~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာဏာပိုင်တွေရဲ့အချိန်ကာလ သတ်မှတ်ချက်အရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကြီးကျင်းပဖို့ဟာ ၆ လသာ လိုပါတော့ တယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေရဲ့ ရွေးကောက်ပွဲ စိတ်ဝင်စားမှု ရေချိန်က လည်း မြင့်တက်လာပါတယ်။ အမတ်နေရာ ၄၄နေရာသာ အတိုက်အခံ NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၁၂ ဧပြီကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ နိုးကြားတဲ့ မျှော်လင့်ချက်ထုကြီးနဲ့ အင်တိုက်အားတိုက် ပါဝင် လှုပ်ရှားပုံမြင်ကွင်းတွေ ကို ပြန်ပြောင်းကြည့်လိုက်ရင် ပြည်သူရဲ့ရွေးကောက်ပွဲ စိတ်ဝင်စားမှုရေချိန်ကို ခန့်မှန်း မိနိုင်မှာဖြစ်ပါတယ်။
အမှန်တော့ ပြည်သူရဲ့ရွေးကောက်ပွဲ စိတ်ဝင်စားမှုဟာ အပြောင်းအလဲကို မျှော်လင့်မှုနဲ့ တိုက်ရိုက် ဆက်စပ်နေ ပါတယ်။ စစ်အာဏာရှင် စနစ်အောက်မှာ နှစ် ၅၀ကျော် ကြာပိပြားနေခဲ့ရပြီး ၂၀၁၁ မှာ ၂၀၀၈ဖွဲ့စည်းပုံနဲ့အတူ အရပ်သားတစ်ပိုင်းအစိုးရ တက်လာပါတယ်။ စစ်ရိပ်စစ်ယောင်ပုဒ်မတွေ လွှမ်းမိုးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းလိုက်တဲ့ အစိုးရသဏ္ဌာန်ဟာ အရပ်သား အစိုးရစစ်သဏ္ဌာန်မဖြစ်ခဲ့ဘဲ တပ်မ တော်အရေလွှမ်းခြုံထားတဲ့ အရပ်သားတစ်ပိုင်း အစိုးရသဏ္ဌာန်သာ ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန် အရပ်သား တစ်ပိုင်းအစိုးရသက်တမ်း ၄ နှစ် ကျော်ကာလမှာလည်း ပြည်သူတွေရဲ့လူမှု၊ စီးပွားဘ၀တွေဟာ တိုးတက်မလာဘဲ ကဏ္ဍတော်တော် များများ မှာဆိုရင် ပိုလို့တောင် ချွတ်ခြုံကျလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ ၂၀၁၅ ရွေး ကောက် ပွဲကို စိတ်ဝင်စားတယ်ဆိုတာထက် လက်ရှိအခြေအနေကနေ ရုန်းထွက်ချင်တဲ့ အပြောင်းအ လဲမျှော် လင့်ချက်က ပိုမိုကြီးမားနေတယ်လို့ ဆိုရမှာပါ။…
ရွေးကောက်ပွဲကျင်းပဖို့ ၆လအလို လက်ရှိကာလမှာတော့ သက်ဆိုင်ရာနိုင်ငံရေးပါတီ အသီးသီးဟာ ရွေး ကောက် ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေချမှတ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အသီးသီး စိုင်းပြင်း နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတစ်ခုအတွက် ရွေးကောက်ပွဲအနိုင်ရရှိရေးဟာ အဓိကရည်မှန်း ချက် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ လက်ရှိအနေအထား အရ နိုင်ငံရေး ပါတီတွေအနေ နဲ့ ရွေးကောက်ပွဲတစ်ခုတည်းကိုသာ အာရုံမစိုက်သင့်ဘဲ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး တည်ငြိမ်မှုကိုပါ တင်ကြို ထည့် သွင်းတွက်ချက် ထားသင့်တယ်လို့ ယူဆပါတယ်။ ၂၀၁၄ အတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရွေး ကောက်ပွဲတွေကို လေ့လာကြည့်ရင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုတွေ ကြောင့် ဆန္ဒပြမှု၊ အဓိကရုဏ်းတွေဖြစ်ပြီး ပြည် သူတွေ သေကျေဒဏ် ရာရတဲ့ သွေးထွက် သံယိုဖြစ်ရပ်တွေ ရှိခဲ့တာကို သင်ခန်းစာ ယူသင့်ပါတယ်။ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေးတည် ငြိမ်ဖို့ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားနဲ့ တပ်မတော်ဆိုတဲ့ အင်အားစု ၄ စုရဲ့ တင်ကြို ညှိနှိုင်းအပေးအယူ လုပ်ကြရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အစစ်အမှန်တစ်ခု မဖြစ်မနေလိုအပ်ပါ တယ်။
၆ လတာသာ လိုတော့တယ်ဆိုတဲ့ ရွေးကောက်ပွဲရဲ့ အချိန်နီးကပ်လာမှုကြောင့် ကိုယ်စားပြုမှု အပွင့်အရေ အတွက်ကို နည်းနိုင်သမျှ နည်းအောင်ချုံ့ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုက ပိုမိုခရီးရောက်ပါလိမ့် မယ်။ တွေ့ဆုံ ဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ရလဒ် (နိုင်ငံရေးပဋိညာဉ်)(Pact)ရဲ့ အပေးအယူချောမွေ့မှုက ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
၂၀၁၆ အ၀င် မြန်မာ့နိုင်ငံရေးဟာ ထွက်ပေါက်ကျဉ်းကျဉ်းထဲ issue ကဏ္ဍတွေဟာ အဖုအထစ်ပေါင်းစုံနဲ့ စုပြုံ တိုးဝှေ့နေပြီး နိုင်ငံရေးအကျပ်အတည်း (Political DeadLock) ဆီဦးတည်နေတယ်ဆိုတာတော့ ပကတိ အခြေအနေမှန်ပါပဲ။
အစိုးရက ဘယ်လိုအသံကောင်းဟစ် မယ်။ ပြည်တွင်းငြိမ်းချမ်းရေးအုတ်မြစ်ချ နိုင်ဖို့ အတားအဆီး၊ အဟန့် အတားတွေများစွာကို ကျော်ဖြတ်ရဦးမှာပါ။ အပစ်ရပ်စာချုပ်မူကြမ်း လက်မှတ်ထိုးနိုင်ခဲ့တယ်ဆို ပေမယ့် တစ် နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ပြုလုပ်မယ့် ထိပ်သီး အစည်းအဝေးရဲ့ရလဒ်က မှန်းဆလို့မရ နိုင်သေးသလို လက်ရှိမှာ ကိုးကန့်အပြင် ကချင်နဲ့ ရခိုင်တွေ မှာပါ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပါတယ်။ အပစ်ရပ်မူကြမ်းမှာ တပ်မတော် ဆုပ်ကိုင်ထားတဲ့မူ ၆ချက်ထဲက တိုင်းရင်းသားတွေ သဘောမတူတဲ့ ၂ချက်ကို ချန်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍ မချောမွေ့သေးဘူးလို့ ဆိုရမှာပါ။
အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း တွေ့ဆုံညှိနှိုင်းမှုတင်ကြိုမရှိဘဲ လွှတ်တော်တွင်း တိုက်ရိုက်ဆွေးနွေး မဲခွဲတဲ့ အခါ တပ်မတော်ဘက်က သဘောမတူရင် အခြေခံဥပဒေပြင်ဆင်ရေးမှာ အဖုအထစ်တွေဖြစ် လာဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧပြီ ၃ ရက်နေ့ ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းမရှိရင် ရွေးကောက်ပွဲဝင်ရောက်ခြင်း ရှိ၊ မရှိဆိုတဲ့ မေးခွန်းကိုဖြေကြားရာမှာ ““ရွေးကောက်ပွဲ ကို သပိတ်မှောက်တာ အကောင်းဆုံးရွေးချယ်မှု တစ်ခုလို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီရွေးချယ်မှုကို ပယ်ဖျက်ဖို့တော့ မရှိပါဘူး။ ကျွန်မတို့ အနေနဲ့ ရွေးချယ်မှုတွေအားလုံးကို ထည့်သွင်းစဉ်းစားနေရပါတယ်”” ဆိုပြီး ပြောကြားထား တာရှိပါတယ်။ ဖွဲ့စည်းပုံအကျပ် အတည်း၊ ပြည်တွင်းငြိမ်းချမ်းရေးအကျပ် အတည်းတွေအပြင် ကျောင်းသား အရေးကလည်း မီးမသေသေးဘူးလို့ ဆိုရမှာပါ။ အလုပ်သမားအရေအတွက် လာမယ့် လွှတ်တော်မှာ အနိမ့်ဆုံး လစာ ဥပဒေပြဋ္ဌာန်းဖို့အတွက် ဆွေးနွေးစရာတွေရှိနေပါတယ်။
ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးပေမယ့် ၂၀၁၅အလွန် တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ကို ဆက် လက်လျှောက်လမ်းဖို့ ဆိုရင်တော့ ရွေးကောက်ပွဲဟာ တစ်ခုတည်းသော ထွက်ပေါက်အဖြေ မဟုတ်ပါဘူး။ တပ်မ တော်ရဲ့ စိတ်နေစိတ်ထား၊ အစိုးရရဲ့ သဘောထားပျော့ပျောင်းမှု၊ အတိုက်အခံ ညီညွတ်မှု၊ အတိုက်အခံ နိုင်ငံ ရေးပါတီများ အားကောင်းမောင်းသန်ရှိမှု၊ ရပ်တည်ချက်မှန်ကန်သော မီဒီယာများအားကောင်းမှု၊ အရပ်ဘက် အဖွဲ့အစည်းများ စနစ်တကျအားကောင်းမှု၊ ပြည်သူရဲ့စည်းကမ်း၊ စိတ်နေစိတ်ထားနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေး နွေးမှုကတစ်ဆင့် တင်ကြိုညှိနှိုင်း အပေးအယူလုပ်ထားတဲ့ နိုင်ငံရေး ပဋိညာဉ်တစ်ခုစတဲ့ အချက်အလက်တွေ ပြည့်စုံကောင်းမွန်ရင် ၂၀၁၅ ရွေးကောက်ပွဲကို ချောမွေ့စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပြီး ၂၀၁၅ အလွန် နိုင်ငံရေးတည် ငြိမ်မှုနဲ့အတူ ဒီမိုကရေစီစနစ်ရဲ့ ကနဦးခြေလှမ်းကို စတင်လျှောက်လှမ်းနိုင်မှာ ပဲဖြစ်ပါတယ်။ လက်ရှိအနေ အထားအရဆိုရင် တင်ကြိုညှိနှိုင်း အပေးအယူလုပ်မှုမှာ အာဏာခွဲဝေရေး (Power Sharing) ရှုထောင့် ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုံးသပ်လိုက်ရပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment