အခြေခံဥပဒေပြင်ဆင်
ရေးအကြံပြုချက်တွင် ထည့်သွင်း ထားသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ်
ရေးမှူးအား ပြည်သူ့ရွေးကောက် ခံများနှင့် ဖွဲ့စည်းဆောင်ရွက်နိုင် ရေးသို့
ပြင်ဆင်နိုင်ပါက ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောက်ခြေအထိ
ပိုမိုထိရောက် လာနိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့က သုံးသပ်သည်။
လက်ရှိအခြေခံဥပဒေအရ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများအား ခန့် အပ်ရန် ပြဋ္ဌာန်းထားပြီး ၎င်း
အချက်အား ပြင်ဆင်၍ ပြည်သူ့ ရွေးကောက်တင်မြှောက်သူများ နှင့် ဖွဲ့စည်းဆောင်ရွက်ရေးအား ပြင်ဆင်ပြဋ္ဌာန်းရန် အခြေခံဥပဒေ ပြင်ဆင်ရေးအစီရင်ခံစာတွင် အကြံပြုတင်ပြချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ယင်းကဲ့သို့ သုံးသပ်ပြောကြား ခြင်းဖြစ်သည်။
‘‘လက်ရှိအနေအထားအရ အပေါ်ပိုင်းကပဲ ပြည်သူကိုယ်စား ပြုရွေးကောက်တင်မြှောက်တာ ဖြစ်ပြီး အောက်ခြေကကျတော့ ပြည်သူက ရွေးကောက်တင်မြှောက် တာမဟုတ်ဘူး။ ဒါကြောင့်ဗျူရို ကရေစီဆန်ပြီး ပြည်သူကို မျက် နှာမမူနိုင်ဘူး။ အဲဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေက အောက်ခြေမှ မထိရောက်တာ’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းကဆိုသည်။
မြို့နယ်နှင့်ခရိုင်အဆင့် အုပ် ချုပ်ရေးဆိုင်ရာများသည် ယခင် ခေတ်စနစ်အတိုင်းပင် အမိန့်နှင့် ညွှန်ကြားချက်များမရရှိပါက လုပ်ဆောင်ခြင်းမရှိသည့်အပြင် ခေတ် စနစ်နှင့်လိုက်လျောညီထွေစွာ ပြု ပြင်ပြောင်းလဲလိုခြင်းမရှိကြောင်း ၎င်းကပြောသည်။
အခြေခံဥပဒေပြင်ဆင်ရေး တွင် ခရိုင်၊ မြို့နယ်အဆင့် အုပ် ချုပ်ရေးဆိုင်ရာများ ထိုကဲ့သို့ ပြောင်းလဲရေးအကြံပြုချက်များ သည် ကောင်းမွန်သင့်မြတ်သော အကြံပြုချက်များဖြစ်ကြောင်း တပ်မတော်အစိုးရလက်ထက်က ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးတာဝန် ထမ်း ဆောင်ခဲ့သူ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
‘‘မြို့နယ်၊ ခရိုင်တွေမှာ ရွေး ကောက်ပွဲလုပ်၊ ရွေးကောက်ပွဲ က အနိုင်ရသူတွေက စီမံခန့်ခွဲမှု တွေလုပ်၊ ထွေအုပ်က အုပ်ချုပ် ရေးမှူးတွေက ရုံးပိုင်းဆိုင်ရာကိစ္စ တွေလုပ်ပေါ့။ ဒီလိုဆိုရင် ပိုပြီး ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို ထူထောင်လာနိုင်တယ်’’ဟု ဦးလှ ဆွေကဆိုသည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော အထက်ပါအစီရင်ခံစာတွင် မြို့နယ်၊ ခရိုင်အုပ်ချုပ် ရေးကိစ္စရပ်ကို ပြဋ္ဌာန်းထား သော ပုဒ်မ ၂၈၈ အား ပြင်ဆင် ရေးအတွက် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကော်မတီ၊ မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဥပဒေပြုအထောက်အကူ ကွန်ရက်တို့က နိုင်ငံ့ဝန်ထမ်းများ နှင့် ပြည်သူများက ပူးပေါင်းဖွဲ့ စည်းသည့် ကော်မတီတစ်ရပ်ဖွဲ့ စည်းအုပ်ချုပ်ရေးနှင့် တိုက်ရိုက် ရွေးကောက်တင်မြှောက်အုပ်ချုပ် ရေးစသည့် စနစ်များသို့ ပြောင်း လဲနိုင်ရေးအကြံပြုတင်ပြထား သည်။

Credit - 7DAY DAILY
No comments:
Post a Comment