Thursday, December 11, 2014

အမျိုးသားမြေ အသုံးချခြင်းဆိုင်ရာ အကြံပြုအစီရင်ခံစာ တစ်စောင်ကို လွှတ်တော်နှစ်ရပ် အပါအဝင် အမျိုး သားမြေ အသုံးချရေး ကော်မတီထံ တင်ပြထားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀-အမျိုးသား မြေအသုံးချမှု မူဝါဒဥဒေကြမ်းတွင် ပါဝင်သော ဥပဒေများတွင် တောင် သူလယ်သမားအခွင့်အရေးကို လက် တွေ့ကာကွယ်ပေး ရန် အချက်များ ပြည့်စုံစွာမပါဝင်သေး၍ အမျိုးသား မြေအသုံးချခြင်းဆိုင်ရာ အစီရင် ခံ စာတစ်စောင်ကို လွှတ်တော်နှစ်ရပ် အပါအဝင် အမျိုးသားမြေအသုံးချ ရေးကော်မ တီထံသို့ အကြံပြုလွှာ တင်ပြထားကြောင်း ၈၈ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာ ဒုတိ ယတာဝန်ခံ ဦးမျိုးသန့်က ဒီမိုကရေ စီတူဒေးသို့ ပြောသည်။

''တောင်သူလယ်သမားအခွင့် အရေးတွေကို အပြည့်အဝအကာအ ကွယ်ပေးနိုင်ဖို့ အတွက် အခုရေးဆွဲ လိုက်တဲ့အမျိုးသားမြေအသုံးချမှု မူ ဝါဒဥပဒေကြမ်းမှာလဲ ပြည့်ပြည့်စုံ စုံပါဝင်ခြင်းမရှိတာတွေ ရှိနေလို့ တောင်သူလယ်သမားအရေးနဲ့ပတ် သက်ပြီး ကျွန်တော်တို့ရဲ့ လေ့ လာ တွေ့ရှိချက်တွေကို အကြံပြုလွှာတစ် ခုအနေနဲ့ တင်တဲ့သဘောပါ။ ဥပ မာ အသိမ်းခံရတဲ့မြေတွေနဲ့ပတ် သက်ပြီး လျော်ကြေးဆိုင်ရာ အာမခံ ချက်တွေ၊ မိရိုးဖလာဓားမဦးချလုပ် ကိုင်တဲ့သူတွေအ တွက် အာမခံချက် ပေးနိုင်မယ့်အချက်တွေ ဒီဥပဒေထဲ မှာ မပါဘူး''ဟု ဦးမျိုးသန့်က ပြော သည်။

၂၀၁၂ခုနှစ်တွင် လယ်ယာမြေ ဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်း နိုင်ငံတော် ဒုတိယသမ္မတကိုယ်တိုင် ဦးဆောင်သော လယ်ယာမြေနှင့် အ ခြားမြေများသိမ်း ဆည်းခံရခြင်းစုံ စမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း ကာ လယ်ယာမြေပြဿ နာများကို ကိုင် တွယ်ဖြေရှင်းခဲ့သော် လည်း ထိ ရောက်စွာကိုင် တွယ်ဖြေ ရှင်းနိုင်ခြင်း မရှိဟုလည်း လယ်ယာမြေအရေး လိုက်ပါဆောင် ရွက်နေသော လူမှု အဖွဲ့အစည်းများ က ထောက်ပြပြော ဆိုလျက်ရှိသည်။

OKH
‪#‎Democracytoday‬

No comments:

Post a Comment