ဧရာဝတီတိုင်း လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (၂) အဖွဲ့ဝင်၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း ပြုလုပ်မယ့် ပြည်သူ့လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲကို စနေနေ့ည ၁၂ နာရီကမှ အကန့်အသတ်နဲ့ ခွင့်ပြုချက်ပေးတဲ့အတွက် တနင်္ဂနွေနေ့က ကျင်းပလိုက်နိုင်ပါတယ်။
မအူပင်မြို့ တိုးရွှေဝါခန်းမမှာ ကျင်းပခွင့်ပေးလိုက်တာ ဖြစ်ပေမယ့် တက်ရောက်ကြတဲ့ ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ တခြားမြို့နယ်က တောင်သူ လယ်သမားတွေနဲ့တော့ တွေ့ဆုံဆွေးနွေးခွင့် မပေးဘူးလို့ ဦးစိန်ဝင်းက ပြောပါတယ်။
ခါတိုင်းလုပ်တဲ့ အတွေ့အကြုံရှင်းလင်းပွဲတွေမ
ဒါကြောင့် တောင်သူလယ်သမား ညီလာခံ ကျင်းပမယ်ဆိုတဲ့ သတင်း ရရှိတယ်လို့ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီက ဦးစိန်ဝင်းကို အောက်တိုဘာ ၂ ရက်က အကြောင်းကြားစာ ပေးပို့လာပါတယ်၊
တခြားခေါင်းစဉ်နဲ့ ကျင်းပရင် ကန့်ကွက်စရာ မရှိတဲ့အကြောင်းလည်း တဆက်တည်း ပါရှိတယ်လို့ ဆိုပါတယ်။
ဦးစိန်ဝင်းကလည်း သူဟာ တိုင်းလယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်တဲ့ အကြောင်း ထောက်ပြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာမှ ကန့်သတ်ချက်နဲ့ ခွင့်ပြုချက်ပေးတဲ့အတွက် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပနိုင်တာဖြစ်ပါတယ်။
Credit - RFA

No comments:
Post a Comment