Sunday, October 5, 2014

ငြိမ်းချမ်းရေးလက်မှတ်သည် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဆိုးကျိုးကောင်းကျိုး အားလုံးနှင့်သက်ဆိုင်နေဟု သမ္မတပြော

- ချစ်မင်းထွန်း၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။

ရန်ကုန်၊ အောက်တိုဘာ ၃။

ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုး ရအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေသော ငြိမ်း ချမ်းရေးလက်မှတ်သည် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဆိုး ကျိုးများ ဖြစ်လာနိုင်သလို ကောင်းကျိုးများ လည်း ဖြစ်ပေါ်လာနိုင်ကြောင်း အောက်တို ဘာ ၁ ရက်က သမ္မတဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာ အ တွက် ပြောကြားသည့် လစဉ်မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းရေဒီယိုမိန့် ခွန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှုစာချုပ် လက်မှတ်ထိုးနိုင်ရန် ပိုမိုအား ထည့် ဆောင်ရွက်ကြရမည့်အချိန်ဟု အစိုး ရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ကြရန်လည်း တိုက် တွန်းထားသည်။

''အခု အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆောင်ရွက်နေတဲ့ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် က လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက် ပွဲကျင်းပဖို့အတွက် အများကြီး၊ အကျိုးသက် ရောက်မှုရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လက်မှတ်ကို အောင်မြင်အောင် ဆောင်ရွက် နိုင်မှသာလျှင် နိုင်ငံရဲ့ လာမယ့်အနာဂတ် ကို ဒါထက်ကောင်းအောင် လုပ်နိုင်မှာဖြစ် သလို ညင်သာတဲ့ နိုင်ငံရေးအသွင် ကူးပြောင်း မှုများကိုလဲ ရေရာသေချာစေမှာ ဖြစ်တဲ့အ ကြောင်းကို သတိပြုမိစေလိုပါတယ်''ဟု နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

သမ္မတဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက အစိုးရဘက်မှ ကောင်းမွန် သော တုံ့ပြန်မှုမရှိလို့ အပစ်ရပ်လက်မှတ် ထိုးရန်အတွက် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

''ကျွန်တော်တို့ တင်ပြချက်ကို အစိုးရက ငြင်းဆန်မှုတွေရှိနေတယ်။ အ စိုးရတင်ပြတာကိုတော့ ကျွန်တော်တို့ဘက် က ငြင်းဆန်မှုမရှိပါဘူး။ ဒါကြောင့် အစိုးရ ဘက်က ဆန္ဒကသာ အများကြီးမူတည်ပါ တယ်။ ဧပြီလက သဘောတူထားတဲ့ လုံခြုံ ရေးဆိုင်ရာ ပေါင်းစည်းခြင်းကိစ္စကို နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ကျွန်တော်တို့ သဘော တူထားပါတယ်။ ဒါကြောင့် စက်တင်ဘာ မှာ နိုင်ငံရေးဆွေးနွေးမှု လမ်းပြမြေပုံတစ် ခုအနေနဲ့ ပြန်တင်ပြတာဟာ နိုင်ငံရေးဆွေး နွေးမှုအတွက်ရော၊ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့အ တွက်ပါ အများကြီး အဟန့်အတားဖြစ်စေ တယ်''ဟု ယင်းကပြောသည်။

သမ္မတဦးသိန်းစိန်မှ ယခုကဲ့သို့ သတိပေးခြင်းသည် DKBA နှင့် အစိုးရစစ် တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် တိုက်ဆိုင် နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် တိုက်ဆိုင် နေသည်။ ယင်းအပြင် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား၊ အပစ်အခတ် ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများ ၌ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းမရ သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း သိရသည်။

#TheFlowerNews


 
 
/ဓါတ်ပုံ- ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(ယာစွန်)အား NCCT အဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ /

No comments:

Post a Comment