ရန်ကုန်၊ မေ-၇။ ။ သမ္မတလောင်းအဖြစ် တစ်ပြေးနေသည့် သြဇာကြီးမားသော
ပြည်သူ့လွှတ်တော်ဥက္ကဌက အတိုက်အခံခေါင်းဆောင်နှင့် မဟာမိတ်ဖွဲ့ရန်
တံခါးဖွင့်ထားကြောင်းပြောကြား လိုက်ပြီးနောက် တွင်ဒေါ်အောင်ဆန်းစုကြည်
ကနိုင်ငံရေးပြိုင်ဘက် သူရဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို
ချီးကျူး လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ တွင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် သူမ၏ ပါတီကိုအောင်ပွဲဆီ ခေါင်းဆောင် သွားရန် အများ ကမျှော်လင့်နေ ကြသော်လည်း လက်ရှိတွင်မူ သူမအား သိသိသာသာ ဖယ်ထုတ်ထားရန် ရေးဆွဲထားပုံရသည့် ဖွဲ့စည်းပုံဥပဒေ တစ်ခုကြောင့် မြန်မာနိုင်ငံ၏ ထိပ်ဆုံးအလုပ် တာဝန်မှ ပိတ်ပင်ခံထားရသည်။
သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံမည့် အခြားအတိုက်အခံ အထင်ကရပုဂ္ဂိုလ်လည်း ပေါ်ထွက်မလာသေးရာ နိုဘဲဆုရှင်အနေဖြင့် ယခင်စစ်အစိုးရ လက် ထက်က နံပါတ်၃အဖြစ် တာဝန်ထမ်းဆောင်ခဲ့ငြား ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်သာ ညွှန့်ပေါင်းဖွဲ့ရန် စဉ်းစား လိမ့်မည်ဟူသော ခန့်မှန်းချက်များလည်း ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေသည်။
၂၀၁၁ခုနှစ်တွင် နိုင်ငံ စစ်အာဏာရှင်လက်အောက်မှ မလွတ်မြောက်မီအထိ ၁၅နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည့် ၀ါရင့်တက်ကြွလှုပ်ရှား သူဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်သတ္တပတ်က သူရဦးရွှေမန်းဝါရှင်တန်တွင် ပြောကြားခဲ့သော ညွှန့်ပေါင်းဖွဲ့ရန်အတွက်လည်း တံခါးဖွင့်ထားပါသည် ဟူသော စကားနှင့်ပတ်သက်၍ ချီးကျူးခဲ့ခြင်းပင်ဖြစ်သည်။
သို့ရာတွင် ညွှန့်ပေါင်းဖွဲ့ဖို့ သူမ၏ သဘောထားကိုမူ ဖွင့်ပြခဲ့ခြင်းမရှိပေ။ ''ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်က ကောင်းပါတယ်။ ကျွန်မတို့ ကြိုဆိုပါတယ်'' ဟု ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် တွင်ဒေါ်အောင်ဆန်းစုကြည် ကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။
ယခုနှစ်ရွေးကောက်ပွဲများကို စစ်တပ်အုပ်ချုပ်မှုမှ လုံးဝ စည်းခြားသွားမည့်မြန်မာ့ အသွင်ပြောင်းမှု၏ အဓိကစမ်းသပ်မှုကြီး တစ်ခုအဖြစ် ယူဆနေကြပြီး ဆယ်စုနှစ် များစွာအတွင်း နိုင်ငံအတွက် ဒီမိုကရေစီနှင့် ပိုမိုနီးစပ်လာစေမည့် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်တွင် ဗြိတိန်နိုင်ငံသား သားနှစ်ယောက်ရှိနေပြီး၊ နိုင်ငံခြားသား သားသမီးများ ရှိနေသူများကို သမ္မတရာထူးမှ ဖယ်ထုတ်ထား သည့် ဖွဲ့စည်းပုံဥပဒေပုဒ်မတစ်ခုအရ သူမမှာ သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ခံထားရသည်။
ကြီးမားသည့် ပြောင်းလဲမှုများအတွက် ထိရောက်သော ဗီတိုအသုံးပြုခွင့်ရှိသည့် စစ်တပ်က အပြင်းအထန် အတိုက်အခံ လုပ်နေသောကြောင့် NLD အနေဖြင့် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ရုန်းကန်နေရရာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်ကိုလည်း နည်းလမ်းတစ်ခုအဖြစ် ပယ်ချမထားသေးကြောင်း လည်းဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment