ပုစ္ဆာတို့မည်သည် တစ်နည်းအားဖြင့် ဆိုရပါက ဉာဏ်စမ်းမေးခွန်းများနှင့် အလားသဏ္ဌာန်တူရာ ပုစ္ဆာတွက်မည့်သူများ၏ စဉ်းစားဆင်ခြင် ချင့်ချိန်သည့် ဉာဏ်ရည်ကိုလည်း စမ်းသပ်သည့် သဘောများ ပါဝင်နေတတ်သည်။ ထို့ကြောင့် ပုစ္ဆာပါ ပေးထားချက် အားလုံးကို မမြင်နိုင်လျှင်
သို့မဟုတ် ပေးထားချက်ထက် ကျော်လွန်စဉ်းစားလျှင်လည်း အဖြေမှန်ရရှိရန် အချိန်ကြာမြင့်စွာ စဉ်းစားရခြင်း၊ အဖြေမှန်နှင့် ဝေးကွာသွားခြင်းတို့ ဖြစ်တတ်သည်။
ဘဝပုစ္ဆာများ တွက်ချက်ရာတွင်မူ တစ်ခါတစ်ရံ စဉ်းစားဆင်ခြင်ဉာဏ်၊ ဖြတ်ထိုးဉာဏ်တို့အပြင် စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု၊ ပွင့်လင်းရိုးဖြောင့်မှု၊ စိတ်ကောင်းစေတနာ စသည့် အကူအပံ့များဖြင့် တွက်ချက် အဖြေထုတ်ရသည့် ခက်ခဲနက်နဲသော ပုစ္ဆာများလည်း ရှိသည်။
ဖြေဆိုသူများသည် ပုံမှန်အားဖြင့် လွယ်ကူသော ပုစ္ဆာများကို ဦးစွာတွက်ချက်ပြီးမှ ခက်ခဲသော ပုစ္ဆာများကို ဖြေလေ့ရှိကြသည်။
အဖြေရရန် လွယ်ကူလျင်မြန်သော ပုစ္ဆာများကို ဦးစွာတွက်ချက်ခြင်းဖြင့် ဦးနှောက်ကို ပို၍ ထက်မြက်ကြည်လင်လာစေကာ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာစေသည်။ ထိုအချက်သည် ခက်ခဲသောပုစ္ဆာများ တွက်ချက်ရာတွင် ကြီးစွာ အထောက်အကူပြုကြောင်း စာမေးပွဲများဖြင့် ဖြတ်သန်းလာဖူးသူတိုင်း နားလည်ထားကြသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးသည်လည်း စင်စစ်အားဖြင့် ပေးထားချက်များ ရှုပ်ထွေးနေသည့် ခက်ခဲနက်နဲသည့် ပုစ္ဆာများ၊ လွယ်မယောင်နှင့်ခက်၊ ခက်မယောင်နှင့် လွယ်နေသော ပုစ္ဆာများနှင့် လွယ်ကူသော ပုစ္ဆာများ ပါဝင်နေသည့် သင်္ချာစာမေးပွဲ မေးခွန်းကဲ့သို့ပင် ဖြစ်သည်။ ထိုပုစ္ဆာများကို ဖြေရှင်းရန် ကြိုးစားနေသည့် ယနေ့ အဓိကတာဝန်ရှိ သက်ဆိုင်သူတို့သည် ချက်ချင်းအဖြေထွက်ရန် များစွာခက်ခဲသော ပုစ္ဆာများကို ဦးစွာ စဉ်းစားတွက်ချက်နေခြင်းကြော
ဤနေရာတွင် အထူးသတိထားရမည်မှာ ပေးထားချက်ထက် ကျော်လွန်စဉ်းစားနေသူများ ရှိနေသမျှ ထိုပုစ္ဆာ အဖြေထွက်ရန် မလွယ်ကူနိုင်ဆိုသော အချက်ပင်ဖြစ်သည်။ ထို့အတူ အဖြေမှန်ထွက်ရန် တွက်နည်းတစ်ခုတည်းကို ပုံသေစဉ်းစားနေခြင်းမျိုးထက
အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး ပုစ္ဆာများကို အဖြေမှန်လိုချင်သည် ဆိုပါက ပေးထားချက်များကို စေ့ငုသေချာစွာ ဖတ်ရှုရန်၊ လွယ်ကူသော ပုစ္ဆာများကို ဦးစားပေး တွက်ချက်ရန်၊ အခြားတွက်နည်းများကိုလည်း စဉ်းစားရန်တို့အပြင် စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု၊ ပွင့်လင်းရိုးဖြောင့်မှုနှင်
အယ်ဒီတာ (၃၀-၁၀-၂၀၁၄)
--------------------------
The Voice Weekly Editorial, Vol-10/No-42 (#voiceeditorial)

No comments:
Post a Comment