~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● နိဒါန်း
ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းဟာ ကိုယ်ပိုင်ယူဆချက် ရှိကြစမြဲပါ။ ဘယ်လိုပဲ ကွဲပြားခြားနားနေကြပါစေ။ တူညီ တဲ့ အနှစ်သာရနဲ့ ပေါင်းသင်းဆက်ဆံကြရင် နိုင်ငံရေးအရ သို့မဟုတ် ဘယ်အရေးအရာမဆို မငြိမ်း ချမ်း တာ (မငြိမ်းချမ်းဘူးဆိုတာ) မရှိပါဘူး။
(တောင်ကလေးဆရာတော်)
● စကားချီး
ရပ်တည်မှုနဲ့ ပတ်သက်ရင်၊
(၁) ကြိုးစားအားထုတ်မှု ရှိရမည်၊
(၂) ကြီးသော ပညာရှိရမည်၊
(၃) ကြံ့ခိုင်ရေးရှိရမည်၊
(၄) အကျိုးရှိသည်ကို ကျင့်မှုဖြစ်ရမည်ဆိုပြီးတော့ ကျမ်းဂန်စာပေမှာပြသည်။ (ပြပါတယ်။)…
● ဝေဖန်သုံးသပ်နေကြပါ
နိုင်ငံရေးတရားတိုင်းက လူအားလုံးအတွက်ပါပဲ။ လူသားတွေကို သင်ကြားပေးတဲ့ တရားဟာ နိုင်ငံရေးတရား ပါပဲ။ နိုင်ငံတရားအရ-
(၁) ပေးကမ်းဝေငှတာ၊ စွန့်ကြဲတာ၊
(၂) ကိုယ်နှုတ်ကြမ်းတမ်းမှုကို စောင့်ထိန်းကြတာ၊
(၃) မိမိစိတ်အလေ့အကျင်ကို မြင့်မြတ်အောင် စောင့်ထိန်းကြတာနဲ့(၄) နိုင်ငံရေးလမ်းစဉ်တိုင်းမှာ ထားတာပါပဲ။ သို့မဟုတ် ရှိကြစမြဲပါပဲ။ ဒီလမ်းစဉ်တရားပဲ (နဲ့ပဲ) နိုင်ငံရေးမှာ(ကို) သွားရမယ်။
ဟုတ်ပါပြီ။ ဖော်ပြတဲ့နိုင်ငံရေးမူ သို့မဟုတ် လမ်းစဉ်တရား ညွှန်ပြချက်နဲ့ မြန်မာပြည်နိုင်ငံရေးဟာ သွားနေကြပြီ လား။ မြန်မာပြည်နိုင်ငံရေး ခေတ်ရေစီးကို လေ့လာကြည့်ပါ။ (လေ့လာကြပါ)။ယနေ့ မြန်မာ့နိုင်ငံရေးဟာ မကောင်းတဲ့ ခံစားမှုခေတ်တွေ ဖန်တီးလုပ်ဆောင်နေတာကို တွေ့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်ဖန်တီး လာအောင် အစိုးရကိုယ်တိုင်က လှုံ့ဆော်နေပေးနေတာကို တွေ့ရတယ်။ တကယ်တော့ အစိုးရဆိုတာ ကိုယ်၊ နှုတ်၊ စိတ်မကြမ်းတမ်းသူ သို့မဟုတ် နိုင်ငံရေး လှုပ်ရှားသူတွေ မဖြစ်ရပါ။ ကိုယ်နှုတ်စိတ် ကြမ်းတမ်းလာတဲ့ အစိုးရကြောင့် ယနေ့မြန်မာ့လူမှုအဖွဲ့အစည်းဟာ နိုင်ငံရေး ခေတ်ရေစီးယှဉ်ပြိုင်မှု စတင်လာတာကိုတွေ့ရ တယ်။ တရားခံဘယ်သူတွေလဲဆိုတာကို ပြည်သူတွေ ဝေဖန်သုံးသပ်နေကြပါ။
● အံ့သြလွန်းပါတယ်
ဒီနေ့ မြန်မာပြည်ဟာ ဘယ်သတင်း ကြည့်ကြည့် ဖြစ်စဉ်ပုံတွေ အလားအလာ နိမိတ်တွေ မကောင်းလာ တာကို တွေ့ရတယ်။ လက်နက်ကိုင်ဆောင်တဲ့ သူတွေက ပိုပြီးအင်အားစုစည်းလို့ ဆန့်ကျင်တဲ့ အမူအရာတွေပြနေ တယ်။ နိုင်ငံရေး အင်အားစုတွေက အငြင်းအခုံသန်လာကြတယ်။ ၀ိုင်းစားပွဲအပေါ်မှာ ငြင်းတာခုံတာ မဟုတ်ဘဲ လှောင်ပိတ်ကျပ်သိပ်ပြီး ထိုးကြိတ်ရိုက်နှက် ညှဉ်းဆဲမှုလုပ်လာတယ်။ (လက်ပံတန်းကျောင်းသားသပိတ်)။ တာဝန်ရှိသူဆိုပြီးတော့ တာဝန်ကျပြည်သူ့ရဲတွေက ကူညီပါရစေမလုပ်ဘဲ ကျောင်းသားကျောင်းသူ လူငယ်လေး တွေကို နံပါတ်တုတ်ကြီးနဲ့ မသေသေအောင် ရိုက်နှက်ထုချေ ကန်ကျောက်တာတွေ လုပ်နေတာဟာ မြန်မာ့ နိုင်ငံရေး မြင်ကွင်းဟာ ကြမ်းတမ်းလာတာကို တွေ့ရတယ်။ ပြည်သူတွေ အသိပါပဲ။
(၁) ကျောင်သားကိစ္စ ပထမ ဗိုလ်အောင်ကျော်၊
(၂) ဒုတိယ မောင်ဘုန်းမော်၊
(၃) တတိယ လက်ပံတန်းကျောင်းသားအရေးလို့ သုံးသပ်ပြရင် ပြည်သူတွေ ဘယ်လိုမြင်ကြမလဲ။ လက်ပံတန်း မြို့မှာဖြစ်တဲ့ ကိစ္စဟာကျောင်းသား၊ ကျောင်းသူတွေကို ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွင်းတဲ့ အရေးဟာ အကယ်၍ ကျောင်းသားတွေဘက်က တစ်ဦးတစ်ယောက်ကွယ်လွန် အနိစ္စရောက်သွားခဲ့ရင် (၃) တတိယ ကျောင်း သားကိစ္စမောင်/မ …ဖြစ်သွားနိုင်တယ်။ ဒီအပြုအမှုဟာ အာဏာပိုင်တဲ့သူတွေဟာ မိမိရဲ့ပြည်သူတွေ ကို အကြမ်းဖက်ညှဉ်းဆဲတဲ့ ပြုမူမှုပါပဲ။ ဒါဟာအစိုးရ တစ်ရပ်အနေနဲ့ မလုပ်သင့်တဲ့ အလုပ်တစ်ခုပါလားဆိုတာ သိထားသင့်ပါတယ်။ လက်ပံတန်းကျောင်းသား သပိတ်ကိစ္စမှာ တစ်ဦးတစ်ယောက်က ကွယ်လွန်အနိစ္စရောက် သွားခဲ့ရင် ဘယ်တိုင်းပြည်က ပြည်သူတွေလဲဆိုတာကို လက်ရှိအစိုးရမှာ ဉာဏ်ရည်ဉာဏ်သားနဲ့ မမြင်တတ်တာ ဟာ အံ့သြလွန်းလို့ပါပဲ။
● အဓိကရုဏ်းနှိမ်နင်းတဲ့ ပညာလား
မြန်မာပြည်မှာ အမျိုးသားပညာရေးနဲ့ ပတ်သက်လို့ ပတ်သက်တဲ့ သမိုင်းကိုပြန်လေ့လာပါ။ ခေတ်ကာလ သမိုင်း စာထဲက တိတိကျကျ ရှိခဲ့တာပါပဲ။ ကိုလိုနီပညာကို မကြိုက်လို့ ကျောင်းသားတွေ တော်လှန်ခဲ့တာပဲ။ ကိုလိုနီ ပညာရေးကို မကြိုက်နှစ်သက်လို့ အမျိုးသားပညာရေးဆိုတာ ပေါ်ပေါက်လာတာပဲ။ ဘယ်နိုင်ငံ ဘယ်တိုင်း ပြည် ကိုမဆို မိမိတိုင်းပြည်နဲ့ မိမိပညာရေးပါပဲ။ ကျွန်ပညာရေးကို အလိုမရှိလို့ ကျောင်းသားတွေ တော်လှန်ခဲ့တယ်။ ကျွန်ပညာရေးစနစ် ပျောက်ခဲ့တယ်။ လူ့အသိုင်းအ၀ိုင်းမှာ ပညာရေးဟာ အရေးကြီးပါတယ်။ ပညာရေးအရေး ကြီးတာကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းနေကြတာကို ဘာဖြစ်လို့ ကြမ်းတမ်းရက်စက်စွာ ကျောင်းသားကျောင်းသူ တွေ ကိုအကြမ်းဖက် နှိမ်နင်းကြရပါသလဲ။ အီးယူ(EU) ပုလိပ်အတတ်ပညာက အရှင်တို့ မြန်မာပြည်သူ လူထု တွေကို သေကြောင်းကြံတဲ့ အတတ်ပညာနဲ့ အရှင်တို့လူမှုအဖွဲ့ အစည်းအသိုင်းအ၀ိုင်းကို ဖျက်ဆီးပစ်ချင် နေကြ တာလား တွေးတောစရာပဲပေါ့။
မြန်မာပြည်မှာ တာဝန်ရှိတဲ့ ပြည်သူ့ရဲတွေဟာ ကျောင်းသား ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတဲ့ သူတွေပါ။ လက် နက်မဲ့တဲ့သူကို အဓိကရုဏ်း နှိမ်နင်းမှုပြုရင် နံပါတ်တုတ်နဲ့ အကြိမ် ဘယ်နှချက်သာ ရိုက်ခွင့်ပြုသည်။ ရိုက်ခွင့် မရှိပါ။ ရိုက်ခဲ့သော် ဘယ်နှကြိမ်သာခွင့်ပြုသည်ဆိုတဲ့ တာဝန်ခံ (အာမခံချက်)တဲ့ ဥပဒေဟာ ယနေ့လက်ပံတန်း အဓိကရုဏ်းနှိမ်နင်းတဲ့ရဲကို မေးပါရစေ။ ချောင်ပိတ်လှောင်ပိတ်ပြီး အသေရိုက် အသေညှဉ်းတဲ့ လုပ်ရပ်ဟာ အဓိ ကရုဏ်းနှိမ်နင်းတဲ့ အတတ်ပညာလား စဉ်းစားပါ။ အဓိကရုဏ်း နှိမ်နင်းတဲ့ ပညာနဲ့ရန်သူကို ချေမှုန်းတဲ့ ပညာ ဟာ မတူတာကို မြန်မာပြည်ရှိ ပြည်သူ့တာဝန်ထမ်းတဲ့ပုလိပ် (ပြည်သူ့ရဲ) တွေသိဖို့ လိုပါလိမ့်မယ်။ ကျောင်းသား ဗိုလ်အောင်ကျော်ကျဆုံးခဲ့တာ နံပါတ်တုတ်နဲ့ပါ။
● မဖျက်ဘူး
ကျောင်းသားကျောင်းသူတွေဟာ
(က) လူသတ်မှုကို ကျူးကျော်ကြတဲ့ သူတွေလား၊
(ခ) ဓားပြတိုက်မှု၊ လုယက်မှုတွေလုပ် နေကြလို့လား၊
(ဂ) တိုင်းပြည် ပုန်ကုန်မှု၊ သူပုန်မှုတွေ လုပ်နေကြလို့လား၊
(ဃ) ပြည်သူ့ရန်သူ သူလျှိုလုပ်နေကြလို့လား၊
(င) ဒါမှမဟုတ် ပြည်သူ့ရန်သူဝါဒ ဖြန့်နေကြလို့လား၊
(စ) တိုင်းပြည်အုပ်ချုပ်ရေး ပျက်ပြားအောင် အားထုတ်ကြိုးစားနေကြလို့လား၊
(ဆ) စစ်ကို အရေးနိမ့်အောင်အား ထုတ်ကြိုးစားဆောင်ရွက်နေကြလို့လား၊
(ဇ) ဘိန်းစသော မူးယစ်ဆေးဝါး၊ သေရည်အရက်ကူးသန်းရောင်းဝယ်မှုလုပ် နေကြလို့လား၊
(ဈ) လူ့သိက္ခာကို ညှိုးနွမ်းသေးသိမ်စေအောင် ကြိုးပမ်းအားထုတ်နေကြလို့လား၊
(ည) နိုင်ငံသားတိုင်း တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေးနဲ့ တရားမျှတမှု အခွင့်အရေးတွေကို ခံစားခွင့်မရှိအောင် နှောင့်ယှက်ဖျက်ဆီးနေကြလို့လား၊
(ဋ) ပြည်သူတွေရဲ့အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးမှု လုပ်နေကြလို့လား၊
(ဍ) နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တွေကို တားမြစ်နေကြလို့လား၊
(ဌ) အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အနှောင့်အယှက် ဖြစ်နေကြလို့လား၊
(ဎ) နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမယ့် ခေတ်မီပညာရေး စနစ်ဖော်ဆောင်မှုကို ဟန့်တား နှောင့်ယှက်တယ်လို့ ထင်နေကြသလားစတဲ့ အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန် တိုးတက် ဖွံ့ဖြိုးရေး အတွက် ကျောင်းသားကျောင်းသူတွေ အဲဒီအလုပ်တွေကို မဖျက်ဆီးပါဘူး ဆိုတာကိုတော့ သိထားဖို့လိုပါ လိမ့်မယ်။
● သံသယရှိ
ပြည်သူတွေ စဉ်းစားကြည့်ပါ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ၃၅၃မှာ ““မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိ စေရ””လို့ ဥပဒေပြဋ္ဌာန်း ထားပေးတာဟာ နိုင်ငံသားတွေရဲ့ အသက်ကို ချစေတာ မဟုတ်။ (သတ်ဖို့မဟုတ်)။ (သတ်စေတာ မဟုတ်)။ လွတ်လပ်မှုကို မနစ်နာမဆုံးရှုံးအောင် ကာကွယ်ပေးတာ မဟုတ်လား။ ဒီဥပဒေကို ဥပဒေ တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအတွက် ဆန့်ကျင်ဖျက်ဆီးနေတာဟာ ဘယ်သူတွေပါလဲဆိုတာ ပြည်သူတွေ သိလောက်ပြီပေါ့။
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်၊
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ် ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိရမယ် ဆိုတဲ့ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေ၊ ပုဒ်မ ၃၅၄ ကိုလက်ရှိ အစိုးရအဖွဲ့ အစည်းတွေဘာဖြစ်လို့ မျက် ကွယ်ပြုထားကြတာလဲ သံသယရှိမိနေကြတာ အမှန်ပါပဲ။
● စိတ်ကုန်စရာ
