အဆိုပါ မတ်တော်မူသည် ကမ္ဘာ့ပေါ်တွင် အမြင့်ဆုံး ဗုဒ္ဓ ရုပ်ပွားတော် ဖြစ်သည်ဟု CNN က ဆိုသည်။ အထပ်ပေါင်း ၃၁ ထပ် ထည့်သွင်းတည်ဆောက်ထားပြီး ခြေတော်မှ ပေပေါင်း ၃၈၀ မြှင့်မားသည်ဟု ဆိုသည်။
ကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ Space Station မှ နေ၍ မှန်ပြောင်းမလိုပဲ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တို့ ကို မြင်နိုင်မည် ဖြစ်သည်။
လေးကျွန်းစင်္ကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်ကို ၂၀၀၈ ခုနှစ်က အပြီးအစီး တည်ဆောက်နိုင်ခဲ့သည်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးမှာ ၂၀၀၆ ခုနှစ် ပျံလွန်တော်မူခဲ့သည်။
CNN Travel မှ သင်သည် မည်သည့်ဘာသာဝင် ဖြစ်စေကာမူ နိုင်ငံတနိုင်ငံသို့ သွားရောက် လည်ပတ်ပါက အဆိုပါနိုင်ငံရှိ အံ့ဖွယ်ရာ ဒေသများ အဆောက်အဦ များ ရှိရာသို့ သွားရောက် မည် ဖြစ်သည်ဟု ဆိုသည်။
ဆရာတော်ဘုရားကြီး၏ အမျှော်အမြင်ကြီးမားမှုကြောင့် မုံရွာဒေသ ကို ကမ္ဘာက သိလာရုံမျှမက အာကာသမှပင် မြင်နိုင်ပြီ ဖြစ်သည်။
The Ladies News Journal


No comments:
Post a Comment