ရန်ကုန်၊ မေ ၉။ ။ ကယားပြည်နယ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဝင်များ စည်းရုံးရေး ဆင်းခွင့်ရရန် မေလ ၉ရက် နေ့လည် ၁ နာရီ တွင် ကယားပြည်နယ်ဝန်ကြီးချုပ်ပါဝင်သော ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆွေးနွေးသွားမည်ဟု လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က မဇ္ဈိမကို ပြောသည်။
"အစိုးရဘက်ကတော့ အချိန်သိပ်မပေးနိုင်ဘူးထင်တယ်။ အစည်းအဝေးက ၃ နာရီလောက်ဆိုပြီးပါပြီ။ကျွန်တော်တို့ဘက်က မူလအစီအစဉ်အတိုင်း စည်းရုံးရေး ဆင်းခွင့်အတွက်တောင်းဆို သွားမယ်" ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို KNPP မှ ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်၊ ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် ဗဟိုကော်မတီအဖွဲ့ အလုပ်အမှုဆောင်များဖြစ်သည့် ခူးဒယ်နီယာ၊ ခူးခဲဖူး၊ ခူးပ လူးရယ်နှင့် လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်တို့ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။
အစိုးရဘက်ကမူ ကယားပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်ဦး ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)မှ အကြီးတန်းအရာရှိ ဒေါက်တာမင်းဇော်ဦးတို့ ပါဝင်မည်ဖြစ်သည်။
ယင်းအပြင် ကယားပြည်နယ်ဒေသခံ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးဖြစ်သည့် ဦးကြည်စိန်လည်း တက်ရောက်မည်ဖြစ်သည်။
ကယားပြည်နယ် ရှားတောမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများကို KNPPက ၀တ်စုံ၊ လက်နက် အပြည့်အစုံဖြင့် ကယားပြည်နယ် ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး စည်းရုံးရေး ဆင်းမည့်ကိစ္စကို အစိုးရက ကန့်ကွက်သဖြင့် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment