Friday, May 8, 2015

ပြည်တွင်း ကန်ဒေါ်လာဈေးနှင့်ရွှေဈေး မြင့်တက်

 ရန်ကုန်၊ မေ ၇

မြန်မာနှစ်ကူးသင်္ကြန်ကာလ အပြီး ရက်သတ္တနှစ်ပတ်ကျော်လာ ချိန်တွင် ပြည်တွင်းရှိ ကန်ဒေါ်လာ ဈေးနှင့် ရွှေဈေး များ မြင့်တက်လာသည်။ သင်္ကြန်ကာလမတိုင်ခင်က ပြည်တွင်း ကန်ဒေါ်လာဈေးနှုန်းမှာ တရားဝင်ငွေ လွှဲကောင် တာများတွင် ကျပ် ၁၀၇၀၀န်းကျင် ဈေးပေါက် ခဲ့ပြီး ပြင်ပဈေးကွက်တွင် ကျပ် ၁၀၈၀ ၀န်းကျင် သာ ဈေးပေါက် ခဲ့သော်လည်း သင်္ကြန်ကာလကျော်လွန်ပြီး ရက်သတ္တနှစ်ပတ် ကျော်လာချိန် တွင် ကန်ဒေါ်လာနှုန်းမှာ တရား ၀င်ငွေလွှဲကောင်တာများနှင့် ပြင်ပဈေး ကွက်တွင် ကျပ် ၁၁၀၀ ကျော်သို့ ဈေးမြင့်တက် လာသည်။

လတ်တလော ပြည်တွင်းကန် ဒေါ်လာဈေး မြင့်တက်ရခြင်းမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကုန်သွယ် မှုတွင် ထိုင်း ဘတ်ငွေ ဈေးမြင့် တက်မှုကြောင့် ပြည်တွင်းမှ ကန်ဒေါ်လာပေး၍ ငွေပေးချေမှုများပါ လိုက်ပါမြင့်တက် လာခြင်း ကြောင့်ဖြစ်ကြောင်း ပြည်တွင်းငွေကြေး ဈေး ကွက်အတွင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။ အလား တူ ပြည် တွင်းရွှေဈေး နှုန်းများမှာ သင်္ကြန်ကာလ မတိုင်မီ က ကျပ် ၆၈၄၀၀၀ ၀န်းကျင်ခန့် ရှိခဲ့ရာမှ သင်္ကြန်ကာလ အပြီးတွင် ကမ္ဘာ့ရွှေဈေးနှုန်း မြင့် တက်လာမှု နှင့်အတူ ကျပ် ၆၉၀၀၀၀ ၀န်းကျင်သို့ ကျပ် ၆၀၀၀ ၀န်းကျင် ခန့်ဈေး မြင့်တက်လာသည်။…

ပြည်တွင်းရွှေဈေးမြင့်တက်မှု နှင့်ပတ်သက်၍ ““သင်္ကြန်မတိုင်ခင်က ခြောက်သိန်းရှစ်သောင်းကျော် ရှိတယ်။ အခုက ခြောက်သိန်းကိုး သောင်းကိုးသောင်းစွန်းစွန်းဆိုတော့ ၄-၅-၆ထောင်လောက် တက်သွား တာပေါ့။ အဓိ ကကတော့ ကမ္ဘာ့ရွှေဈေးတက်တယ်။ ဒေါ်လာဈေး တက်တယ်။ ၁၁၀၀(ကျပ်) ကျော် သွားပြီပေါ့။ ဒေါ်လာ ဈေးလည်း တက်လို့ပေါ့။ ပုံမှန်ဆို ကမ္ဘာ့ရွှေဈေး တက်ရင် ဒေါ်လာဈေးကျတတ်တယ်။ အခုဟာက မကျဘဲနဲ့ ဒေါ် လာဈေးပါ လိုက်တက်တယ်”” ဟု အောင်သမာဓိရွှေဆိုင်မှ မန်နေဂျာ ဦးဝင်းငယ်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment