Sunday, May 3, 2015

မြန်မာသတင်းသမားများအား ချက်ချင်း လွှတ်ရန် Amnesty Internationalက ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့တွင် တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာမီဒီယာ ဒါဇင်ခန့်ကို အာဏာပိုင်များက ဖမ်းဆီးထောင်ချထားရသူများ လွှတ်ပေးရန် ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် တောင်းဆိုလိုက်သည်။

Unity5 Graphic English



"အမှန်တကယ်အားဖြင့်လည်း မီဒီယာသမား ၁၂ ယောက် ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့မှာ ထောင်ထဲမှာ အချိန်ကုန်ဆုံးရပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာလောကအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ လက္ခဏာတွေ မကောင်းတာကို တွေ့နေရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဒီအတိုင်းပဲဆက်လုပ်နေတယ်။ အစိုးရနဲ့ စစ်တပ်ရဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို သတင်းရေးသားဖော်ပြတဲ့ ဂျာနယ်လစ်တွေက ဖိနှိပ်ခံရခြင်း၊ ထောင်ကျခြင်းတွေ ကြုံတွေ့နေတယ်။”ဟု Amnesty International မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ သုတေသနဒါရိုက်တာ ရူပတ်အဘော့က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားသည်။

ယင်းအပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်သည် ပိုမိုအရေးကြီးနေပြီ ဖြစ်ကာ ဖမ်းဆီးခံထားရသည့် သတင်းထောက်များသည် ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး ၎င်းတို့ကို ချက်ချင်း လွှတ်ပေးရန်နှင့် အာဏာပိုင်များ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို လေးစားရန် လိုသည်ဟု ၎င်းအဖွဲ့အစည်းက တိုက်တွန်းလိုက်သည်။

ဖမ်းဆီးခံထားရသည့် မီဒီယာသမားများတွင် ငါးဦးသည် Unity ဂျာနယ်မှ ဦးလူမော်နိုင်၊ ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနှင့် ဦးတင့်ဆန်းတို့ဖြစ်ပြီး ၎င်းတို့ကို လျှို့ဝှက်ဥပဒေအရ ၂၀၁၄ ဇူလိုင်လအတွင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းထောင်ဒဏ် ခုနစ်နှစ်သို့ ပြောင်းလဲချမှတ်လိုက်သည်။ ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့တွင် ကမ္ဘာအနှံ့ရှိ Amnesty International မှ တက်ကြွလှုပ်ရှားသူများက ၎င်းတို့ပြန်လည်လွှတ်ပေးရေး တောင်းဆိုမှုအတွက် လူမှုမီဒီယာလှုံ့ဆော်မှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment