~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လစ်ဘရယ် ဒီမိုကရေစီ စနစ်ပါလီမန် ဒီမိုကရေစီစနစ်ဆိုတာဟာ ““ပါတီစုံ ဒီမိုကရေစီစနစ်””ပါပဲ။ လစ်ဘရယ် ဒီမိုကရေ စီစနစ်ရဲ့ သမိုင်းဆိုင်ရာ ကိုယ်စားလှယ်ဟာ အရင်းရှင် လူတန်းစားပါပဲ။ လစ်ဘရယ် ဒီမိုကရေစီရဲ့ မွေးရပ် ဇာတိကတော့ အင်္ဂလန်နိုင်ငံပါ။ သက်တမ်းအရ ပြောရရင် ၃၂၇ နှစ်ရှိပါပြီ။
ဒုတိယကတော့ ဒီနေ့ အားလုံးက အထင်ကြီးလေးစားပြီး နေရာတကာမှာ လစ်ဘရယ်ဒီမိုကရေစီ ““ရာပါ”” လုပ်နေတဲ့ အမေရိကန်က ဒုတိယပါ။ ၂၂၉နှစ်ရှိခဲ့ပါပြီ။ တတိယကတော့ ပြင်သစ်ပါ။ သက်တမ်းက ၂၂၆နှစ်ရှိပါပြီ။ ဒီ ဒီမိုကရေစီတွေဟာ ပန်းခင်း တဲ့လမ်းနဲ့ လျှောက်လှမ်းခဲ့ကြတာ မဟုတ်ပါဘူး။ ခရုမ်းဝဲရဲ့ တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ ပြင် သစ်တော်လှန်ရေးများ ဆင်နွှဲပြီး လစ်ဘရယ်ဒီမိုကရေစီကို အုတ်မြစ်ချခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့လစ် ဘရယ် ဒီမိုကရေစီဟာ ၁၉၄၈ခုနှစ် မြန်မာ့လွတ်လပ်ရေးနဲ့ အတူမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ပထမ မြန်မာ့ဖွဲ့စည်းပုံ ဥပဒေဟာ မြန်မာ့လစ်ဘရယ် ဒီမိုကရေစီရဲ့ အုတ်မြစ် ဖြစ်ပါတယ်။…
သခင်နုခေါင်းဆောင်တဲ့ မြန် မာ့ပထမ လစ်ဘရယ်ဓနရှင် လူတန်းစား အစုဟာ ၄၇ ခုနှစ် ပထမဖွဲ့စည်းပုံကို ကိုယ်စားပြုပြီး အာဏာရလာခဲ့ ကြတာပါ။ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်အောင်ဆန်းကိုယ်စားပြုတဲ့ ဖဆပ လ ကြားဖြတ် အစိုးရလုပ်ကြံခံခဲ့ ရပါတယ်။ ဒီနိုင်ငံရေးဖြစ်ရပ်ဟာ လွတ်လပ်စ မြန်မာနိုင်ငံရဲ့ အမျိုးသားစည်း လုံး ညီညွတ်ရေးကို အကြွင်းမရှိ ပြိုကွဲသွားစေခဲ့ပါတယ်။ ၀န်ကြီးချုပ်သခင် နုဟာ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်နေ၀င်းစတဲ့ ဖဆပလ လက်ယာ ဂိုဏ်းသားများရဲ့ တွန်းဆော်မှုကြောင့် ၂၈-၃-၄၈ နေ့၊ လွတ်လပ်ရေးရပြီး ၈၁ ရက်အကြာမှာ ဗကပကို တစ် ပြည်လုံး အတိုင်းအတာနဲ့ လက်ဦးမှုရယူပြီးအကြမ်း ဖက်ဖိနှိပ်ဖြိုခွဲခဲ့တယ်။ ပြည်တွင်း စစ်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း ရရှိထားတဲ့ အမျိုးသားသွေးစည်းညီညွတ်မှုကို လုံးဝဥဿုံ ပြိုကွဲသွားစေခဲ့ တယ်။ ၁၉၅၈ ဇွန်လမှာ အာဏာရ ဖဆပလအဖွဲ့ချုပ်နဲ့ အစိုးရအတွင်း တည်မြဲနဲ့ သန့်ရှင်း ၂ ဂိုဏ်းကွဲသွားခဲ့ကြတယ်။ သန့်ရှင်း ဖဆပလ သခင်နုက ၆၀ ရွေးကောက်ပွဲမှာ (ပထစ) ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ အနိုင်ရခဲ့ပါတယ်။
၄၈/ ၆၀ အတွင်း အာဏာရ ဖဆပလအတွင်း ဂိုဏ်းကွဲပြီး လူထုထောက်ခံမှု ကျဆင်းလာခြင်း တို့ကြောင့် (ဗမာပြည် အာဏာရဓနရှင် လူတန်းစားအတွင်း သြဇာကျလာခြင်းတို့ကြောင့်) ၆၂ မတ်လ ၂ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အာဏာရ ဖဆပလအတွင်း ဂိုဏ်းကွဲလာကြရုံမက ပဲခူးရိုးမဗကပအတွင်း ဥပဒေတွင်း လက်ဝဲဒီမိုကရေစီ အင်အားစုများအတွင်း ဆိုဗီယက်/ တရုတ်ဂိုဏ်းကွဲ ခြင်းကို အကြောင်းပြုပြီး ဥပဒေတွင်း-ပ လက်ဝဲ ပါတီများအတွင်း ဂိုဏ်းကွဲမှုများ ဖြစ်ကြပါတယ်။ ၁၉၆၂ မတ်လ အာဏာသိမ်းပွဲမှာ ကက ချုပ်ဗိုလ်ချုပ်ကြီး နေ၀င်းက မဆလလမ်းစဉ် ခဲတစ်လုံးတည်းနဲ့ ဥပဒေတွင်း၊ ဥပဒေပ လက်ဝဲဂိုဏ်းများကို ပစ်ခဲ့ တယ်။ ဒီ မဆလခဲက၊ Legal-Marxists များကို တည့်တည့် မှန်သွားခဲ့တယ်။ အဲဒီစဉ်က ဥပဒေတွင်းက ဆိုရှယ် နီ၊ ပမညတများ၊ ပြည်သူ့ရဲတော် အဖြူအ၀ါများ၊ မလညပများ အားလုံးဟာ မဆလလမ်းစဉ်နောက် အားလုံးပါ သွားခဲ့ကြပါတယ်။
မဆလ စစ်အစိုးရက ပိုသေချာအောင် ၂၈-၃-၆၄ မှာ ပါတီစုံစနစ်ကို ဖျက်သိမ်းပစ်ခဲ့တယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မဆလတစ်ပါတီစနစ်ကို မထောက်ခံပါဘူး။ န၀တ စစ်အစိုးရက မှတ်ပုံတင် ပါတီစုံစနစ်ကို စတင် ခွင့်ပြုခဲ့ပါတယ်။ ပါတီ ၂၃၂ ပါတီ မှတ်ပုံတင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာ ပါတီစုကြီး ၁၂ စု စုစည်းနိုင်ခဲ့ပါ တယ်။ ၁၉၈၉ ခုနှစ်၊ ဇွန် ၂၁ ရက်နေ့ကစပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှုလုပ်ခဲ့တယ်။ ဒမဖ တပ်ပေါင်းစု ၄၁ ပါတီ မဟာမိတ်အဖွဲ့များဖွဲ့ပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှုများ ဆင်နွှဲခဲ့ကြပါတယ်။ ဦးဝင်းတင်၊ ဦးခင်မောင် မြင့်စ တဲ့ ခေါင်းဆောင်များအပါအ၀င် အာဏာဖီဆန်ရေး တက်ကြွသူလူ ၁၀၀၀ကျော် ဖမ်းဆီးထောင် ချခံကြရပါ တယ်။ ၂၇-၅-၉၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။
၉၀ ရွေးကောက်ခံ ၃၉၂ဦးအထဲမှ အချို့ကို အမျိုး သားညီလာခံ တက်ခိုင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲ အတည် ပြုခဲ့တယ်။ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့အညီ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး စစ်ပြန် စစ်မှုထမ်းဟောင်း ဦးသိန်းစိန် အကြီးအအုပ်လုပ်တဲ့ ၂၀၁၁ ကြံ့ ခိုင်ရေး အစိုးရကို US, EU,JAPAN စတဲ့ ၀ါရင့် ဒီမိုကရေစီ နိုင်ငံကြီး များက ဘရာဗို လုပ်ခဲ့ကြပါတယ်။ ဒီချုပ်ဥက္ကဋ္ဌကို အိမ်ချုပ်မှ လွှတ်ပေးခဲ့တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ် သွားမယ်လို့ ကမ္ဘာကို ကြေညာခဲ့တယ်။ ဒီ Strategic Move ၂ ခုကြောင့် ကြံ့ဖွံ့စစ်အစိုးရဟာ လစ်ဘရယ် ကမ္ဘာကြီးရဲ့ အဘက်ဘက် မှ ကူညီထောက်ပံ့မှုများနဲ့ သံတမန်ရေး ထောက်ခံမှုများ ရခဲ့ကြတယ်။ သိပ်မကြာ လှတဲ့ ကာလအတွင်း US သမ္မတ ၂ ကြိမ် လာရောက်ခဲ့ကြောင်း တွေ့ရပါတယ်။
““လစ်ဘရယ် ဒီမိုကရေစီဆိုတာ အရင်းရှင်ကုန်ထုတ် စနစ်ရဲ့ နိုင်ငံရေးပုံသဏ္ဌာန်ပါ။ အရင်းရှင်စနစ်က လွတ် လွတ်လပ်လပ် ရင်းနှီးမြှုပ်နှံခွင့်ကို တောင်းဆိုတယ်။ ဈေးကွက်အတွင်း လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ရောင်းဝယ် ခွင့်ကို တောင်းဆိုတယ်။ အရင်းရှင်စနစ်က ဈေးကွက်ရဲ့ ရောင်းခွင့်ဝယ်ခွင့် ချုပ်ချယ်တာကို မကြိုက်ဘူး။ ၁၉၅၀ ခုနှစ် ကာလကစပြီး ကမ္ဘာပေါ်မှာ သိပ္ပံနဲ့ နည်းပညာ ပြောင်းလဲမှုကြီး အကြီးအကျယ် ဖြစ်ခဲ့တယ်။ ဒီအပြောင်း အလဲက ကမ္ဘာ့အရင်းရှင်စနစ်ကို သမားရိုးကျ အရင်းရှင်စနစ်မှ ခေတ်သစ်အရင်းရှင်စနစ်သို့ ပြောင်းလဲ လာစေခဲ့ တယ်။ အကြီးအကျယ် ဈေးကွက်တိုးချဲ့ခြင်း၊ အရင်းတင်ပို့ခြင်း၊ ဒီမိုကရေစီ ဖြန့်ကြက်ခြင်း၊ အမေရိကန်ပုံစံ အရင်းရှင်း စနစ်ဖြန့်ကြက်ခြင်းတို့ဟာ ဒီကနေ့ခေတ် ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ အခြင်းအရာများ ဖြစ်ပါ တယ်။ သေချာ တာတစ်ခုက နိုင်ငံတိုင်းဟာ ကမ္ဘာ့အရင်းရှင်စနစ်နဲ့ မလွဲမသွေ ဆက်ဆံကြရမှာ ဖြစ်ပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်းဟာ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ရဲ့ စီးပွားရေးအရ သွေးစုပ်မှုနဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုများကို ဖယ်ရှားကြရမှာပါ။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြည်တွင်းစစ်နဲ့ ၆၇နှစ်၊ စစ်အာဏာရှင် စနစ်နဲ့ ၅၃ နှစ်ကြာ ဖြတ် သန်းခဲ့ကြရပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုကြီးဟာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးကြရပါမယ်။
မြန်မာ့လူအဖွဲ့အစည်းဟာ လွတ်လပ်ရေးရစကတည်းက ပါတီစုံနိုင်ငံရေးစနစ် ဈေးကွက်စီးပွားရေးစနစ်တို့နဲ့ လှုပ်ရှား လည်ပတ်လာတဲ့ နိုင်ငံပါ။ လွတ်လပ်ရေးရစမှာ အာဏာရပါတီက ဖဆပလအဖွဲ့ချုပ်ပါ။ ပါတီစုံနိုင်ငံရေး စနစ် ကျင့်သုံးပေမယ့် အားကောင်းတဲ့ ပါတီစုံစနစ်မရှိပါဘူး။ ၁၉၅၆ ခုထဲရောက်မှ ၁၉၅၁ ခုနှစ်မှာ ဆိုရှယ်လစ် ပါတီက ခွဲထွက်လာကြတဲ့ ဆိုရှယ်နီပါတီဆိုတာ ပေါ်လာပါတယ်။ ဆိုရှယ်နီပါတီဆိုတာ နောင်တော့ ဗမာပြည် အလုပ်သမား လယ်သမားပါတီ ဖြစ်လာပါတယ်။ ၁၉၅၆ ခုနှစ်ကျတော့ ဗမာပြည် အလုပ်သမားပါတီဖြစ် လာပါ တယ်။ သခင် ချစ်မောင်(၀ိဓူရ)၊ သခင်လွင်၊ သခင်လေး မောင်လက်ဝွါမာ့က်စ်ဝါဒ ယုံကြည်သူ သခင်ကြီးများ ခေါင်းဆောင်တဲ့ ပါတီပါ။
ဖဆပလအစိုးရကို အတိုက်အခံပြုတဲ့ပါတီ ငယ်ကလေးများ ရှိကြသေးပေမယ့် ဗမာပြည်အလုပ်သမားပါတီဟာ မာ့က်စ်ဝါဒကို Guiding ldeology အဖြစ် ခံယူထားတဲ့ ပါတီဖြစ်ပါတယ်။ လွတ်လပ်ရေးခေတ်ဦးမှာ ရပ်တည် နေကြတဲ့ ဒီမိုကရေစီပါတီလေးများဟာ ယေဘုယျအားဖြင့် မာ့က်ဝါဒကို Guiding ldeology အဖြစ်ထားကြ တာများပါတယ်။ ၁၉၅၉ လောက်မှာထွက် ရပ်လာတဲ့ The Burma workers’ Party’ ဟာ မာ့က်စ်ဝါဒကိုပဲ Guiding ldeology အဖြစ် ခံယူခဲ့ကြတာပါ။ ၁၉၅၉ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ ပြည်ထောင်စု အမျိုးသား ဒီမိုက ရေစီ ညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)ဟာ အင်အားကြီးတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။ ပမညတဟာ ဥပဒေတွင်း နိုင်ငံရေးမှာ တဖြည်းဖြည်း လူထုကြီးက အားထားယုံကြည်တဲ့ တပ်ပေါင်းစုကြီးဖြစ် လာခဲ့ပါတယ်။ ၁၉၅၆ ဖေဖော်ဝါရီ ရွေးကောက်ပွဲမှာ ပမညတက ကိုယ်စားလှယ် ၄၇ ယောက် ရွေးကောက်ခံရပြီး လူထု ထောက်ခံမဲ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့တယ်။ ဒီရွေးကောက်ပွဲရလဒ်က ဖဆပလ အာဏာရအစိုးရအတွင်း အကြီးအကျယ် ဂယက်ရိုက်ခဲ့တယ်။ ၁၉၅၈ ဇွန်လအတွင်း အာဏာရ ဖဆပလ အဖွဲ့ချုပ်နဲ့ အစိုးရအတွင်း တည်မြဲ- သန့်ရှင်း ၂ခြမ်းကွဲခဲ့တယ်။ လူထုကြီးက သခင်နု-သခင်တင်ဂိုဏ်းကို ထောက်ခံခဲ့တယ်။
တည်မြဲ တပ်မှူးကြီးများနဲ့ တည်မြဲတပ်မှူးကြီးများရဲ့ အကျပ်ကိုင်မှုကြောင့် ပုဒ်မ ၁၁၆ ကိုပြင်ပြီး ဗိုလ်နေ၀င်းကို ၀န်ကြီး ချုပ်အဖြစ် နု-၀င်း ပေးစာ (၂)စောင်နဲ့တစ်နှစ် ၀န်ကြီးချုပ်အဖြစ် အာဏာလွှဲပေးခဲ့ရတယ်။ ဒါဟာ စစ် အာဏာသိမ်းဖို့ ဇာတ်တိုက်တာလို့ ပမညတက ဝေဖန်ထောက်ပြခဲ့တယ်။ ၆၂ မတ်လ ၂ ရက်နေ့မှာ ၅၉ ရှမ်းပုန် ကန်မှုကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ၆၂ အာဏာသိမ်းမှုမှာ စစ်တပ်က မဆလလမ်းစဉ် ကြွေးကြော် အာဏာသိမ်းခဲ့တာဖြစ်တယ်။ ဥပဒေတွင်း မာ့က်စ်ဝါဒီကြီးများ ဖြစ်ကြတဲ့ ဦးသိန်းဖေမြင့်၊ ဦးဘညိန်၊ ၀ိဓူရ၊ ဦးအောင်ဘန်းစတဲ့ ဆိုရှယ်နီများ၊ ပမညတများ၊ ပြည်သူ့ရဲဘော်အဖြူအ၀ါများ၊ မလညပများအား လုံးဟာ ၆၂ အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြတယ်။ သူတို့အားလုံးက (၁) တပ်မှူး စစ်ကဲကြီးများဟာ ဓနရှင်ပေါက်စ ပညာတတ်များ ဖြစ်ပါတယ်တဲ့။ မိတ်ဆွေများပါတဲ့။ (၂) မဆလလမ်းစဉ်ဟာ Common Programme ပါတဲ့။ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ဘုံလုပ်ငန်းစဉ်ပါတဲ့။ ဒီဥပဒေတွင်း ဆိုရှယ်နီနဲ့ မလညပကြီးများက 7 July ကျောင်းသားအရေးတော်ပုံကြီးဟာ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပါတဲ့။ အခုလည်း လက်ပံတန်း ကျောင်းသား သပိတ်စခန်းဖြိုဖျက်ခံရတဲ့အခါ Win-Win လုပ်ချင်သူများက ဒါဟာတည်ငြိမ်မှုကိုပျက် ပြားစေပါ သတဲ့။ ဒါတစ်သံ နောက်တစ်သံက ဒါဗကပက မြှောက်ပေးနေတာပါလို့ သံယောင်လိုက်ကြတယ်။ တချို့က လည်း ကျောင်းသားများရဲ့ ပညာရေးဥပဒေပြင်ရေး လှုပ်ရှားမှုချေမှုန်းခံရတာကို ကိုယ်နဲ့မပတ်သက်သလို တိတ် တိတ်နေကြပါတယ်။ စိတ်သိရတာပေါ့လို့ ကလေးပြောလေး ပြောရတော့မှာပါ။ လက်ပံတောင်းနဲ့ လက်ပံတန်း သမိုင်းက တစ်နေ့ကျရင် တချို့လူတွေရဲ့သမိုင်းကို အမှန်အတိုင်း ပြောပြလာပါလိမ့်မယ်။
စံကျတဲ့ လစ်ဘရယ် ဒီမိုကရေစီစနစ်မှာ စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ် ရှိရပါမယ်။ နိုင်ငံရေး အရ ပြောရရင် ပါတီစုံ ဒီမိုကရေစီစနစ် ရှိရပါမယ်။ အရေးကြီးတဲ့ ဖက်တာကြီးများအရ ပြောရရင် (၁) နိုင်ငံ တကာ ပါတီစုံ စနစ်များမှာ မပါမဖြစ်၊ မရှိ မဖြစ်တဲ့ ပါတီစုံနိုင်ငံရေးစနစ်များနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်း ဥပဒေ တစ်ရပ်မရှိ မဖြစ်ရှိရပါမယ်။ (၁၉၄၇ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးပေါ်ထွက်ကျင့် သုံးခဲ့တဲ့ဖွဲ့စည်းပုံ ဟာ စံကိုက်ဖွဲ့စည်းပုံလို့ ဆိုရပါမယ်။ ၄၇ ခုနှစ်ဖွဲ့စည်းပုံရဲ့ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ပါတီစုံစနစ်လည်းရှိ ပါတယ်။ စစ်မှန်ပြီး လောကပါလတရားများနဲ့ ညီညွတ်တဲ့ ပါတီစုံဒီမိုကရေစီလည်း ရှိပါတယ်။ ဗမာ့ပါတီစုံစနစ် ထဲမှာ ဗကပ၊ အလံနီ၊ ပြည်သူရဲဘော်အဖြူနဲ့ အ၀ါပါတီများရှိပါတယ်။ ဖဆပလအဖွဲ့ချုပ်လို လွတ်လပ်ရေး ခေတ် အာဏာရပါတီ၊ တိုင်းရင်းသားပါတီများ၊ ဗကပလို မာ့က်စ်ဝါဒပါတီ များရှိပါတယ်။ လူမျိုးစုံ ကရင်၊ မွန်၊ ကယားစတဲ့ မျိုးနွယ်စုပါတီများ ရှိပါတယ်။ ၄၈ မတ်လ၊ ၂၈ ရက်နေ့မှာ ဗကပကို အပြုတ် ဖြုတ်ဖို့ ဖဆပလ အစိုးရက ကြံစည်ခဲ့ပေမယ့် ဖဆပလအစိုးရက ဗကပကို မချေမှုန်းနိုင်ရုံ သာမက ဒီကနေ့အထိ ပြည်တွင်းစစ်က သက်ဆိုးရှည်နေဆဲဖြစ်တယ်။ ၁၉၄၈-၄၉ ခုနှစ်အတွင်းမှာ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲ ဘော်ပါတီနဲ့အတူ ကရင်၊ မွန်၊ ကယား၊ ရှမ်းမျိုးနွယ်စုများ A.S အတွင်း ဆက်တိုက်ပါဝင် သွားခဲ့ကြပါတယ်။ ပြည်မပါတီများအကြားမှာ ဖြစ်ဖြစ်၊ လူမျိုးနွယ်စုပါတီများ အချင်းချင်း အကြားမှာဖြစ်ဖြစ်၊ လူမျိုးစုများနဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ ရဲဘော် တပ်ဖွဲ့များ အကြားမှာဖြစ်ဖြစ် စည်းလုံးညီညွတ်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတစ်ရပ် မစုစည်းနိုင်ဖြစ် ခဲ့ရပါ တယ်။
၁၉၈၉ ဧပြီလမှာ တော်လှန်ရေးညီ ညွတ်ရေး တပ်ပေါင်းစုတစ်ရပ် မဖွဲ့စည်းနိုင်တာအပြင် ၁၉၈၉ ဧပြီလလယ် လောက်မှာ ဗကပမှ လူမျိုးစုတပ်ဖွဲ့များ ခွဲထွက်သွားခဲ့ကြတာကြောင့် ဗကပရဲ့ PDR/ Armed Struggle ပြိုကွဲ သွားခဲ့ရပါတယ်။
ဗမာပြည်ပါတီစုံစနစ်ဟာ ဖဆပလအ စိုးရရဲ့ ရန်လိုမှုကြောင့် လွတ်လပ်ရေးရပြီး ၈၁ရက်အကြာမှာ ပါတီစုံစနစ် ပျက်ပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ရပါတယ်။ ၁၉၅၈ ဇွန်လမှာ ဖဆပလအဖွဲ့ချုပ်နဲ့ အစိုးရအတွင်း ဂိုဏ်းကွဲမှုဖြစ်ခဲ့ တယ်။ ဒီဂိုဏ်းကွဲမှုရဲ့ အကျိုးဆက်နဲ့ ၅၆ရွေးကောက်ပွဲမှာ ပမညတကိုယ်စားလှယ်ပြုတဲ့ အမတ်များ လွှတ် တော်ထဲ ရောက်လာခဲ့တယ်။ ဒီအခြေအနေတွေကြောင့် ၂-၃-၆၂ မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ဒီ အာဏာသိမ်းမှုကို ဆိုရှယ်နီများ၊ ပမညတများ၊ ပြည်သူ့ရဲဘော်အဖြူ-အ၀ါများ၊ မလညပများက ထောက်ခံခဲ့ကြ တယ်။ ဒါကြောင့် Legalfold မှာ မဆလ တစ်ပါတီစနစ် ကြီးစိုးခဲ့တာ ၈၈အရေးတော် ပုံကြီးအထိဖြစ်ပါတယ်။ မဆလ တစ်ပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ် ကြီးစိုးမှုကို ကျောင်းသားနဲ့လူထု ၃၀၀၀ နဲ့ ၅၀၀၀ကြား အသက် ပေးပြီး ဖြိုချခဲ့ကြတယ်လို့ ကမ္ဘာ့အာဘော်ပိုင်းက ဖော်ပြခဲ့ကြပါတယ်။
ဖွဲ့စည်းပုံတွေ့တိုင်း၊ ပါတီစုံဆိုတာတွေ့ တိုင်း၊ ရွေးကောက်ပွဲတွေ့တိုင်း ဒီမိုကရေစီလို့ ထင်မြင်ယူဆပြီး ဒီကွင်း ထဲဝင်ပါချင်ကြတာဟာ တက်သစ်စ မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့ နိုင်ငံရေးရေချိန် နိမ့်ကျမှု၊ ““၀ါဝါ”” မြင်တိုင်း ရွှေထင်မှု၊ “၀င်း-၀င်း””နိုင်ငံရေး သူငယ်နာမစင်မှုတို့ရဲ့ ရှင်းလင်းတဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံတို့၊ ရွေးကောက်ပွဲတို့၊ ၄,၆,၄၈ ပွင့်ဆိုင် ဆို တာမျိုးတွေနဲ့ အာဏာလက်ရှိ အင်အားစုများက Mamoeuvring လုပ်တာတဲ့အခါမျိုးမှာ အတိုက်အခံများ (အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်ချင်သူ များ၊ အောက်လိုင်းဖွင့်ချင် သူများက)၊ မူကို ဆုပ်ကိုင်ထားသူများကို Diehard များ၊ တရားသေ၀ါဒီများ၊ အစွန်းရောက်များ၊ Putsch များ၊ Diplomacy ကို နားမလည်သူများအဖြစ် Double bluff လုပ်ချင်ကြတယ်။ ဒီလိုလူမျိုးတွေ နောက်ပါမသွားကြဖို့ အထူးသတိ ပြုရပါမယ်။ လွတ်လပ်ရေး ခေတ်ဦး မြန်မာ့ပါတီစုံစနစ်မှာ ၄၇ခုနှစ်ဖွဲ့စည်းပုံက စမတ်ဖြစ်တယ်။
ဒီဖွဲ့စည်းပုံနဲ့ ကျင်းပခဲ့တဲ့ ၄၇ ရွေးကောက် ပွဲ၊ ၅၆ ရွေးကောက်ပွဲ၊ ၆၀ ရွေးကောက်ပွဲများဟာ Just Free and Fair ဖြစ်တယ်။ ဘာကြောင့် ဒီလိုဆိုရတာလဲ။ ဒီရွေးကောက်ပွဲရလဒ်များအရ အာဏာလွှဲ ပြောင်းမှုလုပ်ခဲ့တယ်။ ဒါဟာရွေးကောက်ပွဲ တစ်ခုရဲ့ စံပါပဲ။ ၁၉၆၀ရဲ့ ဒီဘက်မှာ ၆၂ မဆလ စစ်အာဏာသိမ်းခဲ့ပြီး ၂၈-၃-၆၄ ဒီဘက် မှာပါ ပါတီစုံ မရှိတော့ဘူး။ မဆလ စစ်အစိုးရက ပါတီစုံစနစ်ကို ဖျက်လိုက်ပါပြီ။ ဆိုရှယ်လစ်စနစ် (အတု)နဲ့ မဆလ တစ်ပါတီစနစ်က ဗိုလ်ကျလာပါပြီ အာဏာ ကိုရော၊ ဥစ္စာကိုရော လုယူလိုက်ပါပြီ။ မဆလ တစ်ပါတီ စနစ်နဲ့ စစ် အာဏာရှင်စနစ်ကို ထပ်ထားတာပါ။ ၇၄ ဇန်န၀ါရီ ၃ ရက်မှာ မဆလတစ်ပါတီစနစ်ကို ကာကွယ်တဲ့ ၇၄ဖွဲ့စည်း ပုံကို ပြဋ္ဌာန်းခဲ့တယ်။ မဆလ တစ်ပါတီစနစ် နဲ့ နိုင်ငံရေး၊ စီးပွားရေးကိုပါ အာဏာနဲ့ လက်ဝါးကြီးအုပ် ထားတာပါ။ ၇၄ State Structure ကို စစ်အာဏာရှင် စနစ်နဲ့ ကာကွယ်ထားတာပါ။
မဆလ State Structure တစ်ခုလုံးကို ရှစ် ၄လုံးနဲ့တိုက် ချခဲ့ရတယ်။ အကြောင်း မျိုးစုံအောက်မှာ ၇၄ဖွဲ့စည်း ပုံကို ဖြိုချနိုင်ခဲ့ပေမယ့် အာဏာရဲ့ဇာတိနဲ့ ဇာစ်မြစ်ဖြစ်တဲ့ စစ်တပ်နဲ့စစ်အာဏာရှင် စနစ်ကို ၈၈လူထုအရေး တော်ပုံကြီးက လက်စမတုံးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကြံ့ဖွံ့စစ်အုပ်စုက သူတို့ရဲ့အာဏာနဲ့ ဥစ္စာဓနပိုင်စိုးခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အသေအချာ ကာကွယ်မှုပေးလာခဲ့တာပါ။ လူထုတိုက်ပွဲကိုကြောက်တဲ့ ကြံ့ဖွံ့စစ်အစိုးရနဲ့ လူထုတိုက်ပွဲ ဆင်နွှဲရမှာကို ကြောက်တဲ့ ဒီချုပ်တို့ဟာ ၂၀၁၅ ရွေးကောက်ပွဲ နိဂုံးမှာ အဆုံး သတ်တဲ့အခါ မြန်မာ့ခေတ်ပညာတတ် လစ်ဘရယ်ဘူဇွာ ဒီမိုကရက်များ အော်နေကြတဲ့ ““Win –Win Game””လမ်းကြောင်း ပေါ်မှာ ညွန့်ပေါင်း အစိုးရတစ်ရပ်များ ဖွဲ့စည်းဖို့ ကြံစည်နေကြသလားလို့ စဉ်းစားချင်ရင် စဉ်းစားကြည့်ကြပါ ခင်ဗျား။ (စဉ်းစားတာလောက်ကိုတော့ ပုဒ်မတစ်ခုခုတပ်ပြီး ရုံးမတင်လောက်ပါဘူး။)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment