Saturday, November 1, 2014

အိုဘားမားက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဆက်ဆွေးနွေး

အမေရိကန်သမ္မတ အို ဘားမားက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်၊ လတ်တလောမြန်မာ့နိုင်ငံ ရေး၊ ၂၀၁၅ ရွေးကောက်ပွဲကျင်း ပရေးတို့နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ထံ ဖုန်းဖြင့် သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က အောက် တိုဘာ ၃၀ ရက်တွင် သတင်း ထုတ်ပြန်သည်။


အိမ်ဖြူတော်က သတင်း ထုတ်ပြန်သည့်နေ့ (အောက်တို ဘာ ၃၁)တွင် သမ္မတ ဦးသိန်းစိန် မှာ ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ထိပ်သီး ခေါင်းဆောင် ၁၄ ဦးနှင့် သမ္မတအိမ်တော်တွင် ထိပ်သီး ဆွေးနွေးပွဲကျင်းပသောနေ့ဖြစ်သည်။

အိမ်ဖြူတော်ထုတ်ပြန်ချက် တွင် အောက်တိုဘာ ၃၀ ရက်စွဲပါဝင်နေပြီး ယင်းနေ့ညပိုင်းတွင် သမ္မတနှစ်ဦး မိနစ်လေးဆယ်ခန့် ဖုန်းပြောခဲ့ကြောင်း ၎င်းက အ တည်ပြုသည်။

‘‘သမ္မတကြီးနဲ့ သမ္မတ အို ဘားမားတို့ မနေ့ညက မိနစ် လေး ဆယ်လောက် ဖုန်းပြောခဲ့တယ်။ နှစ်ဖက်လုံးက အိုဘားမားအရင် ခရီးစဉ်နဲ့ အခုခရီးစဉ်ကြားမှာ ပေါ် ပေါက်နေတဲ့ တိုးတက်မှု၊ စိန်ခေါ် မှုတွေအကြောင်းဆွေးနွေးခဲ့တာ ပါ’’ဟု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် ဖုန်းဆက်သွယ်ပြောဆိုမှုတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဘင်္ဂါလီ (အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဟု သုံး) ဒုက္ခသည်များအတွက် လူမှုရေးနှင့် နိုင်ငံသားအခွင့်အရေးများရရှိရန် အပါအ၀င် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရက စီမံဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Action Plan) ကို ပြန်လည်သုံးသပ်ရန် အရေးကြီးကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရအ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် အချိန်တိုအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူ ညီမှုရရှိရန် ကတိပြုဆောင်ရွက် မှုများအပေါ် သမ္မတ အိုဘားမား က ကြိုဆိုကြောင်းနှင့် ၂၀၁၅ ရွေး ကောက်ပွဲသည် အားလုံးပါဝင်နိုင် ပြီး ယုံကြည်စိတ်ချဖွယ်ရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် လို အပ်ကြောင်း သမ္မတ အိုဘားမား က ဦးသိန်းစိန်အား အကြံပြုပြော ကြားခဲ့သည်။

  ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုမှု တွင် လက်ရှိမြန်မာ့နိုင်ငံရေးအ ခြေအနေများနှင့် ၂၀၁၅ ရွေး ကောက်ပွဲမှာ အားလုံးပါဝင်နိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲဖြစ်ရန် အဓိကထား ဆွေးနွေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မတူကွဲပြားမှုများကို လေးစားရန်၊ တန်း တူညီမျှမှုမြှင့်တင်ရန်နှင့် အားလုံး ပါဝင်သည့် နိုင်ငံရေးအခင်းအ ကျင်းမျိုး ပေါ်ပေါက်စေရန် အမေ ရိကန်အစိုးရက မည်သို့ပံ့ပိုးကူညီ နိုင်မလဲဆိုသည့် ကိစ္စရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သမ္မတအိုဘားမားက ဒေါ် အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမို ကရေစီရေးကြိုးပမ်းမြှင့်တင်ရန် လုပ်ဆောင်မှုများအပေါ် ချီးကျူး ဂုဏ်ပြုပြောကြားခဲ့ပြီး မြန်မာပြည် သူများ လူမှုဘ၀တိုးတက်ရေးအ တွက် လိုအပ်သည့်ကူညီထောက် ပံ့မှုများကို အမေရိကန်အစိုးရက ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်အား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီကလင်တန်မ လာရောက်မီ ၂၀၁၂ နှစ်ကုန်ပိုင်း ကလည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြော ကြားမှုများရှိခဲ့သည်။သမ္မတအိုဘားမားမှာ နိုဝင် ဘာ ၁၁ ရက်တွင် နေပြည်တော် သို့ လာရောက်မည်ဖြစ်ပြီး အာဆီ ယံအစည်းအဝေးများ အပြီးတွင် သြစတြေးလျနိုင်ငံ၌ ပြုလုပ်မည့် G 20 ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန်နှင့်အတူ တက်ရောက်မည် ဖြစ်သည်။

Credit - 7DAY DAILY

No comments:

Post a Comment