ပုပ္ပသီရိ ဒက္ခိဏသီရိ အစရှိတဲ့ မြို့နယ်တွေမှာ ပုံစံ ၁၀ မရှိတဲ့သူတွေရှိတယ်၊ အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေ ရှိတယ်၊ တင်ပြထားပေမယ့် လုပ်မပေးတာတွေရှိတယ်၊ ရွေးကောက်ပွဲက နီးကပ်လာပြီ၊ ဒါတွေအားလုံး မလုပ်ပေးနိုင်ရင် တရားမျှတမှုရဲ့ အနှစ်သာရ ရှာဖွေလို့ရတော့မှာ မဟုတ်ဘူး …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ ရွေးကောက်ပွဲ အကြိုပြင်ဆင်နေမှုနှင့် ရွေးကောက်ပွဲ၏ တရားမျှတနိုင်ခြေတို့နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြ လိုက်ပါသည်။
မေး- ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘာတွေကြိုတင် ပြင်ဆင်ထားပါသလဲ။
ဖြေ- ၂၀၁၅ ရွေးကောက်ပွဲက ပြီးခဲ့တဲ့လက ဗဟိုအောင်နိုင်ရေး ကော်မတီဖွဲ့ပါတယ်။ ဗဟိုအောင်နိုင်ေ ရး ကော်မတီက အန်ကယ်လ် ဦးဆောင်တယ်ပေါ့။ ဗဟိုအောင်နိုင်ရေး လုပ်ငန်းကော်မတီက ဒေါက်တာဝင်းနိုင် အထွေထွေ အတွင်းရေးမှူးက ဦးဆောင်ပါတယ်။ ဦးဆောင်ပြီးတော့ တစ်နေ့ကပဲ ဗဟိုလုပ်ငန်း ကော်မတီရဲ့ အခြေခံဆပ် ကော်မတီ ၇ ခုဖွဲ့ပါတယ်။ အပတ်စဉ်လုပ်ငန်း လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေက အခုက ၁၀၀ ကျော်လောက်ပဲ ကိုယ်တို့က ရသေးတာကိုး။ ပြည်ထောင်စု လွှတ်တော်ကို ပြောတာနော်၊ တိုင်းဒေသကြီး မပါသေးဘူး။ ၁၂၀၊ ၁၃၀ လောက်တော့ ရပြီဆိုပါတော့။ ကိုယ်စားလှယ် လောင်းတွေရဲ့စာရင်းက အခုချိန်ထိ မပိတ်နိုင်သေးဘူး။ တဖွဲဖွဲဝင်နေတော့ကာ လာမယ့်မေလ ၁၆၊ ၁၇ မှာ ဆဋ္ဌမအကြိမ် ပါတီညီလာခံရှိတယ်။ ဗဟိုဦးစီးညီလာခံ၊ အဲဒီမှာတော့ အပြီးသတ် တင်နိုင်အောင် တောင်းခံထားတယ်လေ။ မဟာဗျူဟာကတော့ ၁၀၀ နဲ့ အထက် လွှတ်တော်ထဲမှာ ရရှိရေးပေါ့၊ ၁၀၀ဆိုတာ အောက်ထစ် ၁၀၀ ပေါ့။ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် နှစ် ရပ်ပေါင်း ၁၀၀ ရရမယ်။ တိုင်းဒေသကြီး လွှတ်တော်က သူတို့ ၀င်ချင်သလောက် ၀င်နိုင်ပါတယ်။ အဲဒါမဟာဗျူဟာ ပါပဲ။ တို့က မဟာဗျူဟာက ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ ဥပဒေတွေ ပြုပြီးေ တာ့ ပြည်သူကို အကျိုးပြုတဲ့ နိုင်ငံရေးဖြစ်အောင်၊ ဥပဒေပြု လွှတ်တော်ထဲ ကနေ ဆောင် ရွက်နိုင်အောင် နိုင်ငံရဲ့ ဒီလိုအပ်နေသေးတဲ့ ဥပဒေ ပြင်ရေးတွေ အခြေခံဥပဒေမှာ လိုအပ်တဲ့ဟာတွေ ဒီမိုကရစ်တစ် ဥပဒေဖြစ်လာအောင် စသည်ဖြင့် ဒါတွေကို ချဲ့သွားဖို့အတွက် လည်း ဆောင်ရွက်သွားဖို့ မဟာဗျူဟာ ချမှတ်ထားပါတယ်။ ရွေးကောက် ပွဲ ကြေညာ စာတမ်းလည်း ကိုယ်တို့ ရိုက်ထားပြီးရှိတယ်။ ဒါလည်း စက်ပေါ်မှာ ရှိသေးတယ်။ အဲဒါတွေ ထွက်လာရင် ကိုယ်စားလှယ်လောင်းတွေကို ပေးပြီးတော့ ဖတ်ခိုင်းဖို့ပဲ။ ဒါတွေရရင်တော့ အခြေအနေတွေ တိုးတက်လာဖို့ အကြောင်းရင်း ရှိတာပေါ့လေ။
မေး – ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နှနေရာ ၀င်ပြိုင်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ – တိုင်းနဲ့ ပြည်နယ်အလိုက်တော့ အိမ်ပြည့်တော့ မ၀င်နိုင်ဘူး။ ရန်ကုန်တိုင်း ၄၅ မြို့နယ် ၄၅ ခု လုံးတော့ မ၀င်နိုင်ဘူး။ ကိုယ့်အတွက် အားသာတဲ့ မြို့နယ်တွေကို ရွေးပြီးတော့ လိုအပ်မယ်ထင်တဲ့ မြို့နယ်တွေကို ရွေးပြီးတော့၊ တချို့ကလည်းပဲ တချို့ပါတီတွေက မိတ်ဖက်ပါတီတွေရှိမယ်။ ညီနောင်ပါတီတွေရှိမယ်။ ညှိနှိုင်း ချင်ရင်တော့ ညှိနှိုင်းတဲ့ ဟာလေးတွေအတွက် တံခါးဖွင့်ထားတာတွေလည်း ရှိတာပေါ့လေ။ အဲဒီတော့ စုစုပေါင်း ခုနက ပြောသလိုပေါ့။ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀ လောက်တော့ဝင်ဖို့ လျာထားတာတော့ ရှိတာ ပေါ့လေ။ ထို့အတူပဲ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မှာလည်း ၂၀၀ လောက်တော့ ၀င်မယ်။ စုစုပေါင်း ၄၀၀ လောက်ကတော့ ၀င်နိုင်အောင် ကြိုးစားသွားမယ်။
မေး- ရွေးကောက်ပွဲမှာ ဆရာတို့ အဓိက ယှဉ်ပြိုင်ရမယ့်ပါတီက ဘယ်ပါတီဖြစ်မလဲ။
ဖြေ – အဓိက ယှဉ်ပြိုင်ရမှာထက် စာရင်တော့ ကိုယ်တို့က ကိုယ်တို့ စဉ်းစားပုံ စဉ်းစားနည်းက အယူအဆ ကွာတာပေါ့လေ။ ကိုယ်တို့က ပါတီကြီးတွေ၊ ပါတီငယ်တွေ၊ ပါတီလတ်တွေကို ယှဉ်ပြိုင်ဖို့ ကိုယ်တို့က မစဉ်းစားဘူး။ ကိုယ်စဉ်းစားတာက သူတို့တွေရဲ့ အားနည်းချက်၊ အားသာချက်ကို ကြည့်ပြီးတော့ကာ သူတို့ အားနည်းချက် ကွက်လပ်တွေက ဘာတွေလဲ။ ပြည်သူက ကိုယ်တို့ပါတီပေါ်မှာ ဘယ်လောက် အာရုံကျလဲ။ ကိုယ်တို့ ပြည်သူကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်သလဲဆိုတာ ကိုယ့်ပါတီ လမ်းကြောင်းပေါ်က ကိုယ့်ဟာ ကိုယ် လွတ်လွတ်လပ်လပ် လျှောက် တာပဲလေ။ ဘယ်ပါတီကိုမှ ပုတ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ သူတို့အကျိုး စီးပွားပျက်အောင် ခြေထိုးခြင်းတို့၊ နောက်ကွယ်က ဓားနဲ့ထိုးခြင်းတို့ လုပ်မှာလည်း မဟုတ်ဘူး။ ပါတီချင်း ယှဉ်ပြိုင်ဖို့ ထက် ပြည်သူ့ဆီက ဆန္ဒကို မှန်မှန်ကန်ကန်နဲ့ ပြည်သူနားလည်အောင် ရှင်းပြပြီးတော့ မဲတောင်းခံ ဖို့၊ ပြည်သူ့လိုအပ်ချက်တွေ (Wants and Needs) တွေ ဒါတွေကို ကိုယ်တို့ ရှာဖွေပြီးတော့ မှ ပြည်သူ ကို ရွေးကောက်ပွဲကာလ ကတိက၀တ်တွေကို လွှတ်တော်ထဲ ရောက်တဲ့အခါလည်း တည်နိုင်အောင် ကိုယ်တို့ပါတီက နောက်ကနေ လွှတ်တော်ရေးရာ ကော်မတီတွေ၊ အလုပ်အမှုဆောင် အဖွဲ့တွေက ဒီဟာတွေကို ချမှတ်ပြီးတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့အချက်တွေကို လွှတ်တော်ထဲမှာ တင်ပြသွားဖို့ ပြည်သူထဲကိုချပြမှာ။
ပြည်သူက နှစ်သက်လို့ ရှိရင် ချပြတဲ့ ဟာတွေကို လွှတ်တော်ထဲ တင်သွားပြီးတော့ စစ်မှန် တဲ့ အလုပ်အကျွေးပြုမှုကို ကိုယ်တို့က ရည်ရွယ်တယ်။ နောက်ပြီးတော့ မဟာဗျူဟာအရတော့ လွှတ်တော် ထဲမှာ အနည်းဆုံး ၁၀၀ ရအောင် ကြိုးပမ်းမယ်ဆိုတဲ့ သဘောက ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ အင်အား ကြီးတဲ့ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပေါ့။ တစ်ပါတီတည်းက လွှတ်တော်တစ်ခုလုံးကို လွှမ်းခြုံပြီးတော့ နိုင်ငံရေး ငါတကော မကောနိုင်အောင် ဒီလို ရည်ရွယ်တာဖြစ်တယ်။ နှစ်ပါတီ ပေါင်းပြီးတော့ အများစုဆန္ဒနဲ့ ပါတီငယ်တွေ၊ ပါတီလတ်တွေ နှိပ်ကွပ်ပြီးတော့မှ သူတို့ချည်းပဲ သဘောထားနဲ့၊ လွှတ်တော်ကြီးကို သူတို့ သဘောထားနဲ့ ဆွဲခေါ် သွားမှာကိုလည်း မလိုလားတဲ့ အတွက်ကြောင့်မို့လို့ (Power Balance) ပေါ့။ အင်အားမျှခြေ ရှိနိုင်အောင် လူဦးရေ အမတ်ဦးရေ ၁၀၀ လောက် လွှတ်တော်ထဲ ရောက်ရမယ်လို့ ကိုယ်တို့က သတ်မှတ်ထားတာ ဖြစ်တယ်။ ဒါ မဟာဗျူဟာ သဘောထားပဲ။ ဒါကလည်းဘာလဲ ဆိုတော့ နောင်အချိန်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေးကို ရောက်တဲ့အခါမှာ လွှတ်တော်ထဲမှာလည်းပဲ မျှခြေနဲ့တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်တွေကလည်း ပါတီကြီးတွေနဲ့အတူ ပါးစပ်ပေါက်တွေကလည်း ရှိနေရမယ်ဆိုတဲ့ ပြည်သူ့အသံကို ပါတီငယ်တွေကလည်း ပါဝင်ပြောနိုင်တဲ့ အနေ အထားမျိုးကို ဖန်တီးပြီးတော့မှ ပါတီစုံစနစ်နဲ့ သွားတဲ့ ပါတီစုံ လွှတ်တော်ကြီး ဖြစ်နိုင်အောင် ကြိုးစားချင်တဲ့ဟာ ဆိုတာ ကိုယ့်မဟာဗျူဟာရဲ့ အဓိက (Setting)ပါပဲ။
မေး – ခုနကလည်း ပြောသွားတယ်။ ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ်တောင် ၀င်ပြိုင်ဖို့ မသေချာဘူးဆိုတော့ တခြားဘယ်မြို့၊ တိုင်းတွေမှာလည်း ၀င်မပြိုင်နိုင်တာတွေ ရှိဦးမလဲ။
ဖြေ – တိုင်းနဲ့ ပြည်နယ် ၁၄ ခု ရှိတဲ့နေရာမှာ အဓိက ရခိုင်၊ ကယားက ကိုယ်တို့ အရောက်အပေါက် နည်းတယ်။ ချင်းကလည်း ကိုယ့်တို့ ရဲဘော်များက အခုထိ မသေချာသေးကတော့ ကယား၊ ရခိုင်၊ ချင်းကတော့ ကိုယ်တို့က ပြိုင်နိုင်ခြေ မရှိဘူးလေ။ အဲဒီတော့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာတော့ ပြိုင်သွားဖို့ ရှိပါတယ်။
မေး – လက်ရှိပေါ့နော်၊ ဆရာတို့ ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီက အင်အားအကြီးဆုံးလဲလို့ ဆရာတို့ သတ်မှတ်ထားလဲ။
ဖြေ။ ။ အင်အားကြီးတယ် ဆိုတာကတော့ နှစ်မျိုးရှိတာပေါ့လေ။ ငွေကြေး အင်အားနဲ့ အာဏာနောက်ခံရှိတဲ့ ပါတီ။ စည်းလုံးရေးအင်အားနဲ့ အလိုလိုနေရင်းကို လူထုကနေပြီးတော့ မျှော်လင့်ချက်ကြီး နဲ့ မျှော်ကိုးစိတ်ကြီးနဲ့ ထင်နေတဲ့ ပေါ်ပြူလာပါတီပေါ့။ ဒါတွေကတော့ ရှိတာပေါ့။ ဒါပေမဲ့လို့လည်း နိုင်ငံရေးဆိုတာက ကြွေတစ်လှည့် ကြက်တစ်ခုန်ပဲလေ။ နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ်၊ အဲဒီတော့ ဘယ်လောက်ပဲ အင်အား ကြီးပါတယ်ပြောပြော ရွေးကောက်ပွဲ ကျတော့ ပြည်သူမကြိုက်ရင်ရမှာ မဟုတ်ဘူးလေ။ အဲဒီတော့ ဘယ်ပါတီ ကိုမှ အင်အားကြီးဆိုတာ ခုနပြောသလိုပေါ့။ ပေါ်ပြူလာဖြစ်မယ် မျှော်လင့်နေတဲ့ ပါတီဖြစ်ချင်လည်း ဖြစ် မယ်။ ငွေအင်အား၊ လူအင်အားနဲ့ အာဏာအင်အားတွေနဲ့ လွှမ်းခြုံထားတဲ့ ပါတီလည်း ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါတွေကို အင်အားကြီးတယ်လို့ ပြောလို့တော့ရတယ်။ အင်အားကြီးပါတီတွေက အဓိက ပြိုင်ဘက်တွေကို တကယ်တမ်း အနိုင်ရမယ့်ပါတီတွေလား။ တကယ်ပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ ချည်းပဲနိုင်မလား ဆိုတာကတော့ ကံသေကံမ ပြောလို့မရဘူး။ တစ်ခုသေချာတာကတော့ ဘယ်ပါတီမှ လွှတ်တော်တစ်ခုလုံးကို ၁၀၀ ရာခိုင်နှုန်း မလွှမ်းခြုံနိုင်ဘူးဆိုတာ သေချာတယ်။ အခုပြောရမယ်ဆိုရင် ၅၀ရာခိုင်နှုန်း လွှမ်းခြုံဖို့ ဆိုတာတောင်မှ အခက်အခဲရှိတယ်လို့ ပြောရမယ့် အနေအထားမှာရှိတယ်။ အဲဒီတော့ ဘယ်ပါတီဖြစ်ဖြစ်၊ ဘယ်လောက်ပင် အင်အားကြီးကြီးပေါ့။ ၅၀ ရာခိုင်နှုန်း အမတ်ဦးရေ ၄၀၀ ကျော်ပေါ့။ ပြည်ထောင်စု လွှတ်တော် မှာ ၆၆၀ မှာ တပ် ၂၅ ရာခိုင်နှုန်းနုတ်၊ ကျန်တဲ့ဟာ အားလုံးကို ပါတီတစ်ခုတည်းက သိမ်းကျုံးပြီး ယူသွားတဲ့ နိုင်ငံရေး အခြေအနေ ခြေခင်းလက်ခင်း အဲဒီလောက် မရှိတော့ဘူးလို့ သေချာပြောနိုင်တယ်။
မေး – ရွေးကောက်ပွဲ မဲထည့်ခွင့်နဲ့ ပတ်သက်ပြီး စောင့်ကြည့်အတိုင်းအတာ ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ – မဲထည့်ခွင့်နဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရဘက်ကတော့ တရားမျှတ လွတ်လပ်မယ်လို့ ပြောပါတယ်။ ပြောတိုင်းလည်း ကျွန်တော်တို့က မယုံနိုင်ဘူးလေ။ ဘာလဲဆိုတော့ ဒီလွတ်လပ်တယ်ဆိုတာကတော့ ကော်မရှင်ရဲ့ဥပဒေတွေ၊ လုပ်ထုံးလုပ် နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ က မှန်ကန်နေရင် နိုင်ငံတကာစံနှုန်း နဲ့ပြည့်မီမယ်ဆိုရင် လုပ်ရတာ လွတ်လပ်မှာပေါ့လေ။ မဲထည့်တာ၊ မဲရေတာ၊ မဲရုံသွားစောင့်တာ၊ မဲရုံထဲကို ၀င်ထွက်ခြင်း၊ မဲရုံစောင့်ကြည့်ခြင်း၊ မဲရုံတွေကလည်းပဲ သူတို့နဲ့ နီးစပ်တဲ့ ပါတီကြီး ပါတီငယ်၊ ပါတီလတ်တွေ အစောင့်ထားနိုင်တဲ့၊ မဲရုံစောင့်နိုင်တဲ့ မဲရုံအရေအတွက်မျိုး၊ မဲရုံပေါင်း တစ်ထောင် လောက် ရှိရင်တော့ ပါတီတွေက မဲရုံစောင့်ထားနိုင်မှာ မဟုတ်ဘူးလေ။ အဲဒါမျိုးတွေ မဟုတ်ဘဲ နဲ့ ဖြစ်မယ်ဆိုရင် လွတ်လပ်မှုက ရပြီပေါ့လေ။ တရားမျှတမှု ကျတဲ့အခါကျတော့ နည်းနည်းကွာတယ်ေ လ။ ကော်မ ရှင် ဘက်မှာ လည်း တရားမျှတမှုကို စောင့်ထိန်းဖို့ လိုတယ်ပေါ့လေ။ ပါတီတွေဘက်က လည်း စောင့်ထိန်းဖို့ လိုတယ် ပေါ့လေ။ ပါတီတွေဘက်ကလည်း လယ်သမား အိမ်ထောင်စုတွေကို ပိုက်ဆံပေးပြီးတော့ မဲဝယ်တာမျိုး လုပ်ထားမယ်ဆိုရင် ကြိုတင်ပြီးတော့ မဲဝယ်တာ၊ ကြိုတင်ပြီးတော့ စည်းရုံးခွင့်ရတာမျိုး ဖြစ်တယ်။
နောက်တစ်ခါ နိုင်ငံတော်နဲ့ ပတ်သက်ပြီးတော့၊ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ဓာတ်ပုံသုံးပြီးတော့ မဲဆွယ်ကြမယ် ဆိုရင်လည်း ဒါကတော့ ဟိုအများဆိုင်ပုဂ္ဂိုလ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကိုသုံးပြီးတော့ မဲဆွယ်မယ် ဆိုရင်လည်း ပါတီပိုင် မဟုတ်ဘူးလေ။ နိုင်ငံပိုင်ပုဂ္ဂိုလ်ကြီးကို သွားပြီးတော့ ပါတီတစ်ခုရဲ့ သုံးစွဲမှုကို ခွင့်ပြုမယ်ဆိုရင်လည်း မျှတမှုရဲ့ အခြေခံကို ဖျက်ဆီးရာ ရောက်တယ်။ နောက်တစ်ခါ ကော်မရှင်ဘက်က ကြည့်မယ်ဆိုရင်လည်း ခုနပါတီတွေ ပြောတာပေါ့။ နိုင်ငံသားတိုင်း အသက်ပြည့်မီသူတိုင်းဟာ မဲပေးခွင့်ရှိတယ်။ မဲပေးခွင့်ကို ကော်မရှင်မှာ တာဝန်ရှိတယ်။ တစ်ယောက်မကျန် မဲပေးခွင့်ရဖို့က ကော်မရှင်ရဲ့တာဝန်။ အဲဒါမဟုတ်ဘဲနဲ့ ရွှေ့ပြောင်းလုပ်သားတွေမို့လို့၊ ပုံစံ ၁၀ မရှိလို့၊ အမည်စာရင်းမပြနိုင်လို့ မဲထည့်ခွင့်မရှိဘူး ဆိုတာမျိုး ရှိနေမယ်ဆိုရင် တရားမျှတမှုဆိုတာ ရှာဖွေလို့ရမှာ မဟုတ်ဘူး။ ကော်မရှင် ဘက်ကလည်း အချိန်မီ ပုံစံ ၁၀ မရှိတဲ့ လူတွေကိုလည်း မဲထည့်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့လိုတယ်။ ဥပမာ နေပြည်တော်မှာ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ အစရှိတဲ့ မြို့နယ်တွေမှာ ပုံစံ ၁၀ မရှိတဲ့ သူတွေရှိတယ်။ အိမ်ထောင်စုစာရင်း မရှိတဲ့ သူတွေ ရှိတယ်။ ဒါပေမဲ့ တင်ပြထားပေမယ့် လုပ်မပေးတာတွေရှိတယ်။ ရွေးကောက်ပွဲက နီးကပ်လာပြီ။ ဒါတွေအားလုံး မလုပ်ပေးနိုင်ဘူးရင် တရားမျှတမှုရဲ့ အနှစ်သာရ ရှာဖွေလို့ရတော့မှာ မဟုတ်ဘူး။
မေး – တရားမျှတမှုမယ်လို့ ထင်မြင်မိလား။ ဆရာတို့အနေနဲ့ ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ – တရားမှုရှိအောင်တော့၊ အပြင်ပိုင်းမှာ ရှိအောင်တော့ လုပ်ကြလိမ့်မယ်လေ။ သူတို့ ဒါပေမဲ့ အတွင်းမှာ တော့ဖြင့် ကိုယ်တို့မသိနိုင်တဲ့ ဟာတွေပေါ့။ အန်ကယ်လ် ထုတ်ပြတဲ့ ပုံစံ ၁၀ ပေါ့။ မှတ်ပုံတင် လုပ်မပေး တာတွေ ရှိတယ်။ အိမ်ထောင်စု စာရင်းတွေ မရှိတာတွေ ရှိတယ်။ အဲဒါတွေကို အချိန်မီ လုပ်ပေးဖို့က နံပါတ်တစ် လိုပါတယ်။ နောက်ပြီးတော့ မဲရုံထဲကို၊ မဲရုံ ပရ၀ဏ်ထဲကို စောင့်ကြည့် လေ့လာသူတွေ လွတ်လပ် စွာ စောင့်ကြည့် လေ့လာနိုင်ခွင့် ရှိဖို့တော့ လိုတယ်။ နောက်ပြီးတော့ မဲရုံစောင့်တဲ့ ၀န်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ ဖိအားမပေးဘဲနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက လွတ်လပ်စွာ မဲရုံစောင့်နိုင်တဲ့ အစီအမံ မျိုးလည်း ရှိဖို့လိုတယ်။ နောက်တစ်ခါ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေက တိုင်းရင်းသား ပါတီတွေကို သူတို့ကြိုက်တဲ့ ပါတီမဲပေးပါလို့ ဖိအားမပေးဘဲ မဲပေးခွင့်ပေးတာမျိုးလည်း ရှိသင့်တ ယ်။ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း အုပ်ချုပ်မှု အာဏာကလည်း ဘက်လိုက်တဲ့ အပြုအမူတွေနဲ့ မဲရုံတွေကို လုပ်တာမျိုး မရှိဖို့လည်း တားဆီးထားဖို့ လိုပါတယ်။ ဒါဆိုရင်တော့ တရားမျှတမှုကို အထိုက် အလျောက်တော့ ရနိုင်မှာပေါ့။ ဘယ်နိုင်ငံမှာမှ ၁၀၀ ရာခိုင်နှုန်း တရားမျှတမှုရှိတယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အာဏာရပါတီတွေက မရရအောင် ကြံဦးဖန်ဦးမှာပဲလေ။ ဒါကတော့ နိုင်ငံရေးသဘာဝပဲလေ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment