Sunday, May 3, 2015

ထိုင်းနိုင်ငံတွင် လူမှောင်ခိုစခန်းကို အာဏာပိုင်များ နှိမ်နင်းရာ လူသေအလောင်း အစုအပုံအား တွေ့ရှိ

(ဘန်ကောက်)။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူမှောင်ခိုဂိုဏ်း၏ စခန်းဖြစ်ဖွယ်ရှိသည့် တောတွင်းစခန်း တစ်ခုနားတွင် လူသေအလောင်း ၂၆ လောင်းကို တွေ့ရှိခဲ့သည်။ ထိုသို့ လူသေလောင်းပုံ တွေ့ရှိသော်လည်း ကနဦး မူခင်းဆေးစစ်ချက်များအရ အကြမ်းဖက်မှုဖြစ်၍
သေဆုံးခြင်းတော့ မဟုတ်ကြောင်း ရဲက ပြောသည်။

Thailand

ဆွန်ခါလာပြည်နယ်ရှိ တောတွင်းစခန်းကို ရဲဒါဇင်ရှိသည့် အင်အားနှင့်အတူ ကယ်ဆယ်ရေးလုပ်သားများက ဝင်ရောက်ရှာဖွေခြင်းဖြစ်ပြီး ယခုကဲ့သို့ လူသေလောင်းများကို တွေ့ရှိခြင်း ဖြစ်သည်။

"ကနဦးမူခင်း စစ်ချက်များအရ အကြမ်းဖက်မှု လက္ခဏာ မတွေ့ရပါဘူး။ ရောဂါကြောင့် ဒါမှမဟုတ် အာဟာရချို့တဲ့မှုကြောင့်သာသေဆုံးခြင်း ဖြစ်နိုင်ပါတယ်” ဟု ပြည်နယ် လက်ထောက်ရဲမှူး သရီဝတ်က ပြောသည်။

ယခုအလောင်းများ တွေ့ရှိရာသည် နိုင်ငံတောင်ပိုင်း တောနက်တွင်း တစ်နေရာတွင်ဖြစ်ပြီး ယင်းနယ်မြေဒေသသည် လူမှောင်ခိုသမားများ အဓိကကျက်စားရာ ဖြစ်သည်။

Thailand-1

REF : CNA

Credit - Mizzima News

No comments:

Post a Comment