– အဲးခိုး
““ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ””တွင် ပုဒ်မ ၄ အရ
““မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်း ပြန် အာဏာသက်ရောက်ခြင်း
မရှိစေရ””ဟု ပါရှိသည် … ဥပဒေ တစ်ရပ်ကို နောက်ကြောင်း မပြန်ရဟူသော
အမိန့်ဖြင့် ကန့်သတ်ချုပ်ချယ်ခြင်း ရမည်မဟုတ် … ထို့ကြောင့် ဤဥပဒေကို
ပြည်ထောင်စုလွှတ်တော်က(တွင်) ခရေပွင့်ပြ အဆိုတစ်ရပ်အဖြစ် တင်
သွင်းမေးမြန်းသင့်သည် …
~~~~~~~~~~~~~~~~~~~~~~~~~
နိဒါန်း
တရားစီရင်ရေးဆိုင်ရာ ဥပဒေသည်၊ မူမရှိဘဲ (မူမထားဘဲ)လွဲတတ်၏။ မှားတတ်၏။ လွဲမှားတတ်သော စီရင်မှုသည် ဥပဒေအရာ၌ မရှိသင့် [မဖြစ်သင့်]။
မြန်မာပြည် တရားစီရင်မှုသည်မည်သည့် အခြေခံ တရားကို မူတည်ထား၍
စီရင်သည်ဆိုသည်မှာ လေ့ လာရမည်ဖြစ်သည်။
(တောင်ကလေးဆရာတော်)
ကြိုတင်ပြဋ္ဌာန်းဥပဒေ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်၄၄၃နှင့် အညီ ပြဋ္ဌာန်းထားသော
““ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ””ကို မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၂ခုနှစ်၊
သီတင်း ကျွတ်လပြည့်ကျော် ၅ရက် [၂၀၁၀ ပြည့် နှစ်၊ အောက် တိုဘာ လ ၂၈ ရက်]
နေ့တွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ေ ရးနှင့် တရားစီရင်ရေး ဆိုင်ရာ
လုပ်ငန်းများ ကို ဆောင်ရွက်နို င် ရန်၊ သို့မဟုတ် ဥပဒေနှင့် အညီ
ဆောင်ရွက်နိုင်ရန် ကြို တင်ဆောင် ရွက်ထား သည့် (ပြဋ္ဌာန်းထားသည့်) ဥပဒေအဖြစ်
ပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။
ဥပဒေတစ်ရပ်၌
ဥပဒေတစ်ရပ်၌ အမည်၊
စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ ပြည့်စုံရမည်။ အဓိပ္ပာယ်
မဖော် ပြမီ ဥပဒေတစ်ရပ်၌ မည်သည့်ဥပဒေဟု ခေါ်တွင် ကြောင်းနှင့် ဤဥပဒေသည်
မည်သည့် နေ့မှစတင်၍ အာဏာ တည်ရှိကြောင်း အင်္ဂါရပ်ပြည့်စုံရမည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်ဖော် ပြရာ၌လည်း-…
(က) မည်သည့်ဥပဒေကိုဆိုလိုပါသည်။
(ခ) စစ်ဆေးစီရင်သောအမှုကို ဆိုလိုသည်။
(ဂ) ဥပဒေနှင့်အညီ အယူခံမှုကို ဆိုလိုသည်။
(ဃ) တရားရုံးက ဥပဒေနှင့်အညီ ပြန်လည်စိစစ်ရန် ဖွင့်လှစ်သည့်အမှုကို ဆိုလိုသည်။
(င) အထူးအယူခံနှင့်ပြုသော အမှုကို ဆိုလိုသည် စသဖြင့် ပါရှိရမည်။
တရားစီရင်ရေးမူ
မြန်မာနိုင်ငံသည် (တွင်) တရားစီရင်ရာ၌ မည်ကဲ့သို့ အခြေခံမူများ ရှိခဲ့သည်
ဆိုသည်မှာ သိရန်လိုသည်။ ““ပြည် ထောင်စု တရားစီရင်ရေးဥပဒေ”” သည် ဖော်ပြပါ
အင်္ဂါရပ်နှင့်အညီ တရားစီရင်ရမည်ဟုဖော် ပြထားသည်။
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊
(ခ) ဥပဒေအရ ကန့်သတ်ချက်များမှ အပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး၊
