စစ်ကိုင်းတိုင်းဒေသကြီး အောင် ချမ်းသာကျေးရွာမှ သိမ်းဆည်းခံထား ရသည့် မန္တလေး-မုံရွာကားလမ်း မဘေးရှိ ဝါစိုက်ခင်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် မစွန့် လွှတ်သော လယ် ယာမြေများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လျော် ကြေးပေးရန်၊ တောင် သူလယ်သမား အခွင့်အရေးများ တာဝန်ရှိသူများ က လေးစားရန်၊ စွန့်လွှတ်လယ်ယာ မြေများအတွင်းမှ ဧက ၉ဝအား ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲသင်တန်းကျောင်းအတွင်း ထပ်မံ မသိမ်းဆည်းရန်၊ မစွန့်လွှတ် သော လယ်ယာမြေများအတွက် သက် ဆိုင်ရာဝန်ကြီးဌာနမှ လျော်ကြေး ပေးရန်၊ နိုင်ငံတော်မှ လယ်ယာမြေ ဥပဒေကို လေးစားလိုက်နာရန်၊ တောင်သူလယ်သမား အခွင့်အရေး အား တာဝန်ရှိသူများက လေးစား ရန် စသည့်စာသားပါဗီနိုင်းများ ကိုင် ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။
''၁၉၉၄ခုနှစ်က သိမ်းဆည်းခဲ့ တဲ့ လယ်ယာမြေတွေထဲက မြေ ၆၄၉ဒသမ၇၉ဧကကို ပြန်လည်ပေး ခဲ့သော်လဲ ပြည်ထဲရေးဝန်ကြီးဌာန
မှ ရဲသိပံ္ပကျောင်းဆောက်ရန်အ တွက်ဆိုပြီး ဧက ၉ဝပြန်လည်သိမ်း ဆည်းခဲ့ခြင်းကြောင့် ယခုလို ဆန္ဒပြ တာဖြစ်ပါတယ်၊ သူတို့လက်ရှိ သိမ်း ထားတဲ့ေ နရာအတွက် မြေယာလျော် ကြေး လိုချင်ပါတယ်၊ စစ်ကိုင်းတက္က သိုလ်မြေနေရာကလဲ အခုဆန္ဒပြတဲ့ တောင်သူ ရဲ့ မြေနေရာဖြစ်တဲ့အတွက် မြေ နေရာပြန်တောင်းတာကိုလဲ ထပ်လုပ်ရမှာပါ''ဟု မြင်းမွေးကျေး ရွာမှ တောင်သူတစ်ဦးက ပြောသည်။
ဒေသခံတောင်သူများသည် လက်ရှိအမှန်တကယ် အသုံးပြုထား သည့်မြေနေရာတွက် မြေယာလျော် ကြေးပြန်လည်ရရှိပြီး ပြန်လည်ပေး အပ်ခဲ့သည့် မြေထဲမှ ပြန်လည်သိမ်း ဆည်းခဲ့သည့် သက်ဆိုင်ရာမှ တာ ဝန်ရှိသူများကို ကန့်ကွက်သည့်အနေ ဖြင့် တောင်သူလယ် သမားများက ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ပြီး အလားတူ အနီး ဝန်ကျင်ရှိ မတရားသိမ်းဆည်းခံခဲ့ရ သည့်မြေနေရာအတွက် တောင်းဆိုမှု များ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
AXE
#Democracytoday

No comments:
Post a Comment