ရန်ကုန်၊ မေ ၆
ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ တရားပွဲမှ ပြန်လာသော ပရိသတ်များထဲမှ ၆ဦး၏ ပုဒ်မ ၁၈ဖြင့် တရားစွဲဆို ထားမှုကို ၉လကြာမြင့်ပြီးနောက် မေလ ၂၀ရက်တွင် ရွှေပြည်သာတရားရုံး၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားစွဲ ဆိုခံထားရသူများထဲမှ တစ်ဦးဖြစ်သူ မဘုတ်ဆုံ(ခ)မလှလှအေးက မေ ၅ရက်တွင် မြန်မာသံတော်ဆင့် သို့ပြော သည်။
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ရက်တွင် ပြုလုပ်သော ရွှေည၀ါဆရာတော်၏ တရားပွဲရှိရာ ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် ပန်းခြံကွင်း သို့သွားရောက်၍ လမ်းလျှောက် ပြန်လာကြသော လူအုပ်စုများထဲမှ ၆ဦးကို ဇူလိုင်လ ၁၆ ရက်တွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုရသည့် အကြောင်း နှင့်ပတ်သက်၍ ““ရွှေည၀ါဆရာတော်ကြီးက ဗုဒ္ဓဘာသာတရားပွဲ ပါမစ်ရရှိရေး ဆိုပြီး အော်ခိုင်းတာ၊ အဲဒီလိုအော်ပြီးတော့ တရားပွဲလုပ်တဲ့နေရာနဲ့ မျက်နှာချင်းဆိုင်ရပ်ကွက်မှာနေတာ အစ်မက။ အဲဒါ တခြားလူတွေရော အတူလမ် လျှောက်ပြီးပြန်လာကြတာ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ နာမည်မှလည်း မသိတဲ့လူတွေကို နိုင်ငံရေးပုဒ်မ ၁၈နဲ့ထည့်ထားတယ်။ လူပေါင်းရာကျော်ရှိတဲ့ထဲမှာ အစ်မတို့ ၆ ယောက် ကို ခေါင်းဆောင်ဆိုပြီး ထည့်ထားတယ်။ သူတို့ တရားစွဲ ထားတဲ့လူတွေကလည်း နိုင်ငံရေးလုပ်တဲ့လူ တစ်ယောက် မှ မရှိဘူး။ စီးပွားရေးလုပ်နေတဲ့လူတွေကို နိုင်ငံရေးပုဒ်မနဲ့ တရားစွဲတယ်ဆိုတော့ လေ””ဟု တရားစွဲဆိုခံရသူ မဘုတ်ဆုံ (ခ) မလှလှအေးက ပြောသည်။…
ရွှေည၀ါဆရာတော်က ဗုဒ္ဓဘာသာတရားပွဲ ပါမစ်ရရှိရေးဟု ကြွေးကြော်ခိုင်းခြင်းဖြစ်ပြီး တရား ပွဲကျင်းပနေသည့် အချိန်အတွင်းဖြစ်၍ တရားနာလာသူ ပရိသတ်အားလုံးက လိုက်ပါကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။ တရားစွဲ ဆိုခံထားရသူ ၆ ဦးမှာ မထွေးထွေး (ခ) မဘောလုံး၊ ကိုသူဇော်ကြည်ဝင်း၊ ကိုထိန်လင်း အောင်၊ ကိုတင် စိုး၊ မဘုတ် ဆုံ (ခ) မလှလှအေး၊ ကိုကျော်ဇင်တို့ဖြစ်ပြီး ထိုသူများထဲမှ ကိုသူဇော်ကြည်ဝင်းမှာ အလုပ်သမား ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ပုဒ်မ၅၀၅(ခ)နှင့်တရား စွဲဆိုခံထားရသူဖြစ်သည်။
အဆိုပါ ရွှေည၀ါဆရာတော် တရားပွဲပြုလုပ်ရာတွင် ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးထံမှလက် မှတ်ထိုး သဘောတူညီမှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရဲ မှူးဦးသိန်းဝင်းက တရားလိုပြုလုပ်၍ အမှုဖွင့် ထားခြင်းဖြစ်သည်။
““လျှောက်လဲချက် ပေးထားရသေးတယ်။ ၆ ယောက်ပေါ့နော်။ ရွှေည၀ါတရားပွဲနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့စွဲ ထားတာ။ လျှောက်လဲချက် ပေးတယ်။ ၂၀ ရက်နေ့မှာ အမိန့် ချမယ်။ ရွှေပြည်သာမြို့နယ် ရဲတပ် ဖွဲ့မှူး ဦးသိန်းဝင်း တရားလိုလုပ်ပြီး တရားစွဲထားတာ။ တရားစွဲတဲ့လူ တွေကို တိတိကျကျ သူတို့ပါဆိုပြီး မပြောနိုင်တာ ကို စွဲထားတာ။ စွဲတော့ နာမည်တပ်ပြီးတော့ကိုစွဲတာ””ဟု တရားစွဲခံရသူ ၆ဦး၏ရှေ့ နေဖြစ်သူ တရား လွှတ် တော် ရှေ့နေ ဦးနေလင်းအောင်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment