နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦး တွေ့ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို နိုင်ငံတော်သမ္မတက လက်ခံတွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ အကြောင်း ပြန်လာခဲ့ရင် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် နောက်ဆက်တွဲ ပြဿနာတွေ ပေါ်လာနိုင်တယ်လို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုပါတယ်။
ခေါင်းဆောင် ၁၂ ဦးတွေ့ဖို့ တိုက်တွန်း ပြောဆိုလာတာဟာလည်း နိုင်ငံရေးအရ သံသယဖြစ်စရာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီသံသယဖြစ်စရာ အချက်တွေကိုတော့ ဦးအေးမောက်က ရှင်းလင်းပြောဆိုခြင်း မရှိပါဘူး။
လက်ရှိမှာတော့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ကော်မတီဟာ ဥပဒေကြမ်းရေးဖို့ ဥပဒေပညာရှင်တွေဆီ ပို့ထားပြီး ဒီဥပဒေကြမ်း ဖြစ်မြောက်ရန် လွှတ်တော်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဦးအေးမောက်က ဆက်လက်ပြောပါတယ်။
ခြောက်ပွင့်ဆိုင် တွေ့ဖို့ အတွက် အစိုးရနဲ့ လွှတ်တော်ကြား မပြေလည်မှုတွေ ရှိနေပေမယ့်လည်း ဥပဒေကြမ်းရေးဆွဲမှုကို နှောင့်နှေး ကြန့်ကြာစေမှာ မဟုတ်ဘူး လို့လည်း သူက ထပ်လောင်းဆိုပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment