Friday, May 8, 2015

ကျောင်းသားသပိတ်ဖြိုခွင်းခံရသည့် နှစ်လပြည့် နှင့် ဗကသ ၇၉နှစ်ပြည့်နေ့တွင် ကျောင်းသားများ၏ ဖိနပ်အရံ၂၀၀ဖြင့် သရုပ်ပြမည်

ရန်ကုန်၊ မေ ၈။        ။ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရသည့် နှစ်လပြည့်နေ့တွင် ကျောင်းသားများ အကြမ်းဖက် ဖြိုခွင်းခံရချိန်က ဖရိုဖရဲ ဖြစ်ပျက်ခဲ့ ပုံကို ၎င်းတို့၏ ဖိနပ် အရံ ၂၀၀ဝန်းကျင်ဖြင့် ခင်းကျင်းသရုပ်ပြမည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်က မဇ္ဈိမကို ပြောသည်။

11037466 936589819709257 2596433906235205064 n

ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း နှစ်လပြည့် နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသ (၇၉) နှစ်ပြည့် အခမ်းအနားကို မေလ ၁၁ရက် တွင် ရန်ကုန်မြို့ နာရေးကူညီမှု အသင်းခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအခမ်းအနားတွင် သရုပ်ပြမည်ဖြစ်သည်။

"ကျောင်းသားသပိတ်ချီတက်လာတာ လက်ပံတန်းအရောက်မှာကျောင်းသားတွေကို ဖြိုခွင်းခံရတုန်းက အဖြစ်အပျက်တွေပေါ့။အဲ့တုန်းက ဖိနပ်တွေကလမ်းပေါ် မှာပြန့်ကျဲပြီး ဖြစ်နေတဲ့ပုံစံကို သရုပ်ဖော်ပြသသွားမယ်" ဟု ၎င်းကပြောသည်။

ထိုနေ့အခမ်းအနားတွင် ဗကသ ကျောင်းသားဟောင်းများမှ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် ကျောင်းသားနှင့် ပတ်သက်သည့် သီးချင်း၊ ကဗျာ များကို ဦးစွာ ရွတ်ဆိုမည်ဖြစ်သည်။

ဒုတိယပိုင်းတွင်  လက်ပံတန်းတွင် ဖြိုခွင်းခံရသည့် ကျောင်းသားမိဘများက ရင်တွင်းစကားပြောကြားခြင်း၊ပြန်လည် လွှတ်မြောက်လာသည့်ကျောင်းသားများ၏ စကားသံများ၊ ဓာတ်ပုံကမ်ပိန်း (Photo Campaign)များ၊ ကျောင်းသား သပိတ်နှင့် ပတ်သက်၍ သရုပ်ဖော် ပြသခြင်း၊  လေးပွင့်ဆိုင်တွေ့ဆုံမှုကို ချိုးဖောက်မှု သရုပ်ပြပွဲများ ပါဝင်မည် ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment