Wednesday, December 10, 2014

စင်ကာပူနိုင်ငံမှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်နှင့် ငှက်များ ပဲခူးအနီး တိုက်မိ၊ လေယာဉ်၏ ဦးထိပ်ပိုင်း ပေါက်ပြဲဒဏ်ရာရ

 ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လည် ၃ နာ၇ီခန့်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်
သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်းပိုင် လေယာဉ်
ခရီးစဉ် အမှတ် 8M-232 ၊ လေယာဉ်အမျိုးအစား ဘိုရင်း A-319 လေယာဉ် သည် ရန်ကုန်လေဆိပ်သို့မရောက်မီ (၁၀)မိနစ်ခန့်အလို ပဲခူးမြို့ပေါ် ပေ (၄၀၀၀) ခန့် အမြင့်မှ ပျံသန်းနေစဉ် ငှက်များနှင့် တိုက်မိ ၍ လေယာဉ်၏ ဦးထိပ်ပိုင်း၌ (၁)ပေ ပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း(၈)ဦးနှင့် ခရီးသည် (၁၂၀)ဦး
လိုက်ပါလာကြောင်းသိရှိရပြီး လေယာဉ်မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့
ကြောင်းသတင်းရရှိသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် လေယာဉ်မှုးများ ထိလန့်သွားခဲ့သော်လည်း ခရီးသည်များအန္တရာယ်တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သတင်း ရရှိ ပါသည်။ လေယာဉ်နှင့် တိုက်မိသည့် ငှက်အမျိုး အစားအား စုံစမ်းဆဲ ဖြစ်သည်။

Ref - Yangon Police

The Ladies News Journal


 

 

No comments:

Post a Comment