Sunday, May 3, 2015

နီပေါ ငလျင် သေဆုံးသူ ၇၀၀၀ နီးပါးရှိ

(ခတ္တမန္တူ)။ ။ တောင်အာရှနိုင်ငံဖြစ်သည့် နီပေါနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က လှုပ်ခဲ့သည့် အားပြင်းငလျင်တွင် သေဆုံးသူပေါင်း ၇၀၀၀ နီးပါး ရှိသွားပြီဖြစ်ကြောင်း ရဲက အတည်ပြုပြောကြားသည်။

Nepal

နီပေါ ရဲသတင်းရင်းမြစ်က နောက်ဆုံးထုတ်ပြန်မှုအရ ဧပြီ ၂၄ ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိသည့် ငလျင်ကြောင့်
သေဆုံးသူပေါင်းသည် ၆၈၄၁ ဦးရှိကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးဒဏ်တွင် ဒဏ်ရာထိခိုက်သူပေါင်းမှာလည်း ၁၄၀၀၀ ကျော် ရှိသည်။

နီပေါအာဏာပိုင်များက အပျက်အစီးပုံများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေးများ လုပ်ဆောင်လျက်ရှိသည်။

ငလျင်ကြောင့် သေဆုံးသူပေါင်းသည် ၁၀၀၀၀ အထိရှိလာနိုင်ကြောင်း နီပေါ ဝန်ကြီးချုပ် ကော်ရာလာက မကြာသေးမီက သတိပေးထားသည်။

ခတ္တမန္တူနှင့် ပတ်ဝန်းကျင်ဒေသတွင် ဆရာဝန်၊ အင်ဂျင်နီယာနှင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် စေတနာ့ဝန်ထမ်း ကူညီပေးရေး လုပ်သား ၁၀၀ ကျော်ထက်မနည်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ပေးလျက်ရှိသည်။

REF : PRESS TV


Credit - Mizzima News

No comments:

Post a Comment