Wednesday, December 10, 2014

မျက်လုံး ကင်ဆာကို ဖုန်းကင်မရာဖြင့် စစ်နိုင်

လန်ဒန်၊ ဒီဇင်ဘာ ၁၀။ Retinoblastoma ဆိုသည်မှာ ပြင်းထန်သည့် မျက်လုံးကင်ဆာရောဂါဖြစ်ပြီး ကလေးငယ်များတွင် ဖြစ်တတ်သည့် အပြင် အသေအပျောက်လည်း များသည့် ရောဂါဆိုး တစ်မျိုး ဖြစ်သည်။ ယင်းမျက်လုံး ကင်ဆာတွင် ဆဲလ်များ လျင်မြန်စွာ ကြီးထွားကြ သဖြင့် စောလျင်စွာ သိရှိနိုင်ပါမှ  ဖြစ်ပွားသည့် ကလေးငယ်၏ အသက်ကို ကယ်တင် နိုင်မည် ဖြစ်ပြီး မျက်လုံး ဖယ်ထုတ်ရခြင်း မှလည်း ရှောင်ရှား နိုင်မည်ဖြစ်သည်။ ကလေးများတွင် ယင်းသို့ မျက်လုံးကင်ဆာရှိမရှိကို ဖုန်းကင်မရာဖြင့် စစ်ဆေးနိုင်ကြောင်း ဗြိတိန်နိုင်ငံရှိ Childhood Eye Cancer Trustအဖွဲ့ က လူထုထံ အသိပေးလှုံ့ ဆော်မှု ပြုလုပ်ခဲ့သည်။


WhiteEyeCancer

ဖုန်းကင်မရာဖြင့် ကလေးများတွင် မျက်လုံးကင်ဆာရှိမရှိ စမ်းသပ်ခြင်းမှာ ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသည့် ကလေးမျက်လုံးများတွင် မျက်စိအလယ်ရှိ မျက်နက်သားဖြစ်သော မျက်စိသူငယ်အိမ်သည် အဖြူရောင်ဖြစ်နေလျင် ထိုကလေးငယ်သည် မျက်စိကင်ဆာဖြစ်နေ သည်ဟု ယင်းအဖွဲ့ က ဆိုသည်။

၎င်းတို့ ၏ လှုံ့ ဆော်မှုအသိပေးပွဲတွင် ယင်းသို့ ကလေးငယ်များ၏ မျက်လုံးများကို အနီးကပ်ရိုက်ထားသည့် ဓာတ်ပုံများကို ပြသကာ အသိပေးခဲ့ကြခြင်းဖြစ်သည်။ မျက်စိကင်ဆာရှိသည့် ကလေးငယ်များကို ဖုန်းကင်မရာဖြင့် ရိုက်ကူးလျှင် ကြောင်မျက်လုံးတွင် အလင်းပြန် သကဲ့သို့ အဖြူရောင်တွေ့ ရခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ က ယခုသီတင်းပတ်မှ စတင်ကာ ဆေးရုံဆေးခန်းနှင့် ကလေးသူငယ် ပြု စု စောင့်ရှောက်မှု ဆေးဌာန များတွင် အသိပေး ခြင်းများ လုပ်ဆောင်လျက်ရှိနေပြီဖြစ်သည်။

Retinoblastoma ဟုခေါ်သော မျက်လုံး ကင်ဆာ ရောဂါသည် ဗြိတိန်နိုင်ငံ အတွင်း နှစ်စဉ် ကလေးငယ် ၄၀ နှင့် ၅၀ ကြား ဖြစ်ပွားနေသည်။ ယင်းကင်ဆာ ဖြစ်ပါက မျက်လုံးရှိ အမြင်လွှာကိုပါ ထိခိုက် စေနိုင်သည်။ ကင်ဆာကြိတ်ကို အစောပိုင်းတွင် စစ်ဆေး တွေ့ ရှိခဲ့ခြင်း မရှိပါလျှင် ကင်ဆာဆဲလ်များက မျက်လုံးအတွင်း ပျံ့ နှံ့ ကြီးထွားလာပြီး အမြင်အာရုံကွယ်ပျောက်သွားနိုင်သည်။ ထိုပြင် ဦးနှောက်၊ အရိုးများနှင့် နှာရိုး အတွင်းများတွင်ပါ ဆဲလ်များ ပျံ့ နှံ့ သွားမည်ဖြစ်သည်။ ထိုသို့ မျက်လုံးမှတစ်ဆင့် အခြားနေရာများသို့ ကင်ဆာဆဲလ်များ ပျံ့ နှံ့ သွားပြီဆိုပါက ကုသရန် မလွယ်တော့ပေ။

စောစောစီးစီးသာ မျက်လုံးကင်ဆာဖြစ်ကြောင်းသိရှိပါက လေဆာကုထုံးဖြင့် ကုသပေးနိုင်မည်ဖြစ်သည်။ အတန်ငယ် ကြီးထွားနေသည့် မျက်လုံးကင်ဆာ ဖြစ်နေပါကလည်း ကီမိုဆေး ထိုးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည် ကုထုံးနှင့် ခွဲစိတ် ကုသခြင်း တို့ ပြုလုပ်ပေးနိုင် မည်ဖြစ်သည်။

Ref: Mirror
Credit - Mizzima News

No comments:

Post a Comment