လက်ပံတန်းကျောင်းသား အရေးကိစ္စမှာ ကူညီဆောင်ရွက်ပေးကြတဲ့ တရားဝင် ရရှိပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေ ကို ဥပဒေအရ ကာကွယ်ပေးရမှာကို (ပုဒ်မ ၃၅၆အရ) သို့မဟုတ် ဥပဒေအရ ကာကွယ်ပေးရမယ့် လုံခြုံရေး ကိစ္စ ကို ပုဒ်မ ၃၅၆၊ ပုဒ်မ ၃၅၆ကို ကျူးလွန်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို အရေးယူမှု မပြုဘဲ ““စိတ်ခံစားမှု”” ဆို တဲ့ စကားနဲ့ ဖြေလျှော့ရေးပြောဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်ဘက်ကို ကာကွယ်တဲ့ ဥပဒေပြစကားလဲဆိုတာ သတင်းစာထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောပြနေတာဟာ ပြည်သူတွေကြားသိတဲ့ အတိုင်းပါပဲ။ ပုဒ်မ ၃၇၆ တရား သူကြီးရဲ့ ချုပ်မိန့်မရရှိဘဲ ကျောင်းသားကျောင်းသူတွေကို ၂၄နာရီ ထက်မက ချုပ်နှောင်မှုပြုတာမက အစိုးရ ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပါပဲ။
(က) တိုင်းပြည်အတွင်း စစ်မက်ဖြစ်ပွားတဲ့အချိန်လည်း မဟုတ်ဘဲ (သို့မဟုတ်)
(ခ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင် ရောက်တိုက်ခိုက်နေတဲ့ အချိန်လည်းမဟုတ်ဘဲ (သို့မဟုတ်)
(ဂ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေတဲ့အချိန်လည်း မဟုတ်ဘဲ အခွင့်အရေး ၊ဆုံးရှုံးဆောင် ဖန်တီးလုပ်ကြံတဲ့ သူတွေကို နိုင်ငံတော်သမ္မတရုံးက ကြော်ငြာထားတဲ့ ၂၄/၂၀၁၅ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ (ကို) ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ခန်းမရှေ့ ၅-၃-၂၀၁၅ရက်နေ့ အမျိုးသားပညာရေး ဥပဒေ ပြုပြင်ပြောင်း လဲရေး ထောက်ခံဆန္ဒပြတဲ့ သူတွေကို လူစုခွဲပြီး ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ် ဆေးဖို့စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နဲ့ လုပ်ငန်းတာဝန် ပေးအပ်ခဲ့ တာကိုပဲ တွေ့ရတယ်။ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမှာ ဖြစ်ပျက်တဲ့အကြမ်းဖက် ကိစ္စကိုတော့ လူမသိ၊ သူမသိ လျှို့ဝှက်ထားလိုက်တဲ့ ကိစ္စ ဒါမှမဟုတ် အာရုံပြောင်းလွှဲထားလိုက်တဲ့ ကိစ္စမှာ အလွန်တော်တဲ့အစိုးရ လို့ ပြောလို့ရမလားပဲ။ မတ်လ ၁၁၊ ၂၀၁၅ရက်နေ့ ကြေးမုံသတင်းစာမျက်နှာ ၃၂(ကျောဖုံး)မှာတော့ ဆန္ဒပြအဖွဲ့များက အတားအဆီးများကို ဖယ် ရှားဖျက်ဆီးနေစဉ်ဆိုပြီး ဥပဒေနဲ့မညီညွတ်တဲ့ လက်ပံတန်းကိစ္စ၊ မုံရွာမြို့ လက်ပံတောင်းတောင်ကိစ္စ တွေကို ကြည့်လိုက်ရင် စိတ်ကုန်စရာပေါ့ ပြည်သူတို့ရယ်။
● လူတန်းစားအင်အားစုချင်း နိုင်ငံရေး
ထိတာတခြား၊ ရှရာတခြားပြတတ်တဲ့ ခုအစိုးရဟာ အရင်ကစစ်အစိုးရနဲ့ ဘာများကွာခြားမှု ရှိနေလို့ပါလဲ။ ပြည် သူလေးစားတဲ့ ပြည်သူ့ဥပဒေတွေကို ယခုလို သွေဖည်ဆန့်ကျင်မှုပြုတာဟာ ဒါမှမဟုတ် ပြည်သူတွေကို ဖိတင်း မှု၊ ဖိအားပေးမှု လုပ်တာဟာ ကိုလိုနီရေးရာ နိုင်ငံရေး ပထ၀ီဝင်ပုံစံလိုမျိုး ပြန်ဖြစ်ချင်နေတာလားဆိုတာ လက်ရှိ အစိုးရ (နေပြည်တော် အစိုးရကို) မေးပါရစေ။ အသိပညာအခြေခံ အားကောင်းလာဖို့ အသုံးဝင်အကျိုးပြု တဲ့ နိုင်ငံရေးလုပ်ငန်းကို ကြိုးပမ်းအားထုတ်မှုပြုတဲ့ ဒီအချိန်ဒီအခါမှာ အမျိုးသားပညာရေးလောက ဖွံ့ဖြိုးတိုး တက်မှု ကို အင်အားစုစည်းလာဖို့ နိုင်ငံ့အကျိုးအတွက် နိုင်ငံရေးမူဝါဒကို စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးလိုမမြင်ဘဲ နယ် ချဲ့ခေတ် နယ်ချဲ့ဝါဒကာလက အမျိုးသား ပညာရေးဝါဒလမ်းစဉ်မဖြစ်ဖို့ ယခုလိုကြိုးစားအားထုတ်မှုပြုတဲ့ အချိန်မှာ မကောင်း သတင်း ကျော်ကြားမှုကိုတော့ ရှောင်ရှားအား ထုတ်ဖို့သင့်ပါတယ်။ စစ်အစိုးရအုပ် ချုပ်မှု ကာလပြီးစီး၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပသည့်ကာလကို ရောက်လာတဲ့ ခုအချိန်အခါမှာ မြန်မာ့နိုင်ငံရေး အခြေပြ မြေပုံတွေ ဘယ်လိုများ အကြံပြုကြသလဲ ဆိုတာကို ရယူအသုံးပြုကြဖို့ အရေးကြီးတဲ့ ကာလဖြစ်နေ ပါတယ်။ စစ်အစိုးရစနစ် ၂ခုဆိုက်ရောက် အုပ်ချုပ်ပြီးလို့ ဒီမိုကရေစီ အသုံးချနိုင်ငံရေးစနစ် ခုတင်လေးတွင်မှ စပြီးလည်ပတ်နေတာ ကို နိုင်ငံရေးအသိ တွေရင့်ကျက်ခိုင်မာဖို့တော့ လိုလေမယ်။
ဒီမိုကရေစီ နိုင်ငံရေး အဖြစ်အလေးပေး ပြောင်းလဲအောင်အားထုတ်ရင်တော့ နိုင်ငံရေးအသုံးချဖို့ ကွင်းဆင်း လုပ်ငန်း ဆောင်ရွက်ဖို့လိုပါတယ်။ အခြေခံဒေသန္တရ လူမှုနယ်ပယ်ရေးအပေါ်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်ကိုပြုပြင် အသုံးချမှုစနစ် သေသေချာချာ မလုပ်ရင်နိုင်ငံရေး ဖောက်ပြန်မှုတွေ အမျိုးမျိုးထိုးနှက် လာလေ မှာပဲ။ အတွေ့အကြုံ အဓိကထားတဲ့ နိုင်ငံရေးဝါဒီသမားတွေက အမျိုးသားနိုင်ငံရေး ၀ါဒသမားတွေရဲ့ နှိုးဆွ လှုံ့ဆော်ရေး တာဝန်သမားတွေနဲ့တွေ့ရင် ယနေ့တိုင်း ပြည်ထဲကပေါ်လာတဲ့ အရေးကိစ္စမျိုးတွေလိုပဲ နိုင်ငံရေး လုပ်ကိုင်ကြတဲ့ သူတွေအားလုံး တွေ့ကြုံရမှာပါပဲ။ နိုင်ငံရေးဆိုတာ အဝေးသိမြင်တဲ့ပုံရိပ်နဲ့ အနီးသိမြင်တဲ့ ပုံရိပ်ရှိတာ ကို နိုင်ငံရေးစက်ကွင်းထဲကိုရောက်တဲ့ နိုင်ငံရေးသမားများ သိဖို့လိုပါတယ်။ ဒါကြောင့် လူအဓိကပြုတဲ့ နိုင်ငံရေးဝါဒီ သို့မဟုတ် လုံးဝပြုပြင်ပြောင်းလဲရေး ၀ါဒီသမားတွေရဲ့ လုပ်ဆောင်တဲ့ ခုလို မြန်မာ့နိုင်ငံရေးကို လူတန်းစားအင်အားစုချင်း နိုင်ငံရေးအသွင်ကို ဆောင်လာတာကြောင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကူးပြောင်း လုပ်ဆောင်ရေးအတွက်ကို ခက်ခဲမယ့် ကာကွယ်မှုတွေရှိမှာတော့ သေချာပါတယ်။
● အယူအဆမှားတဲ့ နိုင်ငံရေး
မြန်မာပြည်ဟာ ဒေသစီမံကိန်း၊ မြို့ပြစီမံကိန်းတွေ အကြီးကကျယ် လုပ်ပြတဲ့ခေတ် ကာလအချိန်အခါပါ။ ဒီလို အချိန်အခါမျိုးမှာ နိုင်ငံရေးပညာအရ လူနေထိုင်မှု မဟာဗျူဟာအရင်းအမြစ်တွေကို ထိန်းချုပ်တတ် ဖို့လိုပါ တယ်။ လိုအပ်တဲ့ နိုင်ငံရေးအချက် အလက်တွေကို ကာကွယ်ရေးအတွက် အကျိုးပြုနိုင်မှုကို လူမှုအဖွဲ့ အစည်း နဲ့ပေါင်းမလား၊ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်ကို အသုံးချရေးအတွက် ဆက်စပ်တဲ့ ပြဿနာ တွေကိုဖြေရှင်းဖို့ လုပ်ဖို့လားဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ နိုင်ငံရေးအကြောင်းရင်းတစ်ခုမှာ သိပ္ပံသီအိုရီတိုးမြှင့်ရေးနဲ့ ရုပ်ဝါဒီ ဒိုင်ယာလက်တစ် အသုံးချရေးကို အသုံးပြု မှာလားဆိုတာ ဆက်လက်ပြီး သုံးသပ် ကြည့်ပါ။
