Monday, October 6, 2014

တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ ရဲတပ်ဖွဲ့ လုပ်ငန်း ဆောင်ရွက်ပုံ ပြောင်းလဲရန် လိုအပ် ဟု ဆို

တိုင်းပြည် တည်ငြိမ်အေးချမ်း ရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင် ရွက် ပုံ ပြောင်းလဲရန် လို အပ်ကြောင်း စက်တင်ဘာ ၂၉ ရက် က ပြည်သူ့ လွှတ်တော်သို့ တင်သွင်း ခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲရန်လိုအပ်သည်ကို လက်ပံတောင်းတောင်၊ ရခိုင်ပြည် နယ်၊ မိတ္ထီလာမြို့ဖြစ်ရပ် များ ကညွှန် ပြခဲ့ကြောင်း၊ လူ့အခွင့်အရေးကိုလေး စားတန်ဖိုးထားပြီး ပြည်သူ

လူထုကို ကာကွယ်ပေးသည့် ရဲတပ်ဖွဲ့၏ လုပ် ဆောင်ချက်သည် ဒီမိုကရေစီနိုင်ငံ များအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ရဲတပ်ဖွဲ့ ၏ ပြုပြင်ပြောင်းလဲရေးသည် တရားဥပ ဒေစိုးမိုးရေးကို အခြေခံသည့် ဒီမိုက ရေစီ လူ့အသိုင်းအဝိုင်းအတွက် လို အပ်ချက် တစ်ခုဖြစ်သည် ဟုလည်း ဖော်ပြ ထားသည်။

ကော်မတီသည် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ ပြည်သူဗဟိုပြုရဲလုပ်ငန်း စဉ်နှင့် လူစု လူဝေးအား စနစ်တကျ ထိန်းသိမ်းရေး အပိုင်းများအတွက် ဥရောပ သမဂ္ဂ(အီးယူ)၏ အကူအညီ ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေး ရန် အစီအစဉ်ကိုတောင်း ဆိုခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် စ တင်ခဲ့ပြီး ၁၈ လ ကြာမြင့်မည်ဖြစ် ကြောင်း၊ ဥရောပ သမဂ္ဂသင်တန်းဆ ရာများနှင့် နည်းပြများ၏ အနီးကပ် ကြီးကြပ် မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်သင်တန်းဆရာများကိုယ်တိုင် သင်တန်းသားများ အား သင်တန်းပို့ချပေး နေကြောင်း အစီရင်ခံစာတွင်ဖော်ပြ ထားသည်။

နိုင်ငံတော်၏ တရားဥပဒေစိုးမိုး ရေးကို အခြေခံသည့် ဒီမိုကရေစီအဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲပြုပြင် ရာတွင် ရဲတပ်ဖွဲ့သည် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ယင်း ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္က ဋ္ဌအနေဖြင့် ဥရောပသမဂ္ဂအား ရဲတပ် ဖွဲ့၏ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးအားစနစ်တကျထိန်းသိမ်း ခြင်းများအတွက် ပံ့ပိုးပေးရန်တိုက် တွန်းခဲ့သည်ဟု အစီရင်ခံစာအရ သိ ရသည်။

ယင်းသို့ ဆောင်ရွက်ခဲ့သည့်ရည် ရွယ်ချက်မှာ ရဲတပ်ဖွဲ့အား ပြည်သူ လူထုနှင့် ပိုမိုနီးကပ်လာစေရန် ပြည် သူများ ယုံကြည်အားထားသော လူထုအခြေပြု ရဲလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရန်၊ ရဲတပ်ဖွဲ့၏ မူဝါဒအတွေး အခေါ်နှင့် ဥပဒေ မူဘောင်ပြုပြင်ပြောင်း လဲရေးကို ကူညီပေးရန်တို့ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ စီမံကိန်းကို သက် ဆိုင်ရာအာဏာပိုင်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အစီရင် ခံစာတွင်ဖော်ပြထားသည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal

No comments:

Post a Comment