Sunday, December 7, 2014

ကျောင်းသား သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ရန် ပြည်မြို့တွင် တရားလွှတ်တော်ရှေ့နေ ဆန္ဒပြ

ပြည်(မဇ္ဈိမ)။ ။ ဦးသန့် အရေးအခင်း နှစ်(၄၀) ပြည့် အထိမ်းအမှတ်အဖြစ်  ကျောင်းသား သမဂ္ဂ အဆောက်အဦကို ပြန်လည် တည်ဆောက်ပေးရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းတွင် တရားလွှတ် တော်ရှေ့နေတစ်ဦးနှင့် လူငယ်တစ်ဦး တို့ ဆန္ဒပြခဲ့ကြသည်။

Organization-Building-Demonstration-Pyi
ကျောင်းသား သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ရန် ဒီဇင်ဘာ ၆ ရက်က ပြည်မြို့တွင် တရားလွှတ်တော် တစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - ကောင်းမြတ်မင်း)


“ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ပေးပါ။ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့ခွင့်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု ဆန္ဒပြတောင်းဆိုသူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် ပြည်မြို့၊ တပ်လမ်းရှိ ၄င်း၏ နေအိမ်ရှေ့တွင် လူငယ်တစ်ဦးနှင့်အတူ ဟောပြောမှုများပြုလုပ်ခဲ့ပြီး “ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ပေးရေး” ဟူသည့် ဗွီနိုင်းကို ကိုင်ဆောင်ပြီး ဈေးလမ်း ၊ ကန်လမ်း အတိုင်း ဗိုလ်ချုပ်ရုပ်ထုရှေ့သို့ ချီတက်ခဲ့သည်။

ဗိုလ်ချုပ်ရုပ်ထုရှေ့တွင် ထပ်မံဟောပြောကာ လမ်းရှည်လမ်း ၊ ပွဲစားတန်းလမ်းမှတဆင့် အထက (၁) ကျောင်း ရှေ့သို့ချီတက်ခဲ့ သည်။ ကျောင်းရှေ့တွင် ထပ်မံဟောပြောမှုများပြုလုပ်ကာ ဆန္ဒပြပွဲကို ရပ်နားခဲ့သည်။

ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံထားခြင်းမရှိဟု မြို့မစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကဆိုကာ “ဆိုင်းဘုတ်တွေပါ နေတော့ ဆန္ဒပြတဲ့ပုံစံပေါက်နေတယ်။ အရေးယူ၊ မယူတော့မပြောနိုင်သေးဘူး” ဟု ပြောသည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို စစ်အစိုးရက မိုင်းခွဲဖျက်ဆီးခဲ့သည့် အပြင် ကျောင်းသားအဖွဲ့ အစည်းများကိုလည်း တရားမဝင်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ခဲ့သည်။

Credit -  Mizzima News

No comments:

Post a Comment