Wednesday, December 10, 2014

ကိုပါကြီး အသတ်ခံရမှု စုံစမ်းရေး ကော်မရှင်သစ်ဖွဲ့ပေးရန် တောင်းဆို

ဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၄

သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သော အလွတ်သတင်းထောက် ကိုပါကြီးအမှုကို စုံစမ်းစစ်ဆေးရန် ကော်မရှင် အသစ်တရပ် ထပ်ဖွဲ့ပေးရေး တောင်းဆိုထားကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် တောင်းဆိုချက်ပေါင်း ၁၉ ချက်ကို သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ ဌာန ၉ ခုသို့ ပေးပို့တောင်းဆိုထားခြင်းဖြစ်ကြောင်း ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ကိုပါကြီး၏ ဇနီး ဒေါ်သန္တာတို့က ဧရာဝတီသို့ ပြောသည်။ အစိုးရစစ်တပ်နှင့် လူ့အခွင့်အရေး ကော်မရှင်တို့၏ ထုတ်ပြန်ကြေညာချက်များတွင် ဖုံးကွယ်မှု၊ ဘက်လိုက်မှုများ ရှိနေသည်ဟု ဒေါ်သန္တာက ဆိုသည်။



Credit - The Irrawaddy (Burmese Version)

No comments:

Post a Comment