ရန်ကုန်၊ ဒီဇင်ဘာ ၉- အခြေခံ ပညာရေးဥပဒေမူကြမ်းကို လာမည့် ရက်သတ္တ တစ်ပတ်အတွင်း အပြီး သတ်ရေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။
အမျိုးသားပညာရေးဥပဒေထွက် ရှိပြီးနောက် ဆက်စပ် ဥပဒေများကို ပညာရေးဝန်ကြီးဌာနမှ ဆက်လက် ရေးဆွဲလျက်ရှိရာ အခြေခံပညာရေး ဥပဒေမူကြမ်းကို လာမည့်တစ်ပတ် အတွင်းရေးဆွဲပြီးစီးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာရေးဥပဒေ မူကြမ်းကို ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး လုပ်ငန်း(CESR)တွင် ပညာရှင်များ နှင့် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
''လက်ရှိမှာ ဥပဒေကိုပညာရှင် တွေနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ ပြီး သွားရင်တော့ အောက်ခြေကသိဖို့ပြန် လည်ချပြဖို့ရှိနေပါတယ်။ ဒီဥပဒေဟာ ပြီးပြည့်စုံတယ်လို့ မဆိုလိုနိုင်သေးဘူး။ အကြမ်းပဲရှိနေသေးလို့ပါ။ ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမမှာလဲ ဥပဒေပညာရှင်တွေနဲ့ နောက်ဆုံး အဆင့်ညှိနှိုင်းဆွေးနွေပွဲတွေလုပ်ဖို့ရှိပါတယ်''ဟုအမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှ အရာရှိတစ်ဦးကပြော ကြားသည်။
ရေးဆွဲလျက်ရှိသော အခြေခံ ပညာရေး ဥပဒေတွင် ၁၂တန်းပညာ ရေးစနစ် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်များ၊ ဆရာ၊ ဆရာမများ ၏ အလုပ်တာဝန်သတ်မှတ်ချက်များ နှင့် မိမိတို့၏ ပညာဖြင့် ဝင်ငွေရှာဖွေ နိုင်ခွင့်များ၊ သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်သည်များကိုပါ အသေးစိတ် ထည့်သွင်းရေးဆွဲထားကြောင်း သိရ သည်။
''အခြေခံပညာရေးဥပဒေမှာ ပါတဲ့အချက်တွေကို ဝေဖန်အကြံ ပြုလိုရင်တော့ အချောသတ်ထွက် လာတဲ့အချိန်မှာ ဝေဖန်အကြံပြုနိုင် ကြပါ တယ်။ ဝေဖန်အကြံပြုမယ့် သူ တွေကို လဲ ဖိတ်ခေါ်ပါတယ်။ အားလုံး ထင်သာမြင်သာရှိအောင် ကျွန်တော် တို့ဘက်ကနေ အတတ်နိုင်ဆုံး ဆောင် ရွက်သွားမှာပါ။ ဒီအခြေခံပညာရေး ဥပဒေက အရင်ကရေးဆွဲခဲ့တဲ့ ဥပဒေ တွေနဲ့ လုံးဝကွာခြားသွားမှာဖြစ်သ လို မြန်မာနိုင်ငံရဲ့အခြေခံပညာရေး ကို လဲ ပြောင်းလဲသွားနိုင်တဲ့ဥပဒေဖြစ်လာ မှာပါ။ ပြောင်းလဲတယ်ဆိုတာ ကလဲ ကောင်းသောပြောင်း လဲခြင်းတွေကို ဆိုလိုပါတယ်''ဟုမြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
အခြေခံပညာရေးဥပဒေကို နှစ် လအတွင်း လွှတ်တော်သို့တင်သွင်း နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ ရေး ဥပဒေကို ၁၉၆၆ခုနှစ်တွင် ရေး ဆွဲပြဋ္ဌာန်းခဲ့ပြီး ၁၉၇၃ခုနှစ်တွင်တစ် ကြိမ်၊ ၁၉၈၉ခုနှစ်တွင် တစ်ကြိမ် ပြင် ဆင်ရေးဆွဲခဲ့ကာ လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိကြောင်းသိရသည်။
ATK
#Democracytoday
No comments:
Post a Comment