မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ အမှတ် (၄) သစ်စက်ကို တွေ့ရစဉ် (ဓာတ်ပုံ − မြန်မာ့သစ်လုပ်ငန်း)
မြန်မာ့သစ်လုပ်ငန်းပိုင်သစ်စက်များနှင့် သစ်အခြေခံစက် ရုံများကို
ပုဂ္ဂလိကလုပ်ကိုင်ခွင့် ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်းမှ
သတင်းရရှိသည်။
‘‘အရင်က နိုင်ငံပိုင်လုပ်ငန်း တွေ ပုဂ္ဂလိကပြောင်းဖို့ အစိုးရအ နေနဲ့ ကြိုးပမ်းနေသလို ၀န်ကြီးဌာနကလည်း ပုဂ္ဂလိကလုပ်ဖို့ နဂိုကတည်းက စီစဉ်နေပါတယ်။အဲဒီအစီအ စဉ်အတိုင်း အကောင်အထည် ဖော်နေတာဖြစ်ပါတယ်’’ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက လုပ်ကိုင်နေသည့် သစ်စက်များ နှင့် သစ်အခြေခံစက်ရုံ စုစုပေါင်း၈၄ရုံရှိသည်။ ပဏာမအဆင့်အနေဖြင့် သစ်စက် ၁၂ ရုံ နှင့် ပရိဘောဂသစ်စက်သုံးရုံ၊ စုစုပေါင်း ၁၅ ရုံ ပုဂ္ဂလိကကို နှစ်ရှည်ငှားရမ်းရန် လျာထားနေ သည်။ ပမာဏအဆင့်အောင်မြင်ပါက အခြားစက်ရုံများကို အဆင့်လိုက် ငှားရမ်းသွားမည်ဖြစ်ပြီး မည်သည့်ပုံစံဖြင့် ငှားရမ်းမည်ကို ဆက်လက်ဆွေးနွေး နေဆဲဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်တွင်းတွင် သစ်အလုံး လိုက်ရောင်းချခြင်းအပြင် သစ် များခွဲခြမ်းရောင်းချခြင်းနှင့် ပရိ ဘောဂထုတ်လုပ်ခြင်းများကိုပါ ၀န်ကြီးဌာနက တစ်ဦးတည်းလုပ် ကိုင်လျက်ရှိသည်။ ယခုနှစ် ဧပြီလတွင် ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု တားမြစ်လိုက်ပြီး နောက် ၀န်ကြီးဌာနက ၎င်းလုပ် ကိုင်နေသည့် လုပ်ငန်းများကို ပုဂ္ဂ လိကလုပ်ကိုင်ခွင့်ပေးရန် အသိ ပေးကြေညာလိုက်ခြင်း ဖြစ်သည်။သစ်အလုံးလိုက်တင်ပို့ ရောင်းချမှုရပ်ဆိုင်းပြီး အချော ထည်တင်ပို့မှုကို အားပေးရန် အစိုးရကလျာထားသော်လည်း အချော ထည်ရောင်းချမည့် ပြည်ပဈေး ကွက်တွင် ကျွန်းသစ်သည်သာ ဈေးကွက်ရှိပြီး ပျဉ်းကတိုး၊ အင်၊ကညင်များကို ပို့ကုန်အချောထည်ပစ္စည်းများကို ပြည်ပဈေးကွက်ထိုးဖောက်ရန် အခက်အခဲ များရှိနေဆဲဖြစ် သည်။
သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ပြည်တွင်းတွင်သစ်အလုံးလိုက်တင်ပို့နေသည့် ကုမ္ပဏီကြီးနှင့် ကုမ္ပဏီငယ် စုစု ပေါင်း ၅၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်သည် အလုံးလိုက် သစ်တင်ပို့မှုလုပ်ငန်းမှ အချောထည် တင်ပို့သည့်လုပ်ငန်းများဘက်သို့ ကူးပြောင်းလာမည် ဖြစ်သည်။
ပြည်တွင်းသစ်ဈေးကွက် တွင် အချောထည်သစ်တင်ပို့ သည့် ပြည်တွင်းကုမ္ပဏီများတိုး ပွားလာသည့်အပြင် သစ်အချော ထည်ထုတ်လုပ်တင်ပို့သည့် ဈေး ကွက်တွင် ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီလေးခု ပြည်တွင်း၌ရင်းနှီးမြှုပ်နှံလာ ကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရရှိသည်။
Credit - 7DAY DAILY

No comments:
Post a Comment