အခုလို ခွင့်ပြုရတာဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ် သံသယဖြစ်မှု ကြီးထွားနေတာတွေကို အဆုံးသတ်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
အသတ်ခံရတဲ့ ဗြိတိန်အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ တွေ့ရှိတဲ့ မျိုးရိုးဗီဇ (DNA) နဲ့ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦး ဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ DNA ဟာ တူညီနေတယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးပြစ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာပါ။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကတော့ ဒီပြစ်မှုကို မကျူးလွန်ခဲ့ဘူးလို့ သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေနဲ့ ကော့စမွေ အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ ဝန်မခံရင် ခြေလက်တွေဖြတ်ပြီး ဂုန်နီအိတ်မှာ ထည့်ပြီးတော့ ရေထဲ မျှောပစ်မယ်၊ တာယာကို ခန္ဓာကိုယ်မှာပတ်ပြီး မီးရှို့သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့အပြင် ရိုက်နှက် စစ်ဆေးခံခဲ့ရတယ်။ ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံရင် ရိုက်နှက် မခံရတဲ့အပြင် ပြစ်ဒဏ် သက်သာအောင် ကူညီပေးမယ်ဆိုလို့ ဝန်ခံခဲ့ရတာလို့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောဆိုထားပါတယ်။
--------------------------
လူသတ်မှုတွင် ပါဝင်သည်ဟု သံသယ ဖြစ်ခံရပြီး DNA စစ်ဆေးရန် ငြင်းဆန်ခဲ့သည့် လိပ်ကျွန်းသူကြီး၏ သားကို အောက်တိုဘာ ၃၀ နံနက်ပိုင်းက DNA နမူနာ စစ်ဆေး
►https://www.facebook.com/
Credit - The Voice Weekly

No comments:
Post a Comment