လင်းမြတ် ၊ ရန်ကုန်၊
မြန်မာနိုင်ငံရှိ လူတစ်ရာလျှင် ခုနှစ်ဆယ့်ငါးဦးခန့်မှာ ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပ ဒေပြဋ္ဌာန်းထားကြောင်းကိုမသိရှိကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှား မှုကော်မတီဗဃီ ကထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြသည်။
ယင်းအစီရင်ခံစာအား ၂ဝ၁၄ ဒီ ဇင်ဘာ၇ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ခုနှစ် ဇွန်လနှင့်သြဂုတ်လများ တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုးခု တို့မှ လူပေါင်း ၁၆ဝဝကျော်အား မေး မြန်းစစ်တမ်းကောက်ယူကာ အစီအ ရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်တမ်းကောက်ယူချိန်တွင် အ ဆိုပါ ရပ်/ကျေးဥပဒေထုတ်ပြန်ထား ကြောင်း လုံးဝမသိသူ ၇၅ဒသမ ၅၄ ရာခိုင်နှုန်း၊ ဥပဒေထုတ်ပြန်ကြောင်းသိ သူ ၁၆ဒသမ၂၇ရာခိုင်နှုန်းနှင့်ဥပဒေ အား အတော်အသင့်နားလည်သိရှိသူ ၉ဒသမ၁၇ရာခိုင်နှုန်းရှိနေကြောင်း အ ဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။
''အဓိကတော့ အစိုးရရဲ့ဖြန့်ဝေမှု၊ အသိပေးမှု၊ မီဒီယာသုံးနှုန်းမှုတွေနည်း တာပေါ့''ဟု ACDD ကွန်ရက်ခေါင်း ဆောင် ကိုရဲကျော်သူက ဆိုသည်။
ရပ်ကျေးဥပဒေထုတ်ပြန်ထား ကြောင်းသိရှိသူအများစုမှာ မီဒီယာဖြန့် ဝေမှုအားကောင်းသည့်မြို့များတွင် နေ ထိုင်ကြသူများဖြစ်ပြီး ရန်ကုန်တွင် ၅၁ ရာခိုင်နှုန်းခန့်က ယင်းဥပဒေကိုသိရှိကြ ကြောင်း ကိုရဲကျော်သူက ရှင်းပြသည်။
ပဲခူးတိုင်းတွင် ဥပဒေအားသိရှိနား လည်သူ နှစ်ရာခိုင်နှုန်းကျော်ကျော်သာ ရှိနေပြီး ပဲခူးတိုင်းအနောက်ဘက်ခြမ်း ရှိ မြို့တချို့တွင် ရပ်/ကျေးဥပဒေအား စိတ်ဝင်စားမှုနည်းပါးသည်ကို တွေ့ရ သည်ဟု ကိုအောင်မြင်က ဆိုသည်။
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုကော်မတီ ACDD တွင် လူ မှုရေး၊ နိုင်ငံရေးလှုပ်ရှားသည့်ကွန်ရက် ၁၈ခု ပူးပေါင်းပါဝင်နေပြီး ရပ်/ကျေး ဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်း သည်ကို ပြည်သူများသိရှိသည့်အတိုင်း အတာ၊ ကျေးရွာရပ်ကွက်အတွင်း ဆယ် အိမ်မှူးရွေးချယ်သည့်စနစ်နှင့် တစ်အိမ် ထောင်လျှင် တစ်ယောက်နှုန်း မဲပေး ရသည့်စနစ်များအပေါ်သဘောထား အမြင်များ စစ်တမ်းကောက်ခံခဲ့ခြင်း ဖြစ်သည်။
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
No comments:
Post a Comment