– ထက်မြက်
ကာချုပ်က တပ်မတော်သည် နောက်ကြောင်းပြန်မလှည့်၊ ဒီမိုကရေစီကို အကာအကွယ်ပေး သွားမည်ဟု ဆိုခဲ့ သည်။ ကာချုပ်၏ ဒီမိုကရေစီကို အကာအကွယ်ပေးသွားမည် ဆိုသော စကားနှင့် ပုဒ်မ ၄၃၆ ကို မပြင်နိုင်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်သွားမည်ဆိုသော စကားများ ၀ိရောဓိဖြစ်နေ . . . ကာချုပ်အနေဖြင့် ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းပါမည်ဆိုပါက ပထမ ဆုံးခြေလှမ်းအဖြစ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို သဘောတူလိုက်ပါ . . .
~~~~~~~~~~~~~~~~~~~~~~~~~~
ယခုနိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်း အဝေးမှာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ် ဦးစံပြည့်က-
““ပုဒ်မ ၄၃၆ အရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင် ရန် ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကသဘောမတူဘူး ဆိုရင် မည်သည့်ပုဒ်မမှ မပြင်ဆင်နိုင်သလို ပိတ်ဆို့ တားမြစ် သလို ဖြစ်နေပါ တယ်။ ဒါဟာ တပ်မတော်အပေါ် ပြည်သူတွေက အထင် အမြင် မှားစေဖို့ ပြဋ္ဌာန်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သင့်ပါ တယ်။ အထိုက် အလျောက် ဖြေေ လျှာ့သင့်ပါတယ်။
လက်ရှိအခြေအနေ အချိန်အခါအရ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေပုဒ်မတွေကို ပြင် ဆင်နိုင်ဖို့ အလွန်ကို အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြင် သင့်တာ ပြင်၊ ပယ် ဖျက်သင့်တာ ပယ်ဖျက် ရဖို့ လိုအပ်ပါတယ်””ဟု ဆွေးနွေးတင်ပြသွားခဲ့ပါသည်။ ပြည်ခိုင်ဖြိုးပါတီလွှတ် တော် အမတ် ဦးစံပြည့်၏ အဆိုပါတင်ပြ ချက်ကို လေးလေးနက်နက်ထောက်ခံလိုပါ သည်။ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ)ကို မပြင် သင့်ကြောင်း စစ်တပ်ကိုယ်စားလှယ်များက လွှတ်တော်ထဲတွင် မကြာခင်က ဆွေးနွေး ပြော ဆိုသွားခဲ့ ၏။ ပြည်သူ များကြားတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး နိုင်ငံရေးသမား များကြားတွင်လည်း လက်မခံနိုင်ကြောင်း ပြော ဆိုခဲ့ကြလေသည်။…
မကြာခင် ရက်ပိုင်းကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် အသံလွှင့်ဌာန (VOA) နှင့် ပုဒ်မ ၄၃၆ကို တပ်မတော်က စောင့်ရှောက်သွားမည်။ ပုဒ်မ ၄၃၆ ကို ပြင်ဆင် မပေး နိုင်ဟု ပြောဆိုသွားသည်ကိုလည်း ကြား ရပါသည်။ တိုင်းရင်းသားလူမျိုးများကြား၊ တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့အစည်းများကြား၊ နိုင်ငံရေးပါတီများကြားတွင် တော်တော် ဂယက်ရိုက်သွားသည်။ တပ်မတော်က ပုဒ်မ ၄၃၆ ကို မပြင်ပေးဘူးဆိုလျှင် ပုဒ်မ ၄၃၆ မှာ ယခုအတိုင်းရှိနေပြီး ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ကို ကြေညာလိုက်သလိုလည်း ဖြစ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် လွှတ်တော် ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်မှသာလျှင် ဖွဲ့စည်းပုံ ကို ပြင်ဆင်ခွင့်ရှိသည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံ ပါ ပြဋ္ဌာန်းချက်အရ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူက ရွေးချယ်သော အမတ်များဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ ကာချုပ်က ခန့်သော ကိုယ်စားလှယ်များ ဖြစ်နေသောကြောင့် ကာချုပ်က ပြင်ဆင်ရန် ထောက်ခံမှု၊ ၂၅ ရာခိုင်နှုန်းက ပါဝင် ပတ်သက်မှုတို့ဖြင့်သာ ဖွဲ့စည်းပုံကို ပြင်နိုင်သောေ ကြာင့် စစ်တပ်က လက်မခံလျှင် ဖွဲ့စည်းပုံပြင်နိုင်စရာ အကြောင်း မရှိတော့ပေ။ ယခုစစ်တပ် ကိုယ်စားလှယ်များက မပြင်လိုကြောင်း လွှတ်တော်ထဲတွင် ပြောဆိုပြီး နောက် ကာကွယ်ရေးဦးစီးချုပ်ကလည်း VOA ကို ပုဒ်မ ၄၃၆ ကို ကာကွယ်သည့်အနေဖြင့် ပြင်ဖို့မဖြစ်နိုင် ကြောင်း အတိအလင်း ပြောကြားသွားလေသည်။
ကာချုပ်က ပုဒ်မ ၄၃၆ မပြင်နိုင်ဟု ပြောဆိုလိုက်သည်မှာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ယခုတိုင်တည်ရှိနေ သည်ဆိုသော သဘောပင်။ သို့သော် စာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် တွေ့ဆုံစဉ် ကမူ ကာချုပ်က တပ်မတော် သည်နောက် ကြောင်းပြန်မလှည့်၊ ဒီမိုကရေစီကို အကာအကွယ်ပေး သွားမည်ဟု ဆိုခဲ့သည်။ ထို့ ကြောင့် ကာချုပ်၏ ဒီမိုကရေစီကို အကာ အကွယ်ပေးသွားမည် ဆိုသောစကားနှင့် ပုဒ်မ ၄၃၆ ကို မပြင်နိုင်၊ ၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်သွားမည်ဆိုသောစကားမှာ ယခင် မဆလပါတီ၏ ဝေါဟာရ အရ ၀ိရောဓိဖြစ်နေသည်။ ပြည်သူများ၏ စကားအရဆိုလျှင် လုံးဝခြားနားနေခြင်း ဖြစ်ပါသည်။
ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီအတွက် ရေးဆွဲထားသော ဖွဲ့စည်းပုံဥပဒေဖြစ်ပါသလား၊ စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမို ကရေစီကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ကို ပြန်အသက်သွင်းရေး၊ စစ်တပ် ပဓာန ဖွဲ့ စည်းပုံဖြစ်နေသောကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံကို မပြင်ဘဲ ထိုဖွဲ့စည်းပုံအတိုင်း ရှေ့ဆက်ချီတက်မည်ဆိုလျှင် ဒီမို ကရေစီနှင့် ဝေးသထက်ဝေးနေမည် ဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မည်ဆိုလျှင် ပုဒ်မ ၄၃၆ကို အရင် ဆုံး ပြင်ဆင်ရပေမည်။ ယခုအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လက်မှတ် ရေးထိုးဖို့ လိပ်ခဲ တည်းလည်း ဖြစ်နေသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ဖြစ်လေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၀၈ ဖွဲ့စည်းပုံမပြင်လျှင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးနိုင်ဟု ဆိုသလို စစ်တပ်ကလည်း တည်ဆဲ ဥပဒေများနှင့် ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်ပြု လေး စားလိုက်နာရမည်ဟု အခိုင်အမာ ပြောဆို ထားလေ သည်။ ထိုအတိုင်းသာဆိုလျှင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရော အပစ် အခတ်ရပ် စဲရေးကိုပါ အဟန့်အတား ပေးပြီး ပြည်တွင်းစစ်ကြီး ဆက်လက်တာ ရှည်နေမည်မှာ ၂၀၀၈ ဖွဲ့စည်း ပုံကြောင့် ဖြစ်နေပါတော့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ပြည်သူလူထုက မိမိတို့ ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ မဟုတ်ဘဲ ကာချုပ်က သူ့သဘော ဆန်္ဒနှင့် ရွေးချယ် လိုက်သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေခြင်းမှာ ဒီမိုကရေစီကျပါသလား။ ကာချုပ် အနေဖြင့် ထိုသတ်မှတ်ထားသော ဥပဒေများမှာ ဒီမိုကရေစီနိုင်ငံများတွင်ရှိသည်ဟု အခိုင်အမာပြောနိုင်ပါသလား။ ထို ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်များသည် ဒီမိုကရေစီကို ထိန်းသိမ်းထားသော မဏ္ဍိုင်များဖြစ်သည်ဟု ယူဆပါသလား။ ထိုသို့ ယူဆလျှင် မှားနေပါသည်။ ဒီမိုက ရေစီစံနှုန်းများအရဆိုလျှင် ပြည်သူလူထုက လုံးဝရွေး ချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များကသာလျှင် တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ် ရေး ဆိုသော မဏ္ဍိုင်ကြီး ၃ရပ်ကို စီမံခန့်ခွဲခွင့်ရှိပါသည်။
တပ်မတော်ကလည်း ထိုကိုယ်စားလှယ်များက ရွေးချယ် သော အစိုးရအဖွဲ့၏ အကြီးအကဲသမ္မတ သို့မဟုတ် ၀န်ကြီးချုပ်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိရမည်။ ကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာလည်း ရှိရမည်။ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ထုတ်ပယ်ခွင့်ရှိ သလို ကာ/လုံကိုလည်း ဖျက်သိမ်းခွင့်ရှိသည်။ သူရွေးချယ် ထားသော လူများနှင့် ကာ/လုံ ကို ဖွဲ့စည်းခွင့်ရှိ၏။ သမ္မတ သည် အာဏာပိုင်ဖြစ်ပြီး ထိုသမ္မတကို ရွေးချယ်ခန့် အပ်သော ပြည်သူလူထုမှာလည်း အာဏာပိုင် ဖြစ်သွားလေ တော့သည်။ ထို့ကြောင့် ၂၅ ရာခိုင်နှုန်းသော ဆွဲခန့်လွှတ်တော်အမတ်များမှာ ဒီမိုကရေစီ အမတ်များ မဟုတ်။ စစ်တပ်ကိုယ်စားလှယ်များ ဖြစ်နေသောကြောင့် ထို ၂၀၀၈ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မကျပေ။
ကာချုပ်မှာ ထို အခြေအနေကို သိလျှင် အလေးအနက်ထား ဖြေရှင်းသင့် ပေသည်။ ထို့ကြောင့် စစ်တပ်ကို အသား ပေးသော ပုဒ်မ ၄၁၀၊ ပြည်သူ့ကိုယ် စားလှယ်များအထက်တွင်ရှိသော ကာ/လုံ အဖွဲ့တို့မှာ ဒီမိုကရေစီနည်း ကျသည်ဟု ယုံကြည်ပါသလား။ လွယ်လွယ်ရှင်းရှင်း ပြောရလျှင် ပြည်သူ့ဆန်္ဒကို ဆန့်ကျင်ပြီး ပြည်သူ များက ရွေးချယ်တင် မြှောက်ခြင်း မရှိသော ကိုယ်စားလှယ်များ၊ အဖွဲ့များ၊ လုပ်ထုံးလုပ်နည်းများသည် ဒီမိုကရေစီ ကို ဆန့်ကျင်သော ပြဋ္ဌာန်းချက်များဖြစ်နေ၍ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကျသော ဖွဲ့စည်းပုံမဟုတ် ဟု ပြောလိုက်ခြင်းဖြစ်ပါ သည်။ ယခုအခါ NLD က ပုဒ်မ ၄၃၆ ကိုပြင်ဖို့ လွှတ်တော်ထဲ တင်ပြဆွေးနွေးကြပါသည်။
ထိုသဘောထားမှာ NLD တစ်ပါတီတည်း၏ သဘောထား မဟုတ်။ ယခု လက်မှတ်ရေးထိုးကြသော လူထု ၅သန်း၏ သဘောထား၊ မြန်မာပြည်သူလူထု အများတကာ့ အများစု၏ သဘောထား ဖြစ်ပါသည်။ တချို့ နိုင်ငံရေးဝေ ဖန်သုံးသပ် သူများ က NLD သည် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ဖို့ ကြိုးစားနေသည်။ သူရဦးရွှေမန်းမှာ လည်း ၄၃၆ ပြင်ဆင် ရေးမှာ သမ္မတနှင့် ကာချုပ်တို့အပေါ် မူတည်သည်ဟုဆိုကာ ရန်တိုက်ပေးနေသည်ဟု သုံးသပ်ဝေဖန်ထား၏။ ထို ဝေဖန်သုံးသပ်သူက ပုဒ်မ၄၃၆သည် တပ်မတော်ခေါင်း ဆောင်များနှင့် တပ်မတော်တစ်ခုလုံး၏ ကံကြမ္မာဖြစ် နေပါသည်ဟုလည်းကြောင်း ကျိုးဆက်စပ်မဲ့စွာ ရေးသားနေသည်ကိုလည်း ဖတ်ရ၏။ တပ်မတော်သည် တပ်မ တော်၏အခန်းကဏ္ဍတွင်ရှိပါသည်။
တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွား၍လည်း နိုင်ငံ တော်ကာကွယ် ရေးနေရာတွင် တပ်မတော်မှာ ရှိနေပါ သည်။ ထိုဝေဖန် သုံးသပ်ရေးသားသူ ကိုယ်တိုင်တပ်မ တော်ကို ချောက်ထဲရောက်အောင် အထင်အမြင် သဘောထားပေးနေသည်မှာ တာဝန်ကြီးလှပါသည်။ တပ်မ တော်သည် နိုင်ငံတွင် အရေးကြီးသော အင်စတီကျူးရှင်းတစ်ခုဖြစ်၏။ ယခုဆွေးနွေးနေ ကြသည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံသည် သူ့နေရာနှင့်သူထားသော ဖွဲ့စည်းပုံမဟုတ်၍ တပ်မတော်ကို သူ့နေရာသူပြန်သွားအောင် ပြောဆိုနေ ကြခြင်းဖြစ်ပါသည်။ တိုင်းပြည် ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသောကဏ္ဍများတွင် ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီမကျသော အဟန့်အတား တစ်ခုဖြစ်၍ ပြင်ဆင်ပေးရန်တောင်း ဆိုနေကြခြင်းဖြစ်ပါ သည်။
ဒီမိုကရေစီ နားလည်သော၊ ဒီမိုကရေစီဘက်တွင် ရပ်တည်သော လူမှန်လျှင် စစ်တပ်သည် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးဘက်တွင်သာ ရှိသင့်သည်ကို နားလည်ရပေမည်။ စစ်တပ်၏ ကံကြမ္မာကို ရွေးကောက်ခံ အမတ်များက ဖျက်ဆီးပစ် လိုက်သည်ဟုယူဆနေလျှင် ထိုလူ၏နိုင်ငံရေးမှာ စဉ်းစားစရာဖြစ်နေပေမည်။ ယခု ပြောနေသည်မှာ လောလောဆယ် ၂၅ ရာခိုင်နှုန်း ဖယ်ရှားပေးရေး ပြောနေခြင်း မဟုတ်။ သို့သော် တစ်ချိန်ချိန် တွင်ကား စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ ရှိကိုရှိမနေသင့်ပေ။ ထိုစစ်တပ်ကိုယ်စား လှယ်များ နည်း နည်းရှိလျှင် နည်းနည်းစွက်ဖက်ပြီး များများရှိလျှင် များများစွက်ဖက်မှု ဖြစ်နေပေမည်။
ထို့ကြောင့် ပုဒ်မ ၄၃၆ ကို တစ်မတ်ပြင်ပါ။ တစ်ကျပ်ပြင်ပါနှင့် မူးလျှော့၊ မတ်လျှော့ ညှိနှိုင်းနေစရာမလိုပေ။ ပုဒ်မ ၄၃၆မပြင်ဟု စစ်တပ်က အခိုင် အမာပြောဆိုနေလျှင် ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီဖွဲ့စည်းပုံမဟု တ်တော့။ နိုင်ငံရေး သုံးသပ်သူပင်ဆိုဆို၊ နိုင်ငံရေးဆောင်းပါးရှင်ပင် ပြောပြော ဒီမိုကရေစီဘက်တော် သားမဟုတ်တော့ပေ။ ယခုပြောဆိုခဲ့သော ပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်ကဲ့သို့ နိုင်ငံရေးအမြင်ကျယ်၊ သဘော ထားကြီးသောသူမဟုတ်ဘဲ စစ်အာဏာရှင် ကိုယ်စားလှယ်များသာ ဖြစ်သွားပေတော့မည်။ ထို့ကြောင့် ကာ ကွယ်ရေးဦးစီးချုပ်အနေဖြင့် ဒီမိုက ရေစီကို ဆန့်ကျင်သော၊ ပြည်တွင်းငြိမ်းချမ်းရေးကို အဟန့် အတား ဖြစ်စေသော ပုဒ်မ ၄၃၆ ကို အမြန်ဆုံးပြင် ဆင်ပေးဖို့ သဘောတူရန် တောင်းဆိုလိုက် ရပါသည်။ ကာချုပ် အနေဖြင့် ဒီမိုကရေစီကို ကာကွယ်ထိန်း သိမ်းပါ မည်ဆိုပါက ပထမ ဆုံးခြေလှမ်းအဖြစ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိုသဘော တူလိုက်ပါ။ လူသာဓုခေါ် နတ်သာဓု ခေါ်သောလုပ်ရပ်အဖြစ် ကာချုပ်ကို ပြည်သူလူထုက ယခုကျေးဇူး တင်မှာ ဖြစ်သလို နောင်သမိုင်းတွင်လည်း ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး အဖြစ် ကျေးဇူး တင်ဂုဏ်ပြုနေ မည်ဖြစ်ပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment