Sunday, May 3, 2015

သွန်သင်ဆုံးမမှုထက်ပို၍ အနိုင်ပြုနှိပ်စက်ဆုံးမနေသော ကျောင်းအုပ်ဆရာကြီး – ပေးစာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျောက်ပုံ ကျေးရွာ အုပ်စု၊ ကျောက်ပုံ(မ)ရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အဖြစ်ရှိပြီး ကျောက်ပုံကျေးရွာ(မ) အခြေခံပညာ အလယ်တန်းကျောင်းတွင် အဖ ဦးအောင်မြင့်သိန်း+အမိဒေါ်သန်းကြည်(ကွယ်)တို့၏ သားဖြစ်သူ အသက် ၁၅ နှစ်ရှိ မောင်အောင်ကျော်ကျော်သည် ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေး အခက်အခဲများေ ကြာင့် ကျောက်ပုံ(မ)ရွာ ဆက်တောင် ဘုန်းတော်ကြီးကျောင်း ကိုရင်ဝတ်ပြီး ဘွဲ့အမည် ဥတ္တရဖြင့် ပဉ္စမတန်း ပညာသင်ကြားနေရ ပါသည်။ ကိုရင်ဝတ်ဖြင့် ပညာသင်ကြားနေသော ကိုရင်ဥတ္တရသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးမြင့်ကြိုင်က ပထ၀ီ ဘာသာရပ်ကိုမေးရာ မဖြေနိုင်သဖြင့်ပါးကို ဘယ်ညာ ၄ ချက် အရိုက်ခံရပြီး ဦးခေါင်းကိုကိုင်၍
စာသင်ခုံ ဖြင့် ၃ ချက် ဆောင့်ကာ ပါးစပ်ကို လက်သီးဖြင့် ထပ်မံထိုးသဖြင့် ဘယ်ဘက် အပေါ်သွား ၁ ချောင်းမှာ ကျိုးသွားခဲ့သည့်အပြင် ကျန်သွား ၂ ချောင်းမှာလည်း နဲ့သွားခဲ့ပါသည်။ ကိုရင်ဥတ္တရကို ဤသို့ပြုလုပ်ပြီး အခန်းအတွင်းရှိ ကျောင်းသား ကျောင်းသူများကိုလည်း ဒီပုံစံကို ကြည့်ထား ဟူ၍ ကြိမ်းဝါး ဆူငေါက်ခဲ့ပါသည်။ ကိုရင်ဥတ္တရ ကိစ္စနှင့် ပတ်သက်ပြီး ဆွေမျိုးတော်စပ်သူ ကိုလှနိုင်နှင့် ရွာသားအချို့က ဆပ်တောင် ဘုန်းကြီးကျောင်းသို့ လိုက်လာကြပြီး ကိုရင်ဥတ္တရကို အကြောင်းစုံ မေးမြန်းကြရာ ကိုရင်ဥတ္တရမှ အကြောင်းစုံပြောပြပြီး ကျိုးသွားသောသွားကို ပြသရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြိုင်အပေါ် တွင် မကျေနပ်သဖြင့် ကျောက်ပုံကျေးရွာ(မ) အုပ်ချုပ်ရေးမှူး ဦးဘိုစိုးအား ကိုရင်ဥတ္တရကိုခေါ်ပြီး သွားရောက် တိုင်တန်းရာ အုပ်ချုပ်ရေးမှူး ဦးဘိုစိုးက ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြိုင်ထံသို့သွား၍ ဖြစ်စဉ်ကို မေးမြန်း ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုစိုးအား လေးစားမှုမပြုဘဲ ဒါတင် မဟုတ်သေးဘူး ကျောက်ပုံကျေးရွာကို နာမည် ပျက်အောင် လုပ်ပစ်ဦးမယ်ဟု ရိုင်းပြစွာပြောဆို လွှတ်ခဲ့ပါသည်။

ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြိုင်သည် ကိုရင်ဥတ္တရအပေါ် ရာဇ၀တ်မှုဆန်သော ပြုလုပ်ခဲ့မှုအပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အချိန်ကလည်း ဦးဆယ်မြိုင်+ ဒေါ်သန်းလှတို့၏ သားဖြစ်သူ ပဉ္စမတန်း ကျောင်း သား မောင်စိုး လင်းအောင် ကိုလည်း ခေါင်းကိုတုတ်ဖြင့် ရိုက်ခဲ့သဖြင့် ဦးခေါင်းပေါက်ပြီး ၃ ချက်တိတိ ချုပ်ခဲ့ရပါသည်။ ယခုကဲ့ သို့သော လုပ်ရပ်များမှာ ကျောင်းအုပ်ဆရာကြီး တစ်ယောက်ဖြစ်သော ဦးမြင့်ကြိုင်သည် ပညာသင်ယူနေ သောေ ကျာင်းသား ကျောင်းသူများ အပေါ်တွင် အနာဂတ် ပညာတတ် လူတော်လူကောင်းများ ဖြစ်စေရန် စည်း ကမ်းနှင့် လျော်ညီစွာ ဆုံးမအုပ်ချုပ်ခြင်း မဟုတ်တော့ဘဲ ရာဇ၀တ်မှုဆန်သော နိုင်ထက်စီးနင်း မှု ပြုလုပ် နေခြင်းေ ကြာင့် ကျောင်းသား ကျောင်းသူများမှာ ကျောင်းမတက် ရဲတော့သည့် အခြေအနေသို့ ရောက်ရှိနေ ပါသည်။ ထို့ပြင် ကျောင်းအုပ် ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင် နေရပါသော်လည်း မိမိတာဝန်ကျရာ ကျောက် ပုံ(မ) ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ နိုင်ငံတော် ပညာရေး ၀န်ကြီးဌာန၏ စည်းကမ်းချက် များကို လေးစား လိုက်နာမှုမပြုဘဲ ကျောင်းသို့ မှန်မှန် လာရောက်ခြင်းမပြုဘဲ လာချင်သည့် အချိန်မှလာပြီး စာသင်ချိန်ကိုလည်း အပြည့်အ၀ သင်ကြားမှု မပြုဘဲ ကျောင်းဆင်းချိန်ကို အမြဲတမ်းစော၍ ဆင်းပေးမှုများ ပြုလုပ် လျက်ရှိပါသည်။

တစ်နိုင်ငံလုံးရှိ စာသင်ရမည့်အရွယ် ကလေးသူငယ်များ အားလုံးကို စာမတတ်သူ မရှိစေရေးနှင့် ပညာရေးစနစ် အဆင့်မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြိုင်သည် နိုင်ငံတော် က ပေးသော လစာကိုယူပြီး နိုင်ငံတော်၏ အကျိုးကို သယ်ပိုးပေးရန် တာဝန်ရှိသော်လည်း တာဝန်ယူလိုစိတ် မထားခြင်းနှင့် ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများကို ဂရုမစိုက်ဘဲနေမှုမှာ နိုင်ငံတော်အစိုးရနှင့် ပညာရေး ၀န်ကြီးဌာနတို့၏ လုပ်ကိုင်ကြိုးပမ်း ဆောင်ရွက်မှုများကို ပြည်သူလူထု အပေါင်းမှ ယုံကြည်မှုကင်းမဲ့စေ ရန် ပြုလုပ်နေပါသည်။

ယခုကဲ့သို့ အရွယ် မရောက်သေးသော ကလေးသူငယ် ကျောင်းသား ကျောင်းသူများ အပေါ်တွင် ဆရာ တစ်ယောက်၏ ကျင့်ဝတ် စည်းကမ်းနှင့်အညီ သွန်သင်ဆုံးမမှု မပြုလုပ်ဘဲ ရာဇ၀တ်မှုဆန်သော နိုင်ထက် စီးနင်း၊ ညှဉ်းပန်းနှိပ်စက် နေမှုများ ဆက်လက်ပြုလုပ်နေပါက နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများနှင့် ရင်ဆိုင်ရသော အခြေအနေများနှင့် ကြုံတွေ့လာနိုင်ပါသည်။ ကျောက်ပုံကျေးရွာ(မ) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြားကျောင်းများသို့ ပြောင်းရွှေ့မှု ပြုလုပ်ပေးလျှင်လည်း ယခုကဲ့သို့ အဖြစ် အပျက်များ ပေါ်လာနိုင်သောေ ကြာင့် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြိုင်ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်ပေးနိုင်ရန် လေးစားစွာဖြင့် တင်ပြတိုင်ကြား အပ်ပါသည်။

မမာမာချို (၉/ကမတ(နိုင်)၂၂၀၃၈၉)

ကျောက်ပုံ(မ)ရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment