Wednesday, December 10, 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရေး စစ် ကိုင်းတိုင်းဒေ သကြီး လွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ်တင်သွင်း

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရေး စစ် ကိုင်းတိုင်းဒေ သကြီး လွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ်တင်သွင်း

စစ်ကိုင်း၊ ဒီဇင်ဘာ ၉- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ တွင် တိုင်းဒေသကြီးနှင့် ပြည် နယ် လွတ်တော်မှ လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်ဆွေးနွေးခွင့် ရရှိရေး အရေးကြီးအဆို တစ်ရပ်ကို စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် တွင် တင် သွင်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအဆိုကို ပထမအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအ ဝေး နောက်ဆုံးနေ့ဖြစ်သော ဒီဇင် ဘာ ၉ ရက်က ချင်းတိုင်း ရင်းသား ရေးရာဝန်ကြီး ဦးနိုထန်ကပ်က တင် သွင်းခဲ့ခြင်းဖြစ် သည်။

''၂၀၀၈ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော် မှ ပါဝင်ခြင်းမရှိတာကို တွေ့ရပါ တယ်။ ပိုပြီးပြည့်စုံစေဖို့အတွက် တိုင်း ဒေ သကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲမှ သင့်လျော် သော အရေအတွက်နှင့် တိုင်းရင်းသား ရေး ရာဝန်ကြီးများ ပါဝင်ဆွေးနွေး ခွင့်ရရှိဖို့ လိုအပ်ကြောင်း တင်ပြလို ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ တိုင်းရင်းသားပြည် သူတစ် ရပ်လုံးနှင့် ပတ်သက်နေသည့် အတွက် တိုင်းဒေသကြီးအတွင်း ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်ဆွေးနွေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ဆွေးနွေးဆုံး ဖြတ်မှုများ ရရှိနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွေးနွေး ပွဲမှာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ ပါဝင်ဆွေးနွေး ခွင့်ရရှိရေးအတွက် တင်ပြဆောင် ရွက်သင့်ပါတယ်''ဟု ဦးနိုထန်ကပ် က လွှတ်တော်တွင်ပြော ကြားခဲ့ခြင်း ဖြစ် သည်။

ယင်းကို စစ်ကိုင်းတိုင်း ဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင် က ''ဒီလိုတင် သွင်းမှုကလည်း ကြို တင်သိရှိတာမဟုတ်တဲ့အတွက် အ ရေးကြီးအဆို တင်သွင်းတာဖြစ်ပါ တယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များရဲ့ ရပိုင်ခွင့်၊ ဆွေးနွေး ပိုင်ခွင့်ရရှိရေးအတွက် အရေးကြီး အဆို တင်သွင်း ရခြင်းဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ တက်ရောက် လာသော တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်များ အား သဘောထားဆန္ဒရယူကာ အားလုံးသဘောတူညီသဖြင့် လွှတ် တော်က အတည်ပြုခဲ့ကြောင်း သ တင်းရရှိသည်။

KTS
‪#‎Democracytoday‬

No comments:

Post a Comment