(ဘန်ကောက်)။ ။ ထိုင်းနိုင်ငံ ပတ်ချာဘူရီပြည်နယ် တရားရုံးက
မြန်မာအလုပ်သမား တစ်ဦးကို သတ်မှုဖြင့် ရဲဌာန အထွေထွေဆေးရုံ ဆရာဝန်ဟောင်း
ဆူပတ်လာအိုဟာဝါတာနာနှင့် သူ့၏ သားကြီးဖြစ်သူတို့က သေဒဏ်ပြစ်ဒဏ်
ချမှတ်လိုက်သည်။

ထိုပြင် အမှုတွင်ပါဝင်သည့် အငယ်ဆုံးသားဖြစ်သူကိုလည်း ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ပေးခဲ့သည်။
ဆူပတ်ကို လူသတ်မှုဖြင့် တရားရုံးတွင် လာရောက်အစစ်ဆေးခံရန် ပျက်ကွက်မှုကြောင့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဆရာဝန်တစ်ဖြစ်မှ လူသတ်သမားဖြစ်ခဲ့သူ ဆူပတ်အား ကမ္ဘောဒီးယားနိုင်ငံရှိ ဟိုတယ်တစ်ခုတွင် မကြာသေးမီက မြင်တွေ့
ခဲ့ကြောင်းလည်း ထိုင်းမီဒီယာများတွင် သတင်းဖော်ပြသည်။
ရှေ့နေရှေ့ရပ်များက ဆူပတ်နှင့် သားနှစ်ဦးဖြစ်သူ အကီနှင့် အကာရာတို့ကို မြန်မာအလုပ်သမားအား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်မှုဖြင့် တရားစွဲဆိုကြခြင်း ဖြစ်သည်။
မြန်မာအလုပ်သမား အတာဆိုသူ၏ ရုပ်အလောင်းကို သာယန်းခရိုင်ရှိ ဆူပတ်၏ နာနတ်စိုက်ခင်းတွင် မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
ဆူပတ်က ၎င်း၏ အလုပ်သမား အတာနှင့် သူ့၏ ဇနီး ဝီလာဆာချန်တာရာဘန်ခွန်းတို့ မရှုပ်မရှင်းဖြစ်နေသည်ကို သံသယဖြစ်၍ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောသည်။
မြန်မာသက်သေနှစ်ဦး ထွက်ချက်နှင့် သေဆုံးသူ အရိုးစုရှိ ဒီအင်န်အေတို့အရ ဆူပတ်နှင့် သားကြီး အကီတို့တွင် အပြစ်ရှိသဖြင့် သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း တရားရုံးက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment