ကာလီ၊ ကွမ်ဟိန်း၊ ခိုင်လွမ်၊ ခိုင်းခမ်၊ နောင်ခီယို၊ ဝယင်ပွေ့၊ ဟိုပန်၊ စိုင်းခေါင်၊ ဝန်လောင်၊ ခွန်ပေါင်၊ စိုင်ခေါင်ဂျန်း၊ ဝလောင်၊ နာပေါင်၊ ဝန်ပါ့၊ နမ်လန်၊ စိုင်းမုံနှင့် နာလင်းလျံတို့မှ ဒေသခံ ၃၀၀ ကျော်တို့သည် ကွမ်ဟိုင်းမြို့နယ်ခန်းမတွင် ကျင်းပရန် စီစဉ်ထားသည့် Australian Snowy Mountains Engineering Corporation (SMEC) က စီစဉ်ထားသော လူထုအစည်းအဝေးတစ်ခုကို ဆန့်ကျင်ကန့်ကွက် ရန် ကွမ်ဟိန်းမြို့နယ်၊ နမ်ပန်ခန်းမတွင် ဧပြီ ၃၀၊ နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအထိ စုဝေးခဲ့ကြသည်။
စီစဉ်ထားသည့် ဆန့်ကျင်ကန့်ကွက်မှု သတင်းကြောင့် သြစတြေးလျ အကြံပေးတို့ စီစဉ်ထားသည့် လူထုစည်းဝေးပွဲကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်။
ထို့ကြောင့် ရှမ်း အမျိုးသားများ ဒီမိုကရက်တစ်ပါတီမှ ကွမ်ဟိန်းအမတ် ဒေါ်နန်းဝနု အပါအဝင် ကန့်ကွက်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်လူထုအစည်းအဝေးကို ကျင်းပခဲ့ကြပြီး ဆည် တည်ဆောက်မှု ရပ်တန့်ရေး တောင်းဆိုသော ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြသည်။
ဆည်တည်ဆောက်မှုကြောင့် လူထောင်ပေါင်းများစွာနှင့် သမိုင်းဝင်နေရာများအပေါ် ဆိုးကျိုးများ သက်ရောက်မည်ကို ၎င်းတို့က စိုးရိမ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး မရှိမှုနှင့် လက်ရှိ အပစ်ရပ်စဲရေး၏ မခိုင်မာမှုအပေါ်လည်း စိုးရိမ်ခဲ့ကြသည်။
ကွမ်ဟိန်းမြို့နယ်မှာ မိုင်းတုံဆည်ကြောင့် ကြီးမားသည့် ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်။ ထို့အပြင် ပန်မြစ်လက်တက် တစ်လျှောက်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော် အပါအဝင် သမိုင်းဝင် ခိုင်ခမ်း(Keng Kham) ဧရိယာမှာ လုံးဝ ရေမြုပ်သွားနိုင်သည်။
ခိုင်ခမ်းဧရိယာ၏ မူလလူဦးရေမှာ ၁၅,၀၀၀ ကျော်သော်လည်း ၁၉၉၆ မှ ၁၉၉၈ အတွင်း ရက်စက်သည့် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများကြောင့် အများအပြားမှာ ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ထို့အပြင် ရှမ်းပြည်အလယ်ပိုင်းတွင် လူ ၃၀၀,၀၀၀ ကျော်ကိုလည်း အဓမ္မ နေရာရွှေ့ပြောင်းစေခဲ့သည်။
လွန်ခဲ့သည့်လ ဧပြီ ၆ က SMEC သည် မိုင်းတုံတွင် လူထုစည်းဝေးမှု တစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့ပြီး မိုင်းတုံနှင့် အနီးတဝိုက်မှ လူ ၁၅၀ ခန့်က ဆည်ကို ဆန့်ကျင်ခဲ့ကြသည်။ ဆည်ဖြစ်ပါက မိုင်းတုံဆည်သည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည် ဖြစ်သည်။ ဆည်က လျှပ်စစ်ဓာတ်အား မီဂါဝပ် ၇,၀၀၀ ထုတ်ပေးမည် ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။ ဆည်ကို တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံမှ IGE ကုမ္ပဏီတို့ ပူးတွဲတည်ဆောက်မည် ဖြစ်သည်။
![]() |
(ဓာတ်ပုံ - ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း) |
No comments:
Post a Comment