တော်လှန်ရေးအဘိ ဓမ္မာ(သို့တည်းမဟုတ်)တော် လှန်ရေးဟူသော စကားလုံးစကားရပ် သည် ကြီးကျယ်မြင့်မြတ်သောအသွင်သဘောကို ဆောင် နေပေသည်။
တော်လှန်ရေးဆိုရာ၌ အယူအဆတော်လှန် ရေးလား၊ လက်နက်စွဲကိုင်တိုက်ပွဲဝင်သည့်တော်လှန် ရေးလား။ မည်သည့်အရာကို တော်လှန်မည်လဲ။ မည်သည့် အကြောင်းအချက်ကိုတော်လှန်မည်လဲဟု မေးစရာရှိ နေပါသည်။ တော်လှန်ရေးဟူသောစကားရပ်သည်အပြင် ပန်းအပေါ်ယုံကြည့်လျှင် ကြမ်းတမ်းခက်ထန်သည်ဟု ယူဆနိုင်စရာရှိသော်လည်း ဧကန်စင်စစ်သရုပ်ခွဲကြည့် ပါလျှင် နူးညံ့သိမ်မွေ့သောအသွင်သဘောတရားကို ဆောင်နေသည်။
လူထုလူတန်းစားအသီးသီးသည် အမှန် တရားအတွက် ဖိနှိပ်အုပ်ချုပ်သော လူတန်းစားအား လက်နက်စွဲကိုင် တိုက်ပွဲဝင်သည်ဖြစ်စေ၊ ကျင့်သုံးသော ခေတ်စနစ်ကို လက်ခံနိုင်ခြင်းမရှိ၍ အုပ်ချုပ်သူလူတန်းစား အားအကြမ်းဖက်မှုမပါ ညင်သာစွာဖြင့် နိုင်ငံအရွှေ့အ ပြောင်းအတွက် မိမိတို့ဆန္ဒကို တရားဥပဒေဘောင်အတွင်း မှ ထုတ်ဖော်ပြသကြသည်။
မိမိတို့သဘောထားကို တင်ပြကြသည်။
ထိုသို့ထုတ်ဖော်ပြသကြရာ၌ မူလဘူတရည်ရွယ်ရင်းက နိုင်ငံကောင်းစား၍ ဖွံ့ဖြိုးတိုးတက်လာစေရန် လူထုလူတန်း စားအားလုံးလွတ်လပ်၍ တရားမျှတသောလူ့ဘောင် စနစ်ကြီးတစ်ရပ်ပေါ်ထွန်းလာစေရန်ဟူသော ကောင်း မြတ်သည့်ကြန်အင်လက္ခဏာကိုအခြေပြု၍ ပြုမူဆောင် ရွက်ခဲ့ကြသောကြောင့် တစ်နည်းပြောရလျှင် နိုင်ငံနှင့် လူမျိုးအေးချမ်း သာယာဝပြောစေရန် ရည်ရွယ်လုပ်ဆောင် သောကြောင့် နူးညံ့သိမ်မွေ့သော အသွင်သဘောဆောင် သည်ဟု ဆိုလိုရင်းပင်ဖြစ်ပါသည်။
တစ်ဖန်နိုင်ငံရေး၏အသွင်သဏ္ဌာန် နိုင်ငံရေး၏စံပေ တံနိုင်ငံရေး၏အနှစ် သာရသဘောတရားထဲတွင် ထိုတော်လှန်ရေးဟူသော စကားရပ်သည် ထဲထဲဝင်ဝင်ပျော်ဝင်နေသည်ကို အထင်း သားတွေ့မြင်ရမည်ဖြစ်ပေသည်။
ထိုသို့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲကြ ရာ၌ လူထုလူတန်းစားတစ်ရပ်လုံး စည်းလုံးညီညွတ်သော အသွင်သဘောဆောင်ယူရန်မှာ လွန်စွာအရေးကြီးလှ ပေသည်။ မည်သို့ပင်နိုင်ငံရေးပွတ်တိုက်မှုများဖြစ်ပေါ် နေစေကာမူ အခြေခံကျကျ အဓိပ္ပာယ်ရှိရှိဆောင်ရွက် လာခဲ့သော မိမိမူလရည်ရွယ်ချက်ပျောက်ကွယ်မသွား စေရန် ကြိုးစားရမည်က လူထုလူတန်းစား တစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ပါတော့သည်။
ထိုတော်လှန်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ခုနှစ် မေ၁၉ရက်နေ့၌ ကျင်းပ ခဲ့သောတိုင်းပြုပြည်ပြုလွှတ်တော်ပဏာမပြင်ဆင်မှုညီ လာခံတွင် မိန့်ခွန်းပြောကြားခဲ့လေသည်။ ဗိုလ်ချုပ်အောင် ဆန်းပြောကြားခဲ့သော မိန့်ခွန်းအာဘော်ကို ဖော်ပြလို ပါသည်။
''တော်လှန်ရေးဆိုတာ အ ကြီးကျယ်ဆုံးပြုပြင်ဖန်တီးတတ်တဲ့သတ္တိရှိပါ တယ်။ တော်လှန်ရေးရဲ့အခြေခံရည်ရွယ်ချက်ကြီးက တော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ ကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှုတစ်နည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြား သလဲဆိုတဲ့အပေါ်မှာတည်ပါတယ်''ဟု ဗိုလ်ချုပ်အောင် ဆန်းကပြောကြားသွားခဲ့သည်။
ထို့အတူဖဆပလဝန်ကြီး ချုပ်ဦးနုကလည်း ၁၉၅၃ခုနှစ် ရှစ်ကြိမ်မြောက် တော်လှန် ရေးနေ့တွင် တော်လှန်ရေးနှင့်ပတ်သက်၍ ယခုလိုပြော ကြားသွားခဲ့ပြန်ပါသည်။
''တော်လှန်ရေးဆိုတာ တခြားမဟုတ်ဘူး။ လူတိုးတက်မှုနဲ့ ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုတို့အတွက် ဒါမှမဟုတ် တိုးတက်မှုနဲ့ ကိုယ်စိတ်နှစ်ဖြာချမ်းသာမှု တို့ရဲ့ဆန့်ကျင်ဘက်တွေဆိုရင် ဝါဒပဲဖြစ်ဖြစ် အကြံအ စည်ပဲဖြစ်ဖြစ် အတွေးအခေါ်အယူအဆပဲဖြစ်ဖြစ် အစိုးရ ယန္တရားကြီးပဲဖြစ်ဖြစ် အဲဒီဆန့်ကျင်ဘက်မှန်သမျှကို အမြစ်ကပါ သုတ်သင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှု ဟာ တော်လှန်ရေးဖြစ်တယ်''ဟု ပြောကြားသွားခဲ့လေ သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုတို့တင်မက ထိုတော် လှန်ရေးနှင့်ပတ်သက်၍ ကမ္ဘာကြီးထဲရှိ စစ်ဘုရင်ကြီးများ တွေးခေါ်ပညာရှင်ကြီးများ၊ သမ္မတများကလည်း အဓိပ္ပာယ် အမျိုးမျိုးဖွင့်ဆိုထားခဲ့ကြလေသည်။ ပြင်သစ်ပြည်မှ စစ် ဘုရင်ကြီးနပိုလီယံက
''တော်လှန်ရေးဆိုတာ သဘော တရားလက္ခဏာရဲ့ လှံစွပ်''ဟု ဖွင့်ဆိုပြောကြားသွားလေ သည်။
တော်လှန်ရေး၏အနက်အဓိပ္ပာယ်၊ တော် လှန်ရေး၏သဘောသဘာဝအား မည်မျှပင်ဖွင့်ဆိုစေ ကာမူ နောက်ဆုံးရလဒ်အဖြေကား နူးညံ့သိမ်မွေ့သည့် အသွင်၌ ရပ်တည်နေမည်သာဖြစ်လေသည်။
နပိုလီယံ တင်မက ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီးကားလ်မတ်က လည်း တော်လှန်ရေးနှင့်ပတ်သက်၍ ''လူ့ဂုဏ်သိက္ခာ အတွက် လက်မောင်းဆန့်တန်းကြွေးကြော်ခြင်းသည် တော်လှန်ရေး''ဟု သရုပ်ခွဲပြသွားခဲ့ပြန်ပါသည်။
လူ့ဂုဏ် သိက္ခာ၏စကားလုံးနောက်ကွယ်၌ အဆင့်အတန်းသို့ တည်းမဟုတ် တည်ငြိမ်လေးနက်မှုများ၊ ငြိမ်သက်အေး ချမ်းခြင်းများပါရှိနေသည်က မည်သူမျှငြင်းမရဟု ထင်မြင် ယူဆမိသည်။
သို့ဆိုပါလျှင် တော်လှန်ရေးသည် ငြိမ်သက် ခြင်းနှင့် ပြည့်စုံသည့် သိက္ခာတရားများပြည့်လျှံနေသည် ဟုဆိုရပါလျှင် လွန်အံ့မထင်။ ထို့အတူရုရှားနိုင်ငံ၏သမ္မတဖြစ်ခဲ့သော ဗီအိုင်လီနင်ကလည်း တော်လှန်ရေး နှင့်ပတ်သက်၍ခပ်ရှရှလေးဖွင့်ဆိုသွားခဲ့ပြန်သည်။
''ပြင်းထန်သော တော်လှန်ရေးမလုပ်နိုင်ဘဲ အရင်းရှင်လူတန်းစားကိုဖျက်သိမ်း၍ လုပ် သားပြည် သူတို့၏နိုင်ငံတော်တည်ထောင်မရ နိုင်''ဟု ပြောကြားခဲ့လေသည်။
တော်လှန်ရေး၏အရင်းခံကျကျအတိမ်အ နက် အတွင်းသားသရုပ်၌ လုပ်သားပြည်သူ(လူထုလူ တန်းစား)တို့သည် အဓိကပင်မရေသောက်မြစ်ကြီးပမာ တည်ရှိနေသည်ကမလွဲဧကန်။ အမှန်တရား တံပိုးမှုတ် သံနှင့်အတူ ရယူရမည့်အောင်ပွဲနောက်ဆုံးပန်းတိုင်ကား နိုင်ငံတော်သစ်ထူထောင်ရန်ပင်ဖြစ်လေသည်။
တရုတ်ပြည်ပေါ်က ကြယ်နီတစ်လုံးဖြစ်ခဲ့သည့် မော်စီ တုံးကလည်း တော်လှန်ရေး၏သရုပ်သကန်တန်ပြန်ရမည့် အချိုးအကွေ့လမ်းတစ်ခုအား ခပ်ကြမ်းကြမ်းလေးဂရု ပြုပြောကြားခဲ့ပါသေးသည်။
''တော်လှန်ရေးဆိုသည်မှာ လူတန်းစားတစ်ခု က လူတန်းစားတစ်ခုကို တော်လှန်ဖယ်ရှားခြင်း''ပါတဲ့။ ခေတ်ဟောင်းစနစ်ဟောင်း နိုင်ငံရေးဥခွံအဟောင်းကြီး ထဲရုန်းထွက်တိုးတိုက်လွတ်မြောက်စေရန် တော်လှန် ရေးပုံရိပ် သူ့ရင်ထဲချိတ်ဆွဲခဲ့သည်က ကြက်သီးထစရာ။ ဤသည်တို့ကား တော်လှန်ရေး နှင့်ပတ်သက်၍ ပုဂ္ဂိုလ်အ သီးသီးတို့၏ ဖွင့်ဆိုချက်များပင်ဖြစ်လေသည်။
မည်သို့ ဖွင့်ဆိုစေကာမူ တော်လှန်ရေး၏အနှစ်သာရကား နူးညံ့ သိမ်မွေ့ခြင်းမှာပင် အဆုံးသတ်စမြဲဖြစ်သည်။ ထိုနူးညံ့ သိမ်မွေ့ခြင်း ပိုင်ဆိုင်ရန်အတွက် ပူလောင်ပြင်းပြသော အဖြစ်သနစ်များကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမည်သာ ဖြစ်ပေသည်။ မြန်မာစကား၌ အရိပ်လိုချင် နေပူကစောင့် ဟူသောစကားရှိပါသည်။
နိုင်ငံရေးအခင်းအကျင်း ခေတ်စနစ်တလင်း မည်မျှပင်ကြမ်းတမ်း ခက်ထန်နေစေကာမူ တော်လှန်ရေး ဟူသည့်ပြုပြင်ပြောင်းလဲမှုက လူထုလူတန်းစားတစ်ရပ် လုံးအတွက် ပုံဆောင်ခဲကြီးပမာဖြစ်တည်နေသည်က အသေအချာပင်ဖြစ်လေသည်။
ဆိုရပါလျှင် ဒိဋ္ဌဓမ္မအ ကျိုးတရားသက်ရောက်မှုနံရံကြား တော်လှန်ရေးအမှန် တရားအုတ်မြစ်ခိုင်ခိုင်မာမာချနိုင်ခဲ့လျှင်မူ သာယာသော လူ့ဘောင်စခန်းသို့ မလွဲမသွေလျှောက်လှမ်းနိုင်မည်မှာ သေချာသောကိစ္စတစ်ရပ်အဖြစ် ရှုမြင်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
#TheFlowerNews
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

No comments:
Post a Comment