်တယ်။ အများက ကောင်း တယ်ယူဆရင် ဒီစနစ်ကျင့်သုံးရ မှာပဲ ပါတီနဲ့ မဆိုင်ဘူး။ ပါတီက ဘယ်လိုပြောပါ မညွှန်ကြားထား ဘူး။ ကျွန်တော်ပြောတာကို ပါတီ က ကြိုက်ချင်မှ ကြိုက်မယ်။ သို့ သော်လည်း ကိုယ့်ဆန္ဒနဲ့ ကိုယ့်ခံ ယူချက်ကို လွတ်လပ်စွာတင်ပြခွင့်ရှိတယ်ထင်လို့ တင်ပြတာပါ’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းဦးက 7Day Dailyအား ပြောသည်။
ပြည်သူ့လွှတ်တော်မှ တင် သွင်းသော မြန်မာနိုင်ငံနှင့် သင့် လျော်သော ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ရေး လေ့လာရေးကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့ လွှတ်တော်တွင် အောက်တိုဘာ ၂၇ ရက်မှ စတင်ဆွေးနွေးလျက် ရှိရာ အောက်တိုဘာ ၂၈ ရက်ထိ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးပါဝင်ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ကော်မရှင်၏ အစီရင်ခံစာကို ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အစီရင်ခံစာကို ကန့်ကွက် ကာ ယနေ့အချိန်အထိ ကျန်နိုင်ငံ ရေးပါတီများက ၀င်ရောက်ဆွေး နွေးခြင်း မရှိသေးပေ။
Credit - 7DAY DAILY

No comments:
Post a Comment