(ဃ) ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍
တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာ ရေး တည်ဆောက်ရာတွင်
အထောက်အကူဖြစ်စေရေး၊
(င) ဥပဒေကို ပြည်သူများက နားလည်
လိုက်နာကျင့်သုံးလာစေရန် ပညာ ပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော
အလေ့အကျင့်ပျိုးထောင်ပေးရေး၊
(စ) ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကိုဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေးနှင့်
(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူ အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေးတို့ ဖြစ်သည်။
ထပ်မံစစ်ဆေးခြင်းမပြုရ
““ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ””တွင် ပုဒ်မ၄အရ ““မည်သည့် ပြစ်မှု
ဆိုင်ရာဥပဒေမျှ နောက်ကြောင်း ပြန် အာဏာသက်ရောက်ခြင်းမရှိစေရ””ဟု ပါရှိ
သည်ကိုတွေ့ရသည်။ နောက်ကြောင်းပြန် အာဏာသက် ရောက်ခြင်း မရှိရသော ဥပဒေအရာသည်
မည်ကဲ့သို့သော ဥပဒေအရာ တွင်(ကို) ဆိုလိုပါသနည်း။ နည်းဥပဒေ အရာ
ပြဋ္ဌာန်းပေးရမည်။ နည်းဥပဒေအရာမပါဘဲ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ
နောက်ကြောင်းပြန် အာဏာ သက်ရောက်ခြင်း မရှိစေရဟူသော ဥပဒေအရာသည်
ယင်းပြစ်မှုဆိုင်ရာကို မည်သည့်ဥပဒေကမျှ အရေးယူ မဆောင်ရွက်ရခြင်းကို
ဆိုလိုပါသလော၊ သို့မဟုတ် နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မရှိရဟူသော
ဥပဒေသည်မည် သည့်ပြစ်မှု ဆိုင်ရာဖြစ်သနည်းကို ယေဘု ယျသာဓကများ
ပြဋ္ဌာန်းပေးရမည်။ အခွင့် အာဏာ တစ်ရပ်၌ ဥပဒေအရာကဲ့သို့
တည်ရခြင်းရှိသည်ကြောင့် ဥပဒေတစ်ရပ်ကို နောက်ကြောင်း မပြန်ရဟူသော
အမိန့်ဖြင့် ကန့်သတ်ချုပ်ချယ်ခြင်းရမည် မဟုတ်။ ထို့ကြောင့် ဤဥပဒေကို
ပြည်ထောင်စု လွှတ်တော်က (တွင်) ခရေပွင့်ပြအဆိုတစ် ရပ်အဖြစ်
တင်သွင်းမေးမြန်းသင့်သည်ဟု မြင်သည်။
ချမှတ်သော ပြစ်ဒဏ်မပိုရ
““ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ””၊ ပုဒ်မ ၅ အရ ““ပြစ်မှုကျူးလွန် သူ
မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန် သည့် အချိန်က အတည်ဖြစ်လျက်ရှိသော သက်
ဆိုင်ရာ ဥပဒေအရသာပြစ်မှုတရား စီရင်ရ မည်။ ထို့ပြင်ယင်း ဥပဒေ
အရချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ချမှတ်ခြင်း မပြုရ””ဟု ပါရှိသည်။ ယနေ့
မျက်မှောက် ခေတ် (အချိန်၊ ကာလ) မြန်မာပြည်တွင် ဤပုဒ်မ ၅ အရကဲ့သို့
သက်ဆိုင်ရာတရား ရုံးများက ကျင့်သုံးခြင်းရှိ,မရှိ လေ့ လာသုံး သပ်သင့်သည်။
စီရင်ပိုင်ခွင့်ရှိသော အာဏာအရ စစ်ဆေးစီရင်ရသော အမှုတိုင်းသည် မူလမှု (မူလ
အမှု)ကို မကြည့်ဘဲ [အယူခံမှု၊ ပြင် ဆင်မှု၊ အထူးအယူခံမှုများကို မကြည့်ဘဲ]
တရားရုံးများတွင် လိုသလို သို့မ ဟုတ် အစိုးရအဖွဲ့အစည်းများက
ဝင်ရောက်စွက်ဖက်ခြင်း များစွာရှိကြောင်း တွေ့ရသည်။ သက်ဆိုင်ရာဥပဒေ အရသာ
ပြစ်မှုတရားစီ ရင်ရမည်ဆိုသည့် စကားအတိုင်း အတည်ပြုဖြစ်လျက်ရှိသော
ပြစ်မှုတရားကို မစီရင် ကြဘဲ ဤပုဒ်မ ၅ကို ဖြောင့်ဖြောင့် ဆန့်ကျင်နေကြကြောင်း
တရားရုံးတိုင်း၌ လေ့လာတွေ့ရှိရသည်။
ပုဒ်မ ၆ ကိုလည်း ပြင်ဆင်သင့်
““ပြည်ထောင်စုတရားစီရင်ရေး ဥပ ဒေ၊ ပုဒ်မ ၆ အရ”” တစ်ဦးတစ်ယောက် သည်
စီရင်ပိုင်ခွင့်ရှိသော တရားရုံး ကပြစ်မှုတစ်ရပ်အတွက်
ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ်လွှတ်
ခြင်းခံရလျှင်ဖြစ်စေ အဆိုပါ ပြစ်မှု ထင်ရှားစီရင်သည့်စီရင်ချက် သို့မဟုတ်
အမှုမှအပြီး အပြတ်လွှတ်သည့်စီရင်ချက်ကို အဆင့်မြင့်
တရားရုံးကပယ်ဖျက်ပြီးအမှုကို အသစ်တစ် ဖန်ပြန်လည်စစ်ဆေးရန် အမိန့်ချမှတ်သည့်
အခါမှတစ်ပါး ယင်းပြစ် မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်း မပြုရ””ဟု
ပါရှိသည်။
ဤဥပဒေအရ ပြည်ထောင်စုမြန်မာ
နိုင်ငံတော်တွင်အဆင့်မြင့်တရားရုံးက ပယ်ဖျက်ပြီး အမှုသည်သာ အသစ် တစ်ဖန်ပြန်
လည်စစ်ဆေးရန် အမိန့်ချမှတ်သည့် အခါမှ
တစ်ပါးယင်းပုဂိ္ဂုလ်အားထပ်မံစစ်ဆေးခြင်း မပြုရဟု ဆိုထားသည်ကြောင့်
တရားစီရင်ခြင်းရှိသော တရားရုံးတိုင်း၌ အမှုမမြောက်၊ အင်္ဂါမပြည့်စုံသော၊
ပယ်ဖျက် ထားပြီးသော အောက်ခြေတရားစီရင်မှုကို စီရင်ချက်
အာဏာကန့်သတ်ချုပ်ချယ်သကဲ့သို့ သက် ရောက်နေ၏။ ဤပုဒ်မအရ အောက်တရား ရုံးတော်၌
စီရင်ချမှတ်ပြီး ပြတ်ခြင်းရှိသော တရားပြစ်မှုများမရှိရသကဲ့သို့ သက်
ရောက်သည်။ဤပုဒ်မကိုလည်း ပြန်လည်၍ ပြဋ္ဌာန်းသင့်သည်။
အမြင့်ဆုံး တရားရုံးတော်တစ်ခု၌
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ အခန်း(၃)၊ ပုဒ်မ-၈ အရ ““ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်
အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏
အမြင့်ဆုံးတရားရုံးဖြစ်သည်””ဟုဆိုထားသည်ကို တွေ့ရသည်။ ““ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သည်””ဟူသောမူလ ပြ စကားရပ်သည် ပုဂိ္ဂုလ်၊ ရုံး၊ တည်ရာ၊
နေရာ၊မှီရာ-ပြ စကားကိုပြ ဆိုသော ပုဒ်ပြစကားရပ်
မဟုတ်သည်ကြောင့်““နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး””ဟူသော နာမ်ပုဒ်
ကိုထောက် ၍ ““ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသည်””ဟု အစားထည့်
မူလစာသားအား(ကို) ပြင်ဆင်သင့်သ ည်။ နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး
တရားရုံးတော်ဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှအပ စီရင်ပိုင်
ခွင့်အာဏာများ မထိခိုက်စေရဟု ဖြစ်ရမည်။
မလိုအပ်လျှင် မပြဋ္ဌာန်းသင့်
ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ အခန်း(၃)၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) (ခ) (ဂ)
အရ မူလစီရင်ပိုင်ခွင့်အာဏာ ကို ကျင့်သုံးသည့် တရားရုံးတော်ဖြစ်သည်ကို
ဖော်ပြပါရှိသည်ကြောင့် ပြည်နယ်တိုင်းဒေသ ကြီးတို့၏ တရား လွှတ်တော်၏
အာဏာလွှမ်းမိုးချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ၂၀၀၈ ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ အရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအား (သို့)
ပြည်ထောင်စုနိုင်ငံရေးမူအရ တရားရုံးတော်တို့၏ ကျင့်သုံးချမှတ် သော
စီရင်ချက်၊အမိန့် များကို စီရင်ပိုင်ခွင့်အာဏာမရှိရဟု ဖြစ်ရ မည်။
ထိုသို့မဖြစ်ဘဲ အမိန့်ကို ဥပဒေနှင့် အညီ ပြင်ဆင်မှု၊ စီရင်ပိုင်ခွင့်
အာဏာပေး ထားသည်ကြောင့် မလိုလားအပ်သောအရာ ၌ဥပဒေတည် ရှိမှုကိုပြသည် နှင့်တူ၏။
ပြည် နယ်နှင့် တိုင်းဒေသကြီးတို့၏ ကျင့်သုံး ဆောက်တည်မည့်
(ပြဋ္ဌာန်းလိုက်နာမည့်) ဥပဒေများကို ကန့်သတ်ချုပ်ချယ်သလိုဖြစ်သည်။
ပြင်ဆင်မှုစီရင်ပိုင်ခွင့် အာဏာဆို သည်မှာ
ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ အခန်း (၃)၊ ပုဒ်မ၁၃ အရ ““ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သည် တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်
သို့မဟုတ်အမိန့်ကို ဥပဒေနှင့်အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာရှိ
သည်””ဟူသော တရားစီရင်မှု၌ အာဏာတည်စေသော အမိန့်အရ
ပြစ်မှုဆိုင်ရာမြှောက်သော(မြောက်သည့်) ဥပဒေ တစ်ရပ်၏ချမှတ်စီရင်ချက်အမိန့်ကို
ပြည် ထောင်စုတရား လွှတ်တော်ချုပ်က ဥပဒေ နှင့်အညီ ပြင်ဆင်မှု
စီရင်ပိုင်ခွင့်အာဏာ အဘယ်ကြောင့် ရရှိပါသနည်း။ ချမှတ်စီ ရင်ချက်ပြီးသည့်
အမှုတိုင်း၌ မည်သည့် စီရင်ချက် အမိန့်ကိုမဆို ဥပဒေနှင့်အညီ
ပြင်ဆင်နိုင်မှုရှိသည်ဟု ဆိုထားခြင်းသည် မြန်မာ့တရားလွှတ်တော်သည် လူသတ် မှု
ကိုခိုးမှုဖြစ်အောင် ပြောင်းလဲနိုင်သော အာဏာရှိသကဲ့သို့ဖြစ်၏။
စီရင်ချက်တစ်ခု၌ ဥပဒေနှင့်အညီ ဥပဒေ ကို ပြင်ဆင်မှု
(ပြင်ဆင်ခွင့်)ပေးလျှင်နိုင်ငံတော်၏ တရားစီရင် ရေးဆိုင်ရာ မူများသည်
လွတ်လပ်စွာ တရားစီရင်နိုင် သည့် အခြေခံမူများ မရှိသကဲ့သို့
ပြသည်။ထို့ကြောင့် ဤဥပဒေဆိုင်ရာ ပုဒ်မကိုလည်း ပြင်ဆင်သင့်သည်။
(ပြင်ဆင်ရမည်)
စာဆက်ကို အောက်ပါ post တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်
Credit - Myanmartandawsint Newspaper
No comments:
Post a Comment