Thursday, December 11, 2014

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် ညီလာခံကျင်းပမယ် ဟုဆို

 နိုင်ငံရေးပြဿနာတွေကို စုပေါင်းဖြေရှင်းနိုင်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးဇိုဇမ်က ပြောပါတယ်။

အဲ့ဒီညီလာခံကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မှာ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအနာဂတ်အတွက် ဘုံသဘောတူညီမှု ရယူသွားမှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ပြည်တွင်း တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲကို ပထမဆုံးအကြိမ် ပြည်တွင်းမှာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ အနာဂတ် သေသေချာချာ ဆုံးဖြတ်နိုင်အောင်လို့ပါ။ တိုင်းရင်းသား အရေးကို ဆေးမြီးတိုနဲ့ ကုတာထက် ရေရှည် မျှော်မှန်းချက်တွေကို မျက်နှာစုံညီ ဆွေးနွေးမယ်” လို့ ဦးဇိုဇမ်က ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီညီလာခံမှ တိုင်းရင်းသားကိုယ်စားပြု ခေါင်းဆောင်တွေကို လူမျိုးစုအလိုက် ရွေးချယ်သတ်မှတ်သွားမှာ ဖြစ်ပြီး ပြည်တွင်းမှာ ပြုလုပ်မှာဖြစ်တာကြောင့် အစိုးရဆီက ခွင့်ပြုချက် တောင်းရဦးမယ် လို့လည်း ဆိုထားပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment