
မျိုးစောင့်ဥပဒေကြမ်းများကို ယခုရက်ပိုင်းအတွင်း အများပြည်သူသို့ ချပြခဲ့သည်။ ဒီဇင်ဘာ ၃ရက်က ချပြခဲ့သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ မြို့ပြနေ လူထုအကြား ကြိုဆို၊ ကန့်ကွက်၊ ဝေဖန်သံများ ညံသွားခဲ့သည်။
တရားဝင်အိမ်ထောင်ရှိလျက်နှင့် ထပ်မံလက်ထပ်ပါက ထိုသူကို ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ယင်းဥပဒေကြမ်းကဆိုသည်။ ယင်းဥပဒေကြမ်းအပေါ် အမျိုးသမီး၊ အမျိုးသား၊ ဥပဒေပညာရှင်တို့၏ ထင်မြင်ယူဆချက်များကို ယနေ့ ပြည်သူ့အသံကဏ္ဍတွင် စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာဘုန်းမြင့်ဝင်း
(ဌာနေကိုယ်စားလှယ်) (Burnet Institute)
တစ်လင်တစ်မယားစနစ်ပဲဖြစ်ဖြစ်၊ မယားပြိုင်ယူနိုင်တဲ့စနစ်ပဲဖြစ် ဖြစ် အရေးကြီးတာအပြုအမူပါပဲ။ စနစ်တစ်ခုကြောင့် ထိခိုက်မှုတွေရှိ တာမဟုတ်ဘဲ အပြုအမူကြောင့် ထိခိုက်မှုတွေရှိတာပါ။ ဥပဒေက လူ တွေကိုထိန်းကွပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အပြုအမူက မျှတမှုတွေ ထိန်းကွပ်ဖို့အရေးကြီးတာပါ။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တစ်လင်တစ်မယားစနစ်ရှိမှ HIV တို့၊ AIDS တို့ မကူးစက်နိုင်မှာမဟုတ်ဘူး လေ။ ဒီဥပဒေမှာ အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ် ခုကို တည်ဆောက်တဲ့နေရာမှာ မေတ္တာနဲ့ သစ္စာတရားပြည့်ဝမှသာ အိမ် ထောင်အရည်အသွေးပြည့်ဝမှာပါ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရ ရင် လိင်ဆက်ဆံတဲ့ လင်ခန်း၊ မယားခန်းကိစ္စတွေမှာပါ သစ္စာနဲ့ မေတ္တာ ပြည့်ဝမှသာ အိမ်ထောင်အရည်အသွေးပြည့်မှာပါ။ ဒီလိုသစ္စာနဲ့ မေတ္တာ မပါတဲ့ အိမ်ထောင်ရေးတွေအတွက်တော့ ဒီဥပဒေလိုပါတယ်။
တစ်လင်တစ်မယားစနစ်ပဲဖြစ်ဖြစ်၊ မယားပြိုင်ယူနိုင်တဲ့စနစ်ပဲဖြစ် ဖြစ် အရေးကြီးတာအပြုအမူပါပဲ။ စနစ်တစ်ခုကြောင့် ထိခိုက်မှုတွေရှိ တာမဟုတ်ဘဲ အပြုအမူကြောင့် ထိခိုက်မှုတွေရှိတာပါ။ ဥပဒေက လူ တွေကိုထိန်းကွပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အပြုအမူက မျှတမှုတွေ ထိန်းကွပ်ဖို့အရေးကြီးတာပါ။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တစ်လင်တစ်မယားစနစ်ရှိမှ HIV တို့၊ AIDS တို့ မကူးစက်နိုင်မှာမဟုတ်ဘူး လေ။ ဒီဥပဒေမှာ အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ် ခုကို တည်ဆောက်တဲ့နေရာမှာ မေတ္တာနဲ့ သစ္စာတရားပြည့်ဝမှသာ အိမ် ထောင်အရည်အသွေးပြည့်ဝမှာပါ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရ ရင် လိင်ဆက်ဆံတဲ့ လင်ခန်း၊ မယားခန်းကိစ္စတွေမှာပါ သစ္စာနဲ့ မေတ္တာ ပြည့်ဝမှသာ အိမ်ထောင်အရည်အသွေးပြည့်မှာပါ။ ဒီလိုသစ္စာနဲ့ မေတ္တာ မပါတဲ့ အိမ်ထောင်ရေးတွေအတွက်တော့ ဒီဥပဒေလိုပါတယ်။

ဦးဝင်းဆွေဦး
(တရားလွှတ်တော်ရှေ့နေ)
ဥပဒေတစ်ခုပြဋ္ဌာန်းတယ်ဆိုတာ နောက်ဆက်တွဲအကျိုးဆက်ကို ကြည့်ရတယ်။ ဒီဥပဒေ(တစ်လင်တစ်မယား)က အမှတ်တမဲ့ဆိုရင် ကောင်းတယ်ထင်ရတယ်။ တရားဝင်လက်ထပ်ချင်ရင် ပထမလူကိုကွာ ရမယ်။ ပြီးမှ လက်ထပ်ပေါ့။ အဲဒီလိုမဟုတ်ရင် ပြစ်မှုကျူးလွန်ရာရောက် မယ်။ ဒီတော့ နောက်ပိုင်းမှာ ဥပဒေကိုရှောင်တိမ်းတဲ့ ပြစ်မှုကျူးလွန်သူ တွေပေါ်လာလိမ့်မယ်။ ကျွန်တော်တို့ဥပဒေသဘောအရ ဥပဒေတစ်ခု ဟာ ရှိပြီးသားဥပဒေတွေနဲ့ မဆန့်ကျင်ဘဲ ချိန်ထိုးစဉ်းစားရမယ်လို့ နား လည်သဘောပေါက်ထားတယ်။ ဒါပေမဲ့ ဒီဥပဒေက အကျိုးထက် အဆိုး က ပိုများနိုင်တယ်။ ပထမလူကိုမကွာဘဲ နောက်တစ်အိမ်ထောင်ထူ မယ်ဆိုရင် အဲဒီလူကို ဘယ်သူက တရားလိုလုပ်ပြီး တရားစွဲမှာလဲ။ ရဲအရေး ပိုင်လား၊ ပထမအိမ်ထောင်က တရားလိုလုပ်မှာလား။ တကယ် တမ်း ဒီလိုဥပဒေကိုပြဋ္ဌာန်းတာထက် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာမှာ အမျိုးသမီးတွေကို ဖိနှိပ်ရာရောက်တဲ့အချက်တွေကိုပြင်ရမှာ။ ဥပမာ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာဥပဒေမှာ မိန်းမတစ်ယောက်က ယောက်ျား ကိုကွာချင်ရင် သုံးနှစ်တိတိစောင့်ပြီး ဒီယောက်ျားနဲ့ပတ်သက်မှုမရှိကြောင်းသက်သေပြမှကွာလို့ရတယ်။ ယောက်ျားကျတော့ ခြောက်လအထိ ဒီမိန်းမက မယားဝတ္တရားမကျေပွန်ဘူး။ သူ့အနားမှာမနေဘူးဆိုတဲ့ အကြောင်းသက်သေပြပြီးရင် ကွာလို့ရတယ်။ ဒါမမျှတဘူး။ ဒါတွေကို ခေတ်နဲ့အညီပြင်ကိုပြင်ရမှာ။ ဒီတစ်လင်တစ်မယားစနစ်ကိုတော့ ဒီလောက်ပဲပြောချင်တယ်။

ကိုထက်ပိုင်လင်း
(မြောက်ဥက္ကလာပ)
လောလောဆယ်မှာတော့ ဥပဒေကြမ်းပဲထွက်ရှိသေးတဲ့အတွက် ပြင်စရာ၊ ဆင်စရာတွေရှိဦးမှာပဲ။ ထပ်ဖြည့်စရာတွေလည်း ကျန်ဦးမှာ ပါ။ ပြီးတော့ နည်းဥပဒေလည်းထွက်ဖို့ကျန်သေးတဲ့အတွက် ဥပဒေမူ ကြမ်းအချောကိုကြည့်ပြီးမှပဲ လက်ခံတယ်၊ လက်မခံဘူးဆုံးဖြတ်သင့်ပါ တယ်။ ထောင်ဒဏ်ခုနစ်နှစ်အထိကျနိုင်တယ်ဆိုတဲ့အပေါ်မှာတော့ သိပ် မကြိုက်ဘူးဗျ။ ဒါပေမဲ့ ဒီနိုင်ငံမှာ မယားအများကြီးယူတဲ့လူက ရှားပါ တယ်ဗျာ။ ဘယ်မြန်မာမှ ပေါ်ပေါ်တင်တင်နှစ်ယောက်ယူတာမှမဟုတ် တာ။ ဒီတော့ မြန်မာမဟုတ်တဲ့ တခြားဘာသာတွေအတွက် ဒီနိုင်ငံမှာ နေရင် ဒီဥပဒေကို လိုက်နာရမယ်လို့ ပြဋ္ဌာန်းလိုက်တာပဲဖြစ်မယ်။

