ဒီဇင်ဘာ ၁ဝရက် က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြုလုပ်ခဲ့သော တိုင်းဒေသကြီးလွှတ်တော်အထူး အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးအစား ၁၂ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို အတည်ပြုခဲ့သည်။
ယင်းသို့အတည်ပြုရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် သက်တမ်း တစ်လျှောက် ပထမဆုံးအဖြစ် လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပုံ ထောင်ကာ လွှတ်တော် ၏ အဆုံးအဖြတ်ကို ခံယူခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၉၉မဲ၊ ကန့်ကွက်မဲ ကိုးမဲဖြင့် အဆိုကို အတည်ပြုနိုင် ခဲ့ကြခြင်းဖြစ်သည်။
ယင်းသို့ ၁၂ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပင်မလူမျိုး ခုနစ်မျိုးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြမည်ဖြစ်ရာ တိုင်းရင်း သားအများစုလက်ခံကြသည့် အစီအစဉ်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးတို့ ပါဝင် သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အတည်ပြုထားသော်လည်း ယင်း နှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတက မည်သည့် သဘောထားမှတ်ချက်မျှ မပေးသေး သည်ကို တွေ့ရသည်။
သို့သော်လည်း နိုင်ငံတော်သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခြောက်ပွင့် ဆိုင်သည် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးသာ ပါဝင်သဖြင့် ခြောက်ပွင့် ဆိုင်အစား ၁၂ပွင့်ဆိုင်သာဖြစ်သင့်ကြောင်း မှတ်ချက်ပြုထားသည် ကို တွေ့ရ သည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံး သပ်သူတချို့ကလည်း တိုင်းရင်းသားများပိုမို ပါဝင်သည့် ၁၂ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု သည် ဖြစ်သင့် သည်ဟု ရှုမြင်ကြပြီး တချို့ကမူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် သာ ဖြစ်သင့်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်း သား လူမျိုးပေါင်း ၁၃၅မျိုးရှိပြီး ပင်မလူမျိုးများအဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းဟူ၍ ရှစ်မျိုးရှိရာ ကျွန်ုပ်တို့ နိုင်ငံသည် တိုင်းရင်းသားများ အများအပြားဖြင့် စုပေါင်းဖွဲ့စည်းထား သည့် ပြည်ထောင်စုတစ်ခုဖြစ်သည်။ တိုင်းရင်းသားများအရေးအတွက် တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရာတွင် တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် တိုင်းရင်း သားများက ပါဝင်ဆွေးနွေးရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ တိုင်းရင်းသားများ အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် တိုင်းရင်းသားအားလုံး၏ ကိုယ်စားအဖြစ် တစ်ဦး
သာေ ရွးချယ်ခြင်း သည် နည်းလှသည့် အရေအတွက် အဖြစ် ရှုမြင်မိပေသည်။ ပင်မတိုင်းရင်းသားခုနစ်ဦးပါဝင်သည့် တွေ့ဆုံဆွေး နွေးမှုသည် ယထာဘူ တကျကျဖြင့် စဉ်းစားသုံးသပ်ပါက ဖြစ်သင့်သည့်အရေ အတွက်ဖြစ်သည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းကပင် နှစ် ပေါင်းများစွာ တိုင်းရင်းသားများနှင့် အဓိကကျသည့် တွေ့ ဆုံဆွေးနွေး မှုများ ကို ဖော်ဆောင်နိုင်ခဲ့မှုများ အားနည်းခဲ့ခြင်းကြောင့် ပြည်တွင်းစစ်များနှင့်တွေ့ ကြုံခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုနှောင့်နှေး ခဲ့ရသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိကအခြေခံအကြောင်းတရားသည် တိုင်းရင်းသားများ တန်းတူညီမျှ အခွင့်အရေးရရှိကာ ခိုင်မာသည့် ပြည်ထောင်စုကိုထူထောင် နိုင်ရေးပင်ဖြစ်ပေ သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ရှေ့အနာဂတ်ခရီးလှပစေ ရန်အတွက် တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး သည်သာ ဖြစ်သင့်ပါကြောင်း ဒီမိုကရေစီတူဒေး သတင်းစာက ရှုမြင်သုံးသပ် ရေးသားလိုက်ရပါသည်။
အယ်ဒီတာ(ဒီဇင်ဘာ ၁၁၊ ၂၀၁၄)
#Democracytoday
No comments:
Post a Comment