ရန်ကုန်၊ အောက်တိုဘာ ၂၉
မြန်မာနိုင်ငံ၏ သွင်းကုန် ထုတ်ကုန်
ငွေတန်ဖိုး ကွာဟချက် များကြောင့် ငွေကြေး ဈေးနှုန်းများ မတည်မငြိမ်
ရခြင်းဖြစ် ကာ ဒေါ်လာငွေလဲနှုန်း ၁၀၀၀ ကျပ်ကျော်အထိ တက်လာရခြင်း
ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်နှင့် ပညာရှင်များက အောက်တိုဘာလ၂၈
ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။
အမေရိကန်
ဒေါ်လာငွေလဲနှုန်းမှာ အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁) ဒေါ်လာလျှင် ကျပ် (၁၀၀၀)
ကျော်ခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်တွင် သိမ်ဖြူငွေလဲ ကောင်တာဈေးမှာ ၁
ဒေါ်လာလျှင် ၀ယ်ဈေး (၁၀၀၀)နှင့် ရောင်းဈေး (၁၀၀၈) ကျပ်အထိ ရှိခဲ့ပြီး
ပြင်ပ ပေါက်ဈေးမှာ ၀ယ်ဈေး(၁၀၀၇) နှင့် ရောင်းဈေး (၁၀၁၂) ဒေါ်လာ အထိ
ပေါက်ဈေး ရှိခဲ့သည်။
““ဒေါ်လာဈေးတက်တော့ ကျပ်ငွေတန်ဖိုး
ကျသွားတဲ့ကိစ္စက ပြည်ပကို တင်ပို့တဲ့ export သမားတွေ အတွက်တော့
ကောင်းတာပေါ့။ import (သွင်းကုန်)တွေ အတွက်တော့ အခက်အခဲ ဖြစ်သွားတယ်။
လက်ရှိမှာ export-import ကွာခြားချက်က ၄ ဘီလီယံလောက် ရှိတော့ ကွာဟချက်က
များနေတော့ တိုင်းပြည်အတွက် ရေရှည်မှာ ထိခိုက်နိုင်တာပေါ့။ Foreign
Investment တွေက ငွေကြေးမြန်မြန် စီးဝင်လာရင် ဒီ export – import ကွာဟချက်က
မှုစရာ မလိုတော့ဘူးပေါ့။ Foreign Investment တွေက အခုချိန်မှာ
မှတ်ပုံတင်ရုံပဲ ရှိသေးတာ။ ငွေတွေ တကယ် ယူမလာသေးတော့ ကုန်သွယ်မှု Policy နဲ့
ရင်းနှီးမြှုပ်နှံမှု Policy တွေက ဖြေလျှော့ ပေးရမယ့် ကိစ္စတွေကို
ဖြေလျှော့ပေးဖို့ လိုအပ်တာပေါ့””ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်
အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ ယခုကဲသို့ ဒေါ်လာဈေး
မြင့်တက်နှုန်း ၁၀၀၀ ကျပ် ကျော်သွားခြင်း မှာ လေးနှစ်တာ ကာလအတွင်း
ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ကန်ဒေါ်လာ ဈေးနှုန်းတက်ပြီး
မြန်မာငွေတန်ဖိုး ကျဆင်းသွားသည့် အကြောင်းရင်း (၂)ချက်တွင် ကန်ဒေါ်လာ
ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ကန်ဒေါ်လာရောင်းသည့် ပမာဏ ဈေးကွက်တွင်
နည်းပါးသွားခြင်း တို့ကြောင့် ဖြစ်ပြီး လက်ရှိတွင် ဒေါ်လာဝယ်လိုအား မြင့်တက်
လာခြင်းကြောင့်သာ ဒေါ်လာ ဈေးတက် ရခြင်းဖြစ်ကြောင်း စီးပွားရေး
ပညာရှင်များက သုံးသပ်လျက် ရှိသည်။
““ဘာလို့ ၀ယ်လိုအား
များလာလဲဆိုရင် တစ်ဖက် အစိုးရကလည်း import ခွင့်ပြုတာတွေ များလာတယ်။
သိပ်များ လာတော့လည်း တိုင်းပြည်က တခြားနိုင်ငံတစ်ခု တစ်ခုအပေါ်မှာ မှီခိုတာ
များလာလေလေ တိုင်းပြည်ရဲ့ အခြေအနေက ညံ့လာလေလေ ဖြစ်တယ်။ ဒေါ်လာ ပိုင်ရှင်တွေ
အနေနဲ့ကလည်း မြန်မာပြည်မှာ ပစ္စည်းဝယ်ဖို့ ကြည့်ရင် ရောင်းစရာ မရှိဘဲ
ရောင်းတဲ့အခြေအနေနဲ့ ရောင်းလိုအားရှိတဲ့ ကုန်စည် ယှဉ်ကြည့်ရင် ရောင်းစရာ
မရှိဘဲ ရောင်းရတဲ့ အခြေအနေ မှာ ငွေကတစ်ဖက်လက်ကို ရောက်သွားတဲ့ အခြေအနေနဲ့
ကြုံကြိုက် ရင် နစ်နာ ဆုံးရှုံးစရာတွေ ဖြစ်နိုင်တယ်။ မြေမဲ့ယာမဲ့ အိမ်မဲ့တွေ
ပိုပေါလာမယ်။ ဒါက နောက်ဆက်တွဲ ပြဿနာနဲ့
အကျိုးသက်ရောက်မှုပေါ့””ဟုစီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင်စိုးက
ပြောသည်။
ငွေကြေးဈေးကွက် အရောင်းအ၀ယ်ဖြစ်ရန် ဒေါ်လာ ၀င်ရောက်လာမှုကို
မဆန်းစစ်နိုင် ပါက နိုင်ငံခြား ငွေကြေး ဈေးကွက်မှာ ကြီးထွားလာနိုင်ပြီး
လက်ရှိတွင် ကန်ဒေါ်လာ အ၀ယ် လိုက်သော ဈေးကွက်ဖြစ်သောကြောင့် တိုင်းပြည်၏
ဖွံ့ဖြိုးမှုကို ထိခိုက်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်
ဒေါက်တာမောင်မောင်စိုးက သုံးသပ် ပြောကြားခဲ့သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment