၁။ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး နယ်မြေတွင် အဆောက်အအုံသစ် ဆောက်လုပ်ခွင့် မိမိ အမည်ပေါက် မရှိ၊ ဖခင်အမည်သာ ပေါက်သည်၊ ပိုင်ဆိုင်မှု မရှိဘဲ၊ အမွေဆက်ခံခြင်းမရှိဘဲ ပိုင်ညာ ကြေညာခြင်း မိဘ၏ အပေးကမ်း စာချုပ်မရှိ၊ မြေပုံရာဇ၀င် ၁၀၅/ ၁၀၆ မိမိအမည်ပေါက် မရှိဘဲ အဆောက်အအုံများ ဆောက် လုပ်နေကြခြင်း။
၂။ ပြင်ဦးလွင် ရပ်ကွက်ကြီး (၃)အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ပူးပေါင်းပြီး အဆောက်အအုံသစ် အမှတ် ၅၆/၅၇ နှစ်ရှည် ဆောက်လုပ်ခြင်း ခွင့်ပြုမိန့် ပေးထားခြင်း။
၃။ နိုင်ငံတော်၏ ကြေညာထား၊ အခွန်ဝယ်ခွန်/ရောင်းခွန် စည်းကြပ်မှု မရှိခြင်း။
၎။ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၃) မြေယာ(၂၄)ဦးလှမြင့်ဦး အမည်ပေါက်ပါသည်။ ၎င်းမြေယာ(၂၄)အား အရပ်အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုပြီး မြေပုံရာဇ၀င် ၁၀၅/၁၀၆ မရှိဘဲ ရပ်ကွက်ကြီး(၃)အုပ်ချုပ်မှူးနှင့် စည်ပင် ဦးစီးအရာရှိနှင့် ပူးပေါင်းပြီး အဆောက်အအုံ အသစ်အား နှစ်ရှည် ဆောက်လုပ် ပေးထားခြင်း။
(၅) ပြင်ဦးလွင်မြို့နယ်တွင် ၁၉၈၈ ခုနှစ်က မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးနှင့် မြေယာကော်မတီမှ ၁၉၉၂ ခုနှစ်တွင် ဦးရှာမ်းလား(လ်) (ခ) ဦးသိန်းမောင်အမည် မြို့နယ်စီမံချက်ဖြင့် ဒူးလမ်းကြားအား ရပ်ကွက် ငွေသွင်း စနစ်ဖြင့် (၁၀)နှစ် ဂရန်ကို ပေးထားခဲ့ပါသည်။ (၁၀)နှစ်ဂရန် သက်တမ်း ကုန်ဆုံးချိန် မြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဗိုလ်မှူးခင်ကျော်က သိမ်းယူခဲ့ပါသည်။
(၆) ဒူးကြားလမ်း အရှေ့ဘက်တွင် အမှတ် ၅၆/၅၇ ခင်မောင်လတ် (ခ) ပရ်ကာရှ်မှာ၂၀၈၈-ခုတွင် စီးပွားရေး၊ အမှိုက်များ မည်သည့် ပိုင်ဆိုင်မှုမရှိ ယနေ့အထိ အမှိုက်များ ပစ်ထားခြင်း။
၇။ အမှတ်-၅ ရပ်ကွက်၊ ၅၆/၅၇ ဦးစိန်ဝင်း အမည်ပေါက် တိုက်သစ် အနောက်ဘက် ဒူးလမ်းကြားပေါ် မည်သည့် ပိုင်ဆိုင်မရှိဘဲ ၎င်းဒူးလမ်းကြား အုတ်များဖြင့် ရေနွေးဖို ဆောက်ထားပါသည်။ ယနေ့တိုင် အသုံးပြုနေပါသည်။
၈။ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၃) အိမ်အမှတ်(၁၂) အိမ်ပိုင်ရှင် ဦးယာရှင် အိမ်အနောက် ဒူးလမ်းကြားအား ငွေသွင်းယူထားခြင်းမရှိဘဲ အုတ်ကာ၊ သွပ်ပြားများဖြင့် ကာရံပြီး အဆောက်အအုံ ဆောက်လုပ် ယနေ့တိုင် နေထိုင်နေကြပါသည်။
၉။ ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက်ပေါင်းစုံတွင် ဒူးလမ်းကြား ကာရံခြင်း နေထိုင်ခြင်းကို ဆောင်ရွက်နေကြ ပါသည်။
၁၀။ အထက်ပါကိစ္စများကို အခြားသော ပုဂ္ဂိုလ်များအား ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိက လုံးဝဒူးလမ်းကြား ပိတ်ထားမှုကိစ္စကို အရေးမယူဘဲ ပိုင်ဆိုင်မှု အထာက်အထား ရှိသူများအား မြို့နယ် တရားရုံးရာကြီး ၆၆၈/၂၀၁၄ တွင် အရေးယူ တရားစွဲခံရပြီး ၂၅-၉-၂၀၁၄ တွင် ဒဏ်ငွေနှင့် ထောင်ဒဏ် ပူးတွဲ အမိန့်ချသည်။
၁၁။ ၂၀၁၅ မတ်လမှာ ရပ်ကွက်ကြီး (၃) အုပ်ချုပ်ရေးမှူးထံ ဒူးလမ်းကြားတွင် စီးပွားရေး စွန့်ပစ်အမှိုက်များ ၂၀၀၈ ခုနှစ်မှ ယနေ့တိုင် လူကိုယ်တိုင် သတင်းပို့ခဲ့ခြင်း၊ လုံးဝလာရောက် ဖြေရှင်းခြင်းမရှိ ၂၀၁၅ မတ်လ ၁၈ ရက်နေ့တွင် တရားဝင် စာတင်ခဲ့သော်လည်း လုံးဝ လာရောက်ကြည့်ရှုခြင်း၊ ဖြေရှင်းခြင်း မရှိပါ။
၁၂။ ပြင်ဦးလွင်မြို့နယ်/ ရပ်ကွက်တွင် တိုက်သစ် ဆောက်လုပ်ခြင်း၊ တိုက်ဆောက်လုပ်ခ ရာခိုင်နှုန်းထား သွင်းခြင်းများ ဆောင်ရွက် နေကြပါသည်။
၁၃။ ကျွန်တော်အား အများသွားလာ အသုံးပြု ဒူးလမ်းကြားအား ကာထားခြင်းကို အရေးယူပြီး အမှတ်-၅၆/၅၇ နေ ခင်မောင်လတ် နှစ်ရှည်စီးပွားရေးအမှိုက်များ ပစ်ထားခြင်းကို အရေးယူခြင်းမရှိ၊ အုတ်ဖြင့် ရေကန်-ရေနွေး ဖို ဆောက်ထားသူအားလည်း အရေးယူခြင်းမရှိပါ။ ၀ယ်ယူထားခြင်းသည် ၃ ဦးမှာ မရှိပါ။ တရားဝင် ၀ယ်ယူထား သူကို စည်ပင်ဦးစီး အမှုဆောင်အရာရှိ တစ်ဖက်သတ် အရေးယူ ဆောင်ရွက်ခဲ့သည့်အတွက် အရေးယူ ဆောင်ရွက် ပေးပါရန် တင်ပြအပ်ပါသည်။
ဦးရှာမ်းလားလ်(ခ)
ဦးသိန်းမောင်
၉/မမန(နိုင်)၀၈၅၆၄၄
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment