နေပြည်တော်၊ အောက်တိုဘာ ၎
တိုက်ပွဲများကြောင့် မငြိမ်သက်မှုများ
ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အားဖြည့်ရန်
ချီတက်သွားသည့် တပ်မတော် စစ်ကြောင်းနှင့် SSA ဟု ယူဆရသည့်
လက်နက်ကိုင်အဖွဲ့တို့ အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်မဲမြို့
အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကြောင်းတွင် လိုက်ပါသွားသည့်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးရှိ တပ်မ (၇၇) မှ စစ်ကား ၁၀ စီးပေါ်တွင် တပ်မတော်သား ၂၀၀
ခန့် လိုက်ပါသည့် စစ်ကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးလမ်းအတိုင်း သွားစဉ် ယင်းနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က
ကျောက်မဲမြို့အနီး ဂုတ်ထိပ် တောင်ကုန်းအဆင်း မိုင်တိုင် အမှတ် ၈၉ ၌ မိနစ်
၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ တပ်မတော်ဘက်တွင်
ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သော်လည်း အသေအပျောက် မရှိကြောင်း တပ်မတော်
တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
အဆိုပါတိုက်ပွဲကြောင့်
တပ်မတော် စစ်ကြောင်းနောက်တွင် လိုက်ပါခဲ့သည့် ခရီးသည်တင် ယာဉ်များပါ
ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း နေပြည်တော်-လားရှိုး ခရီးသည်တင်ယာဉ်ပေါ်
လိုက်ပါသွားသည့် လားရှိုးဒေသခံ တစ်ဦးက ပြောဆိုသည်။
Credit - The Voice Weekly
No comments:
Post a Comment