ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ
ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဟိုတယ်ဘာသာရပ်ဆိုင်ရာ
သင်တန်းကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ −
ဂျေမောင်မောင်(အမရပူရ))
၂၅ နှစ်ကျော်ကာလအ တွင်း ပထမဆုံးအကြိမ်အဖြစ် က ယားပြည်နယ်သို့
နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ အတွင်း ကယားပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီးနောက် ၂၅ နှစ်ကျော်ကြာကာလ ပထမဆုံးအကြိမ် ခရီးစဉ်သည် နိုဝင်ဘာ ၈ ရက် မှ ၁၁ ရက်အထိ လေးရက် ကြာမြင့်မည်ဖြစ်ကြောင်း ကယားပြည်နယ်အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီဝင်များက ပြောသည်။
‘‘လွိုင်ကော်က ကယားဒေး ကွင်းမှာ နိုဝင်ဘာ ၈ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်လာပြီး ဟောပြောပွဲလုပ်မယ်လို့ ကြေညာ ထားတယ်’’ဟု ကယားပြည်နယ် အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီ ၀င် တစ်ဦးက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီဝင်အင်အား အနည်းဆုံးသော ဒေသများ ထဲမှ တစ်ခုဖြစ်ပြီး အင်န်အယ်လ်ဒီ ပါတီဝင်များ ဖိနှိပ်မှုအများဆုံးခံခဲ့ရသည့်ဒေသအဖြစ်လည်း ထင်ရှားသည်။‘‘၂၀၁၁ လောက်မှာ ဒေါ်စု လွတ်ပြီး အဖွဲ့ချုပ်က ဦးအုန်းကြိုင်လာတာတောင် ဧည့်စာရင်းမရဘူး။ဘုန်းကြီးကျောင်းလည်း တည်းခွင့် မပေးဘူး။ ဒါဆိုရဲစခန်းမှာ ညအိပ်မယ်ဆိုလည်း အိပ်လို့မရဘူးပြောတယ်။ နောက်ဆုံး လွိုင်ကော်က အဝေးပြေးဝင်းနားမှာ ညအိပ်ခဲ့ရတယ်’’ဟု ကယားပြည်နယ် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။
တပ်မတော်အစိုးရလက် ထက်တွင် ကယားပြည်နယ်ကို အင်န်အယ်လ်ဒီ ကင်းစင်နယ်မြေအဖြစ် ပုံဖော်ခဲ့ပြီး အင်န်အယ်လ်ဒီ ၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ဖိ အားပေးမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြောင်းဒေါက် တာ ဒေါ်ခင်စည်သူက ပြောသည်။‘‘ရှင်းရှင်းပြောရရင် ကြက်ဆူပင်စိုက်တာတောင် တစ်နိုင်ငံလုံးမှာ အအောင်မြင်ဆုံးပြည်နယ်လေ။ အကြောက်တရားအများဆုံး၊ ဖိနှိပ်မှုအများဆုံးပဲ’’ဟု ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်သို့ သွားရောက် မည့် ခရီးစဉ်ကို ပြည်နယ်အင်န် အယ်လ်ဒီဘက်က အတည်ပြုခဲ့သော်လည်း ခရီးစဉ်အသေးစိတ် ကို ဖြေ ကြားရန် ငြင်းဆန်ခဲ့သည်။

Credit - 7DAY DAILY
No comments:
Post a Comment