(၁) အာရုံတွေ့-စိစစ်သိပ္ပံ၊
(၂) သမိုင်းရေး – အဓိပ္ပာယ်ဖွင့်၊
အမြင်ဖွင့်သိပ္ပံ၊
(၃) သုံးသပ်ဝေဖန်သိပ္ပံဆိုတဲ့ ၃မျိုးထဲက မြန်မာပြည်နိုင်ငံရေးသွားတဲ့ နိုင်ငံရေးသိပ္ပံက ဘာနိုင်ငံရေး သိပ္ပံလဲ ဆိုတာ ရဲရဲကြွေးကြော်တင်ပြဖို့တော့ လိုပါတယ်။ တကယ်တော့ ယနေ့ခေတ်သစ်နိုင်ငံရေးဟာ သုံးသပ်ဝေဖန်တဲ့ နိုင်ငံရေး သိပ္ပံခေတ်သာ ရှိတော့တယ်။ ဒီနိုင်ငံရေးအရ ရည်မှန်းချက်အစစ်အမှန်ကို ပြတ်သားစွာ ရှင်းလင်းချက် ထုတ်ဖော်ဖို့ပါပဲ။ လူ့အဖွဲ့အစည်းတွေကို လွှမ်းမိုးစီမံကွပ်ကဲဖို့အတွက် အလှည့်အပြောင်းပြတဲ့ နိုင်ငံရေး မဟုတ် ဘူးဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ရှင်းလင်းချက်အမှန်ကို ဖော်ထုတ်တဲ့ နိုင်ငံရေးအတတ်ဟာ မြန်မာ့ လူငယ်တွေလက်ထဲမှာ ရောက်နေတာကြာပါပြီ။ အိုကုန်းကွတဲ့ စစ်ဝါဒီ အာဏာရှင်တွေရဲ့ အာဏာစက်ကွင်းကို အလုံးအရင်းနဲ့ မလုပ်ချင်ကြလို့သာ။ ဒါကြောင့် နိုင်ငံရေးနည်းပညာအဆင့်အတန်းမှာ မြန်မာ့လူငယ်တွေမှာ ပိုင်စိုးထားမှု အပြည့်အ၀ ရှိနေပါလျက် နိုင်ငံရေးကို ညှဉ်းဆဲတဲ့ ခေတ်ဟောင်းအသံပြတဲ့ နိုင်ငံရေးလက္ခဏာရှင် ကြီးတွေရဲ့ အပြုအမူ၊ အမူအရာတွေဟာ အာရုံစူးစိုက်အားထုတ်သင့်တဲ့ နိုင်ငံရေး ခေတ်ပေါ်လစီကို အချိန်ဆွဲပြ နေ တာဟာ အာရုံတွေ့ နိုင်ငံရေးစွမ်းရည်ကို ဖျက်ဆီးနေတာပါပဲ။ နိုင်ငံရေးနည်းပညာ အဆင့်မြင့်မား ဖို့ ပြည်သူ့ ရေးရာမူဝါဒအတွက် အရေးကြီးတဲ့ ပြည်သူ့နိုင်ငံရေး လက္ခဏာတွေကိုသိရှိ အသုံးပြုနိုင်ကြဖို့ သိပ္ပံမကျတဲ့ နိုင်ငံ ရေးအားထုတ်မှုလုပ်ငန်း (အလုပ်)ကို မပြုပါနဲ့တော့။ [နေပြည်တော်အစိုးရကြီးရယ်] အသိပညာအဆင့်အတန်း၊ နိုင်ငံရေး အဆင့်အတန်းကိုသာ တိုးတက်စေနိုင်တဲ့ အသုံးချမှုနိုင်ငံရေးကိုသာ အားထုတ်ကြိုး စားပြပါ။ အယူ အဆမှားတဲ့ နိုင်ငံရေးပညာရပ်ကို အသုံးချအာရုံတွေ့တွေ မလုပ်ပါနဲ့တော့လို့ အကြံပြုပါရစေ။
● မြန်မာ့နိုင်ငံရေး မဟာဗျူဟာ
မြန်မာ့နိုင်ငံရေးဟာ တစ်ခေတ်ပြောင်းလည်း ဒီစနစ်ပဲ ဒီလူတွေပဲ၊ ဒီအုပ်စုတွေပဲ ဖြစ်နေတာကြောင့် နိုင်ငံရေး အရင်းအမြစ်ကောင်း စံချိန်သစ်စနစ်ကို မရောက်ဘဲဖြစ်နေတာကို တွေ့ရတော့ ပြိုင်ဆိုင်၊ ပူးပေါင်း၊ ရုန်းကန်အား မပါဘဲ သရုပ်ဖော်နိုင်ငံရေး လုပ်ပြနေတာဟာ ရောဂါလက္ခ ဏာဖော်ပြတဲ့ နိုင်ငံရေး လိုဖြစ်နေ တယ်။ ရောဂါရှိတဲ့ နိုင်ငံရေးကို အမြဲလိုလို ကုစားနေရတာကြောင့် မြန်မာ့နိုင်ငံရေး ရောဂါဟာ စိတ်ဓာတ် ကျစရာပါပဲ။ ရောဂါ အကြောင်းရင်း တွေ့နေပါလျက်နဲ့ ရှာဖွေကုစားလုပ်နေကြလို့ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိကြတော့ဘဲ အယူ ၀ါဒနဲ့မျက်နှာလိုက်တဲ့ စစ်ဝါဒီစနစ်ဆိုးသမားတွေကပဲ [အရှက်မဲ့တဲ့ စစ်ဝါဒီသမားတွေကပဲ] သြဇာတိက္ကမ ပုံဖော် နေတယ်။ ယှက်နွှယ် ရင်းနှီးတဲ့သူတွေနဲ့ အတိုင်အဖောက်တွေလုပ်ပြီး အထွေထွေနိုင်ငံရေး လုပ်ပြနေတယ်။ အား စမ်းပြတဲ့ သူကိုဝိုင်းအုံပြီး ကြောက်ရွံ့ အောင်လုပ်တယ်။ အကျဉ်းအကျပ်အပိတ်နဲ့ ကြုံလာရင် ဘာသာရေးခေါင်း ဆောင်၊ လူမျိုးစုခေါင်းဆောင်တွေကို ချဉ်းကပ်ပြီး နိုင်ငံရေး လွတ်မြောက်ရေးလမ်းကြောင်း အဓိပ္ပာယ်တွေကို လိုက်လံပြီး ကြိုးစားတယ်။ ဒီသဘောတရားနဲ့လုပ်တဲ့ နိုင်ငံရေးကြောင့် အနောက်ဥရောပမှာ ရောမအင်ပါယာ ကြီး ပျောက်ကွယ်သွားကြတာကို ထောက်ရင် မြန်မာ့နိုင်ငံရေးဟာလည်း ရည်ရွယ်ချက် နိုင်ငံရေးသင်ရိုးတန်း မပျောက်နိုင်ဘူးလို့ ပြောလို့မရပါ။
မြန်မာပြည်ဟာ လူနေမှုစနစ်ကွဲပြားလာကြပါပြီ။ မတူညီမှုတွေလည်း များပြားလာပြီ။ လူမှုရေးပတ်ဝန်းကျင်ဟာ ကွဲပြားမှုအလိုက် ရှိနေတာကို လက်ရှိအစိုးရအဖွဲ့အစည်းတွေဟာ ဂရုစိုက်ဖို့တော့လိုတယ်။ တက်ကြွပြောင်းလဲ လာတဲ့လူမှုကမ္ဘာနဲ့အတူ အရှင်တို့မြန်မာ့လူမှုရေးလည်း အချက်အချာကျကျ တည်ဆောက်လာနေ ကြတာကိုသိ ရင်နိုင်ငံရေးသင်ခန်းစာအသစ်တွေ အဓိပ္ပာယ်လှလှပပ ဖွင့်ဆိုပြဖို့တော့ လိုပါပြီ။ ပိုနေမြဲ ကျားနေမြဲ အယူ အဆ ပေါ်မှာအခြေ ခံထားတဲ့ ခေတ်ကမ္ဘာသစ် နိုင်ငံရေးဟာ အသုံးချစနစ်ကောင်းကို မျက်မှောက်ပြဿနာနဲ့ အဖြေရှာ ဖို့လိုပါတယ်။ ကူးပြောင်းတိုးတက်လာတဲ့ နိုင်ငံရေး မြင်ကွင်းဟာ ပတ်ဝန်းကျင်ဆက် သွယ်မှု ဖြစ်စဉ်ကိုကြည့်ပြီး ပြောင်းလဲရမယ့် အစစ်အမှန်ကို မှန်ကန်ဖို့လည်းလိုတယ်။ ယနေ့မျက်မှောက် ကာလမှာအရှင်တို့ မြန်မာတွေတွေ့ ကြုံရတဲ့ လူမှုရေးဟာ တရားမမျှတတော့ပါ။ ပတ်ဝန်းကျင်လည်း အမျိုးမျိုး ယိုယွင်းပျက်စီးနေတာကြောင့် နည်း ပညာ ပြောင်းလဲမှုလည်း (နိုင်ငံရေးနည်းပညာ) ပြောင်းလေ ပျက်နေသလို ဖြစ်နေတော့ လက်မဲ့လောက ပြဿ နာတွေ အမျိုးမျိုးတွေ့လာကြရတယ်။ အချင်းချင်းလည်း မကျေနပ်၊ ပတ်ဝန်းကျင် နိုင်ငံရေး ဆက်သွယ်မှု လည်း မတိုးတက်တာကြောင့် နိုင်ငံရေးဘောင် ထဲက နိုင်ငံ သားပေါင်းစပ် ရင်းနှီးတဲ့ ပြည်သူ့နိုင်ငံရေးစံပြစနစ်ကို အား ထုတ်ကြဖို့ လိုပါပြီ။ နိုင်ငံရေးမဟာ ဗျူဟာရေးအတွက် စူးစမ်းလေ့လာအား ထုတ်တဲ့ မြန်မာ့လူမှုနိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်လည်း ရှိဖို့လိုလာပါပြီ။
● လုပ်တိုင်း ကွဲပြားနိုင်ငံရေးလော
ခုတစ်လော မြန်မာ့နိုင်ငံရေးမြင်ကွင်းဟာ ပညာရပ်တစ်ခုအဖြစ် မှတ်သားရမလို ဖြစ်လာတာ ကို တွေ့ရတယ်။ တောနယ်၊ မြို့လယ်တွေမှာ အချေအတင်ယှဉ်ပြိုင်ပွဲတွေ မရပ်မနားဖြစ်ပွားနေကြ တာကို မြင်ကြရ မှာပါ။ အတွေး အမြင် အချေအတင်တော့ မဟုတ်ပါ။ ရန်ပွဲများပမာ ယှဉ်ပြိုင်မှု ဖြစ်ပွားနေကြတာပါ။ အတွင်းပိုင်း အခြေခံ မခိုင် မာတာကြောင့် ပုဂ်္ဂိုလ်ရေး သို့မဟုတ် ဂဏ (အဖွဲ့အစည်း) ရေး ရည်မှန်းချက် တည့်တည့်ထားပြီး စိန်ခေါ်ပွဲတွေနဲ့ တုံ့ပြန် ရန်လိုကြတာကို တွေ့ရတယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေး ပြဿနာဟာ တုံ့ပြန်ရန်လိုကြတဲ့ ခေတ်ကာလ မဟုတ်တော့ပါ။ အရည်အသွေး၊ အဆင့်အတန်းတိုးတက်မှု ကို ပြကြရမယ့် အချိန်ပါ။ မလိုအပ်မှုကိုတုံ့ပြန် ရန်လိုမှုပြုကြတာကြောင့် အကျိုးပြုဆောင်ရွက်လုပ်ကိုင်ထားတဲ့ နိုင်ငံရေးတွေဟာ ယှဉ်ပြိုင်ငြင်းခုံမှုတွေဖြစ်လာမှာကို စိုးရိမ်ရတယ်။ ဒီနေ့လှုပ်ရှား လုပ်ဆောင်ကြတဲ့နိုင်ငံရေး (မြန်မာ)တွေ ဟာ နိုင်ငံရေးဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ပြဋ္ဌာန်းခံနိုင်ငံရေး ၀ါဒီသမားတွေရဲ့ ရှင်သန်ကြီးထားခဲ့တဲ့ အရှိန်ကြောင့်ပါပဲ။ ဒီအရှိန်ဟာ ရုန့်ရင်း ကြမ်းတမ်းပါတယ်။ အစွန်းရောက်ပါတယ်။ ချင့်ချိန်စဉ်းစား သတိထား ရမယ့် နိုင်ငံရေးကို အခွင့်အလမ်း ကောင်း ကောင်းမပေးဘဲ ဖြစ်နိုင်ခြေပြ၀ါဒတရားနဲ့ လုပ်တိုင်းကွဲပြား ရတဲ့ နိုင်ငံရေးမူဝါဒကို ပညာသားပါပါနဲ့ပြတဲ့ နေပြည် တော်အစိုးရဟာ စိတ်စွမ်းအောင် လူ့စွမ်းအင်ပျက်စီးနေကြ ရတယ်။ သတိထားပေါ့ ပြည်သူတို့ရယ်။
● သတိထားပါ
လူထုဆိုတာ ဘယ်လူထုမဆို စိတ်စွမ်းအင်ကျဆင်းနေရင် သို့မဟုတ် အမြင် အတွေးအားကျလာရင် ပတ်ဝန်း ကျင်ပြောင်းလဲအောင် လုပ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တော်လှန်ရေးကြောင့် နည်းပညာ သစ်ပေါ် လာတဲ့ အချက်ကို ယုံကြည်လို့ပါပဲ။ အခု အရှင်တို့ တိုင်းပြည်ကိုကြည့်ပါ။ နိုင်ငံရေးနည်းပညာသစ်ဆိုတာ မမြင်ရ တဲ့အပြင် ဆန်းသစ်တဲ့ နိုင်ငံရေးအတွေးတွေ ဦးဆောင်တဲ့ အစိုးရတွေမှာ မမြင်မတွေ့ရပါ။ တကယ်တော့ အစိုး ရအဖွဲ့အစည်းဆိုတာ ပြည်သူအတွက် ဦးဆောင်ကြတဲ့ သူစွမ်းတွေပါ။ လုပ်နိုင်ရည်ရှိတဲ့ သူတော်တွေပါ။ သူစွမ်း သူတော်မဖြစ်ဘဲ လူချော်တွေများတော့ မြန်မာ့နိုင်ငံရေး မျက်နှာဟာ ပန်းလိုမလှပဘဲ ညှိုးညှိုး နွမ်းနွမ်း ဖြစ်နေရ တယ်။ ဒီလိုဖြစ် နေရတာဟာလည်း အခြေခံနိုင်ငံရေး အယူအဆ ညံ့ဖျင်းနေလို့ပါပဲ။ စူးစမ်းလေ့လာမှု အားမရှိ တဲ့သူကို နိုင်ငံရေးမှာ ဦးဆောင်ကြတော့ စိတ်ပျက်စရာပေါ့ ပြည်သူတို့ရယ်။ စိတ်ကူးထည်များပြီး အကျိုးပြု ထည်မလုပ်တဲ့ နိုင်ငံရေးသမားဟာ ယက်ထည် သမားဘ၀နဲ့ပဲ တိုင်းပြည်ကို ချက်စားဝါးစား နေကြတယ်။ တိုင်းပြည်ရဲ့ တည်ရှိမှုအားကို ဖျက်ဆီးလုယက်၊ ဖွစားကြလို့ မြန်မာပြည် အစစ်အမှန် ဓမ္မဓိဋ္ဌာန် ပတ်ဝန်းကျင် တွေ ဟာနေရာတိုင်းလိုလို မခိုင်မာကြဘဲ ပျက်စီးယိုယွင်းနေကြတာကို တွေ့ရတယ်။ စက်မှု တော်လှန်ရေး ကြောင့်
နည်းပညာသစ်ပေါ် ပေါက်လာပေမယ့် ဒေသန္တရပတ်ဝန်းကျင် မြင်ကွင်းအလှတွေ ပျောက်သွားတာ အများကြီးပါပဲ။ အဲဒီလိုသဘောမျိုးလိုပဲ အရှင်တို့ရဲ့ မြန်မ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment