ခတ္တမဒူ၊ မေ-၅။ ။ နာမည်ကျော်တောင် တက်လမ်းအနီးတောင်ပြိုကျမှု
မှနိုင်ငံခြားသားများ အပါအ၀င် လူပေါင်း ၁၀၀ ခန့်သေဆုံးနေကြောင်းတွေ့ရှိရ
ပြီးနောက်မှာ ဧပြီ ၂၅ရက်ငလျင်ကြောညင့် သေဆုံးသူအရေအတွက်မှာ ၇၃၆၅ယောက်သို့
ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း နိပေါအစိုးရကပြောကြားခဲ့ သည်။
နိုင်ငံအ၀န်းတွင်နောက်ထပ် လူပေါင်း ၁၄၀၀၀မှာလည်း ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သည်။

မြို့တော် ခတ္တမဒူ၏ မြောက်ဘက် ၆၀ကီလိုမီတာခန့်အကွာရှိ လန်းတန်းကျေးရွာတွင် လွန်ခဲ့သော နှစ်ရက်အတွင်း နောက်ထပ် ရုပ်အလောင်းများတူးဖော်တွေ့ ရှိခဲ့ရသည်။ အနောက်တိုင်းမှတောင်တက်သမားများအတွက် နာမည်ကျော်တောင်တက်လမ်းကြောင်းပေါ်တွင် ရှိနေသည့် ထိုကျေးရွာမှာငလျင်ကြောင့်တောင် ပြိုမှုဖြစ်ပွားရာတွင် လုံးပျက်သုဉ်းသွားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က အရာရှိတစ်ဦး ခန့်မှန်းထားခဲ့သည့် အရေအတွက် ၁၀၀၀မှ ဥရာပသမဂ္ဂနိုင်ငံသား ၆၀မှာ စာရင်းပျောက်နေဆဲဖြစ်သည်ဟု ဆိုသည်။
တနင်္ဂနွေနေ့က မြို့တော်၏ အနောက်မြောက်ဘက် ၈၀ကီလိုမီတာအကွာတွင် အသက် ၁၀၁နှစ်အရွယ် အဘိုးအိုတစ်ဦးကို အသက်ရှင်လျှက် တွေ့ရှိကြရပြီး၊ အရှေ့မြောက်ဘက်တွင်လည်း အပျက်အစီးပုံများကြား ပိတ်မိနေသည့် နောက်ထပ် အသက်ရှင်ကျန်ရစ်သူ သုံးဦးကိုလည်း ကယ်ဆယ်ရေးလုပ်သားများက ထပ်မံတွေ့ရှိကယ်တင်နိုင်ခဲ့ကြသည်။
Credit - Mizzima News
No comments:
Post a Comment