Wednesday, December 10, 2014

အီးယူက မြန်မာနိုင်ငံကို ၆ နှစ်အတွင်း ယူရို ၆၈၈ သန်းထောက်ပံ့မည်

နေပြည်တော် (မဇ္ဈိမ) ။ ။ ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံကို ၂၀၁၄ မှ ၂၀၂၀ အထိ ၆နှစ်တာ ကာလအတွင်း ယူရို ၆၈၈ သန်း(ကန်ဒေါ်လာ သန်း၉၀၀)   ထောက်ပံ့မည်ဟု အီးယူက ဒီဇင်ဘာလ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။

Farm- 900
ဧရာဝတီတိုင်း ဒါးကတိုက်နယ်ရှိ လယ်သမားတစ်ဦး ထွန်ယက်စိုက်ပျိုးနေစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ) အီးယူက ယင်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ အပါအဝင် ကဏ္ဍ ၇ခုကို အဓိကထား ထောက်ပံ့ပေးမည်ဖြစ်သည်။


အီးယူအဖွဲ့၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုကော်မရှင်နာ Neven Mimica က "ယခုအစီ အစဉ်ဟာ လာမယ့် ခုနှစ်နှစ်မှာ ကျွန်တော်တို့ (အီး ယူနဲ့ မြန်မာ) Multiannual indicative framework အတွက် အထောက်အကူပြုအောင်ပါ’’ ဟု ပြောကြားသည်။

အီးယူ အနေဖြင့် အဓိက နယ်ပယ်လေး ရပ်ဖြစ်သည့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ လုံခြုံရေး အပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပညာ   ရေး၊ တရားဥပဒေစိုးမိုးရေးး၊ အရည်အသွေး တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းများကို အဓိက ပူးပေါင်းဆောင်ရွက် သွားမည်ဟု ၎င်းက ပြောသည်။

ယင်းရလာဒ် များသည် အီးယူ အနေဖြင့် အီးယူ- မြန်မာ Task force အပါအဝင် မြန်မာနိုင်ငံ တွင်းရှိ လူမှုအဖွဲ့ အစည်း များစွာမှ ကိုယ်စားလှယ် များနှင့် တွေ့ ဆုံဆွေးနွေးကာ ရရှိလာခြင်းဖြစ်ပြီး မြန်မာအစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့်လည်း ကိုက်ညီသည်ဟု ပြောသည်။

အီးယူနှင့် မြန်မာနိုင်ငံတို့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး အစီ အစဉ်အရ နယ်ပယ်ပေါင်းစုံ အကူးအပြောင်း ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ အထောက် အပံ့ဖြစ်စေရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

ကျေးလက်ဒေ သအတွက် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုသည် မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် ဆင်းရဲမှုတိုက်ဖျက်ရေး အောင်မြင်ရန် အရေး ပါသည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။

သို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ လုံခြုံရေးအတွက် ယူရို ၂၄၁ သန်းအထိ လည်းကောင်း၊ ပညာရေး ကဏ္ဍအတွက် ယူရို ၂၄၁ သန်း၊ ဒီမိုကရေစီနှင့် အင်စတီကျူးရှင်နယ် ပြုပြင်ပြောင်းလဲရေးအတွက် ယူရို ၉၆ သန်း၊ ငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် ယူရို ၁၀၃ သန်းစသဖြင့် ခွဲဝေထောက်ပံ့သွားမည်ဟု ပါရှိသည်။

ထို့ပြင် အီးယူအနေဖြင့် မြန်မာပြည်သူများအတွက် ဝန်ဆောင်မှုများပေးနေသော အင်စတီကျူးရှင်းများ၏ အရည်အသွေး တိုးတက်လာရေးကို ဦးစားပေး လုပ် ငန်းအဖြစ် သတ်မှတ်သည်ဟုလည်း ဖော်ပြထားသည်။

Credit -  Mizzima News

No comments:

Post a Comment