ခိုင်မြဲသာ
(တေးရေးဆရာ)
ဒီလိုမျိုးဥပဒေထုတ်မှ ပြုပြင်ရတာမျိုးမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးမှုအရ လင်ပြိုင်၊ မယား ပြိုင်ဆိုတာတော့ လက်မခံပါဘူး။ အခုလို ဥပဒေထုတ်တာကိုလက်ခံပါ တယ်။ ဒါပေမဲ့ လူနှစ်ယောက် ပေါင်းဖက်တာကို စာချုပ်စာတမ်းတွေနဲ့၊ ဥပဒေတွေနဲ့တော့ မဖြစ်စေချင်တာပါ။ ကျွန်တော်ကတော့ အနုပညာကိုချစ်တဲ့လူဆိုတော့ ချစ်ခြင်းတရားကို တန်ဖိုးထားတယ်။ နှလုံးသား ချင်းထပ်တူညီလို့ပေါင်းစပ်မယ့်ဘဝကို ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့တော့ မဖြစ်စေချင်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ဥပဒေမထွက် လည်း သိနေရမယ်လို့ထင်ပါတယ်။

ကိုကျော်ဇင်
(ဓာတ်ပုံဆရာ)
မယားပြိုင်လင်ပြိုင်ယူရင် ထောင်ဒဏ်ခုနစ်နှစ်ဆိုတဲ့ ဥပဒေက ကောင်းပါတယ်။
ဒါပေမဲ့ မြန်မာလူမျိုးတွေမှာ တရားဝင်နှစ်ယောက်ယူ တာမရှိသလောက်ရှားတယ်။
မယားငယ်ယူတယ်ဆိုတာကလည်း မယားကြီးမသိအောင်ခိုးယူထားတာဆိုတော့
ဘယ်လိုလုပ်လိုက်ဖမ်းမလဲ။ တရားဝင်နှစ်ယောက်၊ သုံးယောက်
တစ်ပြိုင်တည်းယူထားတယ်ဆိုရင် တော့ ထောင်ခုနစ်နှစ်ချသင့်တယ်။
တရားမဝင်ယူထားတာကို သွားဖမ်း တဲ့အခါကျမှ မဟုတ်ဘူးလို့ငြင်းလို့ရတယ်လေ။
နောက်တစ်ခုက စပွန် ဆာနဲ့ မွေးစားအဖေလုပ်ထားတာတွေလည်း အများကြီးရှိတယ်လေ။
လက်တွေ့မှာတော့ တရားဝင်မယားငယ်ထားတယ်ဆိုတာ အဆင့် အတန်းနိမ့်ပြီး
အများအမြင်မှာ ကဲ့ရဲ့ခံကြရတာများတယ်။

ကိုသန့်ဇင်ဝင်း
(ကုမ္ပဏီဝန်ထမ်း)
တစ်လင်တစ်မယားစနစ်ဆိုတာ ဘာသာရေးအရရော၊ လူမှုရေး
ဓလေ့ထုံးတမ်းစဉ်လာအရရောကောင်းတယ်။ ဒီဥပဒေကို သဘောကျ တယ်။
မိန်းကလေးတွေအတွက်လည်း တကယ်ကိုကောင်းတယ်။ တစ် လင်တစ်မယားပဲဆိုရင်
လူမှုရေးအရှုပ်အထွေးမရှိတော့ဘူး။ အိမ်ထောင် သည်မဟုတ်ဘဲ
သမီးရည်းစားတွေမှာတောင် နောက်တစ်ယောက်ပေါ် လာပြီဆိုရင် ပြဿနာရှိပြီလေ။
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုးဆိုတာ မလုပ်ခင်ကတည်းက
သေချာလေ့လာစဉ်းစားဆုံးဖြတ် ကြရတဲ့အရာတွေပါ။

ဇွဲရန်နိုင်
(ပန်းချီဆရာ)
တစ်လင်တစ်မယားစနစ်က မြန်မာ့ယဉ်ကျေးမှုနဲ့လည်းကိုက်ညီ တယ်။
အိမ်ထောင်ရှိအမျိုးသမီးတွေအတွက်လည်းကောင်းတယ်။ အား နည်းချက်အနေနဲ့ပြောရရင်
ဒီဥပဒေသာတကယ်ပေါ်လာခဲ့ရင် အငယ် အနှောင်းထားတဲ့သူတွေလျော့သွားမလား၊
ပိုများလာမလားစိုးရိမ်စရာ ပါ။ လက်မထပ်ဘဲ အတူနေတဲ့သူတွေပိုများလာနိုင်တယ်။
မြန်မာ့ထုံးတမ်း စဉ်လာမှာတော့ တရားဝင်နှစ်ယောက်ယူတာရှားတယ်။ လက်ထပ်ပြီး
သားယောက်ျားတစ်ယောက်က နောက်တစ်ယောက်ထပ်ယူဖို့ဆိုတာ တရားဝင်မဖြစ်နိုင်ဘူး။

ကိုလှမျိုးအောင်
(ကုမ္ပဏီဝန်ထမ်း)
ဒီဥပဒေပေါ်လာတာကြိုက်ပါတယ်။ ပြီးတော့လည်း တစ်လင်တစ် မယားစနစ်ဆိုတာ
မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီမှုရှိ တယ်လေ။ ဒီဥပဒေကို
ပြဋ္ဌာန်းလိုက်မယ်ဆိုရင် တော်တော်တန်တန် အပျော်ရှာချင်တဲ့၊
ဖောက်ပြန်ချင်တဲ့သူတွေ အထူးသဖြင့် ယောက်ျားတွေ အတွက်တော့
အထိန်းအကွပ်လေးဖြစ်သွားတာပေါ့။ ကိုယ့်ရဲ့မိသားစု အပေါ်
ပိုပြီးတော့ခင်တွယ်စိတ်လေးတွေပေါ်လာနိုင်ပါတယ်။ ပြီးတော့
အမျိုးသမီးတွေအတွက်လည်း ကိုယ့်ရဲ့ခင်ပွန်းအပေါ် ပိုပြီးယုံကြည်စိတ်
ချလာနိုင်ပါတယ်။

ဦးခင်မောင်သန်း
(ဆိုင်းတန်း) (တရားလွှတ်တော်ရှေ့နေ၊ မန္တလေးမြို့)
လူ့အခွင့်အရေးဆိုင်ရာအပိုင်းနဲ့ကျတော့မညီဘူး။ မြန်မာ့ဓလေ့ထုံး
တမ်းအရဆိုလည်း မကိုက်ညီဘူး။ ရှေးဘုရင်တွေလက်ထက်ကတည်း က
မယားပြိုင်ဆိုတာတွေရှိတယ်။ သူတို့ရဲ့အခွင့်အရေးတွေလည်းရှိ တယ်။ အခုထိလည်း
ဥပဒေတွေမှာ ကျင့်သုံးဆဲပဲ။ အဲဒါကြောင့် အခု ထွက်လာတဲ့ဥပဒေက
မြန်မာ့ထုံးတမ်းဥပဒေတွေကို တားဆီးပိတ်ပင်ရာ၊ မျက်ကွယ်ပြုရာရောက်နေတာကြောင့်
သဘောမကျဘူး။ ဒီဥပဒေတွေ ကြောင့် အင်္ဂလိပ်လိုပြောရရင် living together တွေ၊
အမြှောင်တွေပို များလာနိုင်တယ်။ ဥပဒေတွေမှာတော့
အကောင်းအဆိုးအမြဲပဲဒွန်တွဲရှိ နေပေမယ့် ဒီဥပဒေမှာကျတော့ အကောင်းထက်
အဆိုးကပိုများနေ တယ်။ မိန်းမတစ်ယောက်က အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကို
သူနဲ့ငြိစွန်းဖူးပါတယ်ဆိုပြီး ငွေညှစ်တာမျိုးတွေတော့
လုပ်လို့မရတော့ဘူးပေါ့။

ဒေါ်သင်းသင်းအောင်
(ကျားမရေးရာအယ်ဒီတာ၊ မဇ္ဈိမမီဒီယာ)
ဒီဥပဒေတွေပေါ်ပေါက်လာတာဟာ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ကနေ
တိုက်တွန်းလို့ သမ္မတက ရေးခိုင်းခဲ့တာဖြစ်တယ်။ ဒီလိုဥပဒေတွေရေးမယ်ဆိုပြီး
စဖြစ်ကတည်းက မလုပ်သင့်ဘူးလို့ ကျွန်မ တို့ပြောခဲ့တယ်။ ဒါကို
ဆက်ပြီးအတည်ပြုမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်။
မတူညီတဲ့ ဘာသာတွေကြား၊ လူ့အသိုင်း အဝိုင်းတွေကြားမှာ ပြဿနာတွေပိုပြီး
တိုးပွားလာနိုင်တယ်။ လက်ထပ် တယ်ဆိုတာ လူမှုရေးအရ ထိခိုက်မခံတဲ့ကိစ္စ။
လူတစ်ဦးချင်းလွတ်လပ် ခွင့်နဲ့လည်း သက်ဆိုင်တယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့
သက်ဆိုင်တဲ့ ဥပဒေတွေက နှစ်ပေါင်းများစွာရှိခဲ့ပြီးသား။
ကျင့်သုံးခဲ့ပြီးသား။ ဒါကို ဘာသာအားလုံးကို လွှမ်းခြုံပြီး
တစ်တန်းတည်းထားလို့တော့ မရဘူး။ ဒီ ဥပဒေလေးခုထဲက
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ကတော့ ယေဘုယျအားဖြင့်တော့
ကောင်းပါတယ်။ အမျိုးသမီးအများစု လည်း ကြိုဆိုကြမယ်ထင်တယ်။ ယောက်ျားတွေကတော့
ကန့်ကွက်လိမ့် မယ်ထင်တယ်။

ကိုကျော်လင်းနိုင်
(Content Editor)
ဒီဥပဒေကိုသိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက် (ဒါမှမဟုတ်)
ယောက်ျားတစ်ယောက်က အိမ်ထောင်ပြုထားရက်နဲ့ နောက်ထပ်အိမ်ထောင်ထပ်ပြုတယ်ဆိုတာ
အပျော်ရှာချင်ရုံ၊ ဖောက်ပြန်ချင်ရုံ သက်သက်မဟုတ်ဘဲ
တခြားအဆင်မပြေတဲ့အကြောင်းတွေအများကြီး ရှိနိုင်ပါတယ်။
ဥပဒေအတည်ပြုဖြစ်သွားရင်တော့ တချို့ကိစ္စတွေမှာ အကျိုးရှိလာနိုင်ပါတယ်။
ဥပမာအပျော်ရှာချင်တဲ့ကိစ္စတွေမှာ အဟန့် အတားလေးတစ်ခုဖြစ်သွားတာပေါ့။
မိန်းကလေးတွေအတွက်တော့ အားတက်စရာသတင်းတစ်ခုပါပဲ။ ဒါပေမဲ့
ဒီလိုမျိုးကိစ္စတွေဆိုတာက တော့ လုံးဝကွယ်ပျောက်သွားမှာမျိုးတော့မဟုတ်ဘူးလေ။
ကိုယ်ကိုယ် တိုင်သေချာစောင့်ထိန်းမှ အဆင်ပြေနိုင်မယ့်ကိစ္စလို့ထင်ပါတယ်။

မခင်မျိုး
(မန္တလေးမြို့ခံ) 
ဦးအောင်ချို
(ကျောက်မျက်ကုန်သည်)မြန်မာ့ယဉ်ကျေးမှုအရပဲကြည့်ကြည့်၊ လူ့ကျင့်ဝတ်အရပဲကြည့် ကြည့် ကိုယ့်မှာတရားဝင် ဇနီး၊ သားသမီးပေါ့။ အိမ်ထောင်ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုတာတို့၊ အိမ်ထောင်ရေးဖောက်ပြန်တာတို့က တော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဗုဒ္ဓဘာသာအရလည်း ဒါက အလေး ထားရမယ်။ ငါးပါးသီလထဲမှာလည်း ကာမေသုမိစ္ဆာစာရဆိုတာ ပါပြီး သားပဲ။ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လူ့ကျင့်ဝတ်ဖောက်ဖျက်တာတွေ ကိုတော့ ဥပဒေအရ ပြဋ္ဌာန်းအရေးယူသင့်တယ်။ ဥပဒေဆိုတာတော့ ကြိုက်သူ၊ မကြိုက်သူရှိမှာပဲ။ မကောင်းတာလုပ်တဲ့သူကတော့ ဥပဒေကို ကြိုက်မှာမဟုတ်ဘူး။ ဥပဒေနဲ့တားလိုက်တော့ နောက်အိမ်ထောင်ပြုတာ မျိုးတွေ၊ ဘာတွေတော့ တော်တော်လျော့နည်းသွားမယ်ထင်တယ်။ အကယ်၍ တစ်စုံတစ်ဦးက ဒီတစ်လင်တစ်မယားစနစ်ဥပဒေအရ အရေး ယူခံရပြီဆိုရင်လည်း ပြစ်ဒဏ်အကြီးအသေးဆိုတာထက် သူ့ရဲ့စရိုက် သဘာဝ၊ သူ့ရဲ့ကိုယ်ကျင့်တရားကို ဖော်ပြလိုက်သလိုဖြစ်သွားတဲ့အတွက် နောက်လူတွေ သင်ခန်းစာယူစရာဖြစ်တာပေါ့။

ဒေါက်တာညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
တစ်လင်တစ်မယားစနစ်က အကောင်းဆုံးပါပဲ။ မိန်းမလေး ယောက်လောက်
တရားဝင်ယူခွင့်ပေးထားတဲ့နိုင်ငံတွေက သက်ဆိုင်ရာ ဘုရင်တွေကတောင်
စနစ်ပြောင်းပြီး ဒီလိုတစ်လင်တစ်မယားစနစ်ကျင့် သုံးလာကြပြီ။ ဒီဥပဒေကြောင့်
ကွယ်ရာမှာခြေရှုပ်တဲ့ကိစ္စတွေပိုဖြစ်လာ နိုင်တယ်ဆိုတာကတော့
လက်ခံနိုင်ဖို့ခက်တယ်။ ခြေရှုပ်တတ်တဲ့သူက တော့ ဥပဒေရှိရှိ၊
မရှိရှိရှုပ်မှာပဲ။

မသွဲ့ဇင်စိုး
(စတိုးဆိုင်ပိုင်ရှင်)
လူမှုရေးအရ၊ လူမျိုးရေးအရကြည့်ရင်လည်းကောင်းပါတယ်။ ဒီလို တွေရှိလာတော့
ယောက်ျားလေးတွေဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိလာမယ်လို့ထင်တယ်။
အထူးသဖြင့် ကြားထဲကနေ မြေစာပင်ဖြစ်ပြီး စိတ်ဒဏ်ရာရလာမယ့်
ကလေးတွေလျော့နည်းလာမယ်။ တိတ်တိတ်ပုန်း ထားကြတယ်ဆိုတာကတော့
ဒီဥပဒေမရှိတုန်းကလည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ တရားဝင်အပြိုင်တော့မရှိတော့ဘူး။
အရင်ကဆို တရားဝင် မယား ပြိုင်ယူလို့ရှိရင်လည်း အရင်ယူခဲ့တဲ့ မိန်းမက
အရှက်ရတယ်လေ။ ကလေးတွေရှိရင်လည်း ကလေးတွေစိတ်ထဲမှာ အနာတရရှိတာပေါ့။ ဒီလိုသာ
ဥပဒေရှိလာရင် တိတ်တိတ်ပုန်းအဆင့်နဲ့ တက်လာလို့မရတော့ဘူး။
Credit - 7DAY DAILY
No comments:
Post